မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇန်. ၁၅
“ကျွန်တော်တို့ချလိုက်တဲ့ ဆုံးဖြတ်ချက်များစွာဟာ ကျွန်တော်တို့အသက်တာအပေါ် များစွာအကျိုးသက်ရောက်မှုရှိတယ်။ ပညာမဲ့တဲ့ဆုံးဖြတ်ချက်တွေမချမိအောင် ဘယ်အရာက ကျွန်တော်တို့ကို ကူညီပေးနိုင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် သုတ္တံ ၃:၆ ကိုဖတ်ပါ။] ဒီလထုတ် ကင်းမျှော်စင် က ပညာရှိတဲ့ဆုံးဖြတ်ချက်တွေချရာမှာ ကျွန်တော်တို့ကိုကူညီပေးနိုင်တဲ့ ကျမ်းစာအခြေပြု လမ်းညွှန်ချက်ငါးချက်ကို ဖော်ပြတယ်။”
နိုးလော့! နို. ၈
“‘ကျွန်တော် နေမကောင်းဘူးလို့’ ဘယ်သူမှမပြောတော့မယ့် အချိန်တစ်ချိန်ရောက်လာမယ်လို့ ကျမ်းစာပရောဖက်ပြုချက်က ဖော်ပြပါတယ်။ [ဟေရှာယ ၃၃:၂၄ ဖတ်။] အားရစရာမကောင်းဘူးလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒါပေမဲ့ အခုခေတ်လူသားတွေဟာ အေအိုင်ဒီအက်စ် ကပ်ရောဂါအပါအဝင် ရောဂါဝေဒနာများစွာ ခံစားနေရတယ်။ အေအိုင်ဒီအက်စ် အဆုံးတိုင်ပါဦးမည်လော ဆိုတဲ့မေးခွန်းကို ဒီလထုတ် နိုးလော့! က ဖြေဆိုပေးပါတယ်။”
ကင်းမျှော်စင် ဖေ. ၁
“ကျွန်တော်တို့အားလုံး တစ်ချိန်မဟုတ်တစ်ချိန်မှာ ယုံကြည်အားထားမှု စော်ကားခံခဲ့ကြရတယ်။ ‘ငါယုံကြည်အားထားနိုင်တဲ့သူ တစ်ဦးဦးရှိပါ့မလား’ ဆိုပြီး ကိုယ့်ကိုယ်ကို မိတ်ဆွေမေးဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် သုတ္တံ ၃:၅ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းက ဘုရားသခင်ကို ကျွန်တော်တို့ ဘာကြောင့် အပြည့်အဝယုံကြည်အားထားနိုင်တယ်ဆိုတာ ရှင်းပြတယ်။ ဘယ်လိုလူဟာ ကျွန်တော်တို့ရဲ့ ယုံကြည်အားထားမှုနဲ့ ထိုက်တန်၊ မထိုက်တန် ဆုံးဖြတ်နိုင်ပုံကိုလည်း သုံးသပ်ထားတယ်။”