ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၀၂ စာ. ၁
  • အထူးစည်းဝေးပွဲနေ့အစီအစဉ်သစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အထူးစည်းဝေးပွဲနေ့အစီအစဉ်သစ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • အထူးအစည်းအဝေးနေ့အစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • အထူးအစည်းအဝေးနေ့အစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • ၂၀၁၀ ပြည့်နှစ်အတွက် အထူးစည်းဝေးပွဲနေ့အစီအစဉ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • အထူးအစည်းအဝေးနေ့အစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နဓ ၈/၀၂ စာ. ၁

အထူးစည်းဝေးပွဲနေ့အစီအစဉ်သစ်

၁ လူထုဆက်သွယ်ရေးနှင့် လောကပညာရှင်များက ရုပ်ပစ္စည်းကြွယ်ဝမှုကိုအမွှမ်းတင်စဉ် ဘုရားသခင့်နှုတ်ကပါဌ်တော်သည် ‘ကောင်းမှုများနှင့်ကြွယ်ဝ’ ရန် ကျွန်ုပ်တို့ကိုတိုက်တွန်းသည်။ (၁ တိ. ၆:၁၈၊ သမ) ၎င်းသည် ၂၀၀၂ ခုနှစ် စက်တင်ဘာလတွင်စတင်မည့် အထူးစည်းဝေးပွဲနေ့အစီအစဉ်၏ အဓိကအချက်ဖြစ်သည်။ ဤစည်းဝေးပွဲတွင် မည်သည့်အားပေးမှုကို ကျွန်ုပ်တို့ရရှိကြမည်နည်း။

၂ တိုက်နယ်ကြီးကြပ်မှူးသည် “ဘုရားသခင့်ရှုထောင့်မှကြွယ်ဝ” ခြင်း၏အဓိပ္ပာယ်ကို ဆွေးနွေးမည်ဖြစ်ကာ ဝိညာဉ်ရေးကြွယ်ဝရန် ကြိုးစားနေသူအချို့ကို လူတွေ့မေးမြန်းမည်ဖြစ်သည်။ ဧည့်ဟောပြောသူသည် ထိုနေ့ သူ၏ပထမဆုံးဟောပြောချက်တွင် ဘုရားသခင့်လူမျိုးသည် “ဤရိတ်သိမ်းရာကာလတွင် ကောင်းမှုများ” ကိုမည်သို့ပြုနေကြောင်း တင်ပြမည်ဖြစ်သည်။ ကျွန်ုပ်တို့တစ်ဦးစီသည် ယနေ့ပြီးမြောက်လျက်ရှိသော ဘုရားပေးရိတ်သိမ်းခြင်းလုပ်ငန်းတွင် ပို၍အပြည့်အဝပါဝင်နိုင်ပုံကို သုံးသပ်ကြရန် အားပေးခံရမည်ဖြစ်သည်။

၃ ဝိညာဉ်ရေးကြွယ်ဝရန်ကြိုးစားနေသော ခရစ်ယာန်လူငယ်များကို တွေ့ မြင်ရသည့်အခါ ကျွန်ုပ်တို့ မည်မျှဂုဏ်ယူဝမ်းမြောက်ကြသည်ဖြစ်ခြင်း! ယင်းက ယေဟောဝါ၏ဘုန်းတော်ကို ထင်ရှားစေကာ အနာဂတ် လုပ်ငန်းတော်အခွင့်အရေးများအတွက် အုတ်မြစ်ကောင်းချရန် လူငယ်တို့ကိုကူညီပေးသည်။ “ယေဟောဝါအားချီးမွမ်းရာတွင် ကောင်းမှုများအတွက် လူငယ်တို့ကိုချီးမွမ်းခြင်း” ဟူသောအပိုင်းက ဒေသခံခရစ်ယာန်လူငယ်များပြုနေသည့် ကောင်းမှုများကို ပေါ်လွင်စေပါလိမ့်မည်။

၄ ကောင်းမှုများ ဆက်၍ပြုနေခြင်း၏ရလဒ်များကား အဘယ်နည်း။ ဧည့်ဟောပြောသူသည် “ကောင်းမှုများဆက်၍ပြုကာ ယေဟောဝါ၏ကောင်းချီးများကို ရိတ်သိမ်းပါ” ဟူသော သူ၏နောက်ဆုံးဟောပြောချက်တွင် ယင်းကိုဆွေးနွေးပါမည်။ သူသည် ကြွယ်ဝသောကောင်းချီးများကို ကျွန်ုပ်တို့ရိတ်သိမ်းရမည့် ဤကဏ္ဍလေးခုကို သုံးသပ်ပါမည်– (၁) တစ်ဦးချင်းစီအနေနှင့်၊ (၂) မိသားစုများအနေနှင့်၊ (၃) အသင်းတော်အနေနှင့် (၄) ကမ္ဘာချီအဖွဲ့အစည်းအနေနှင့်ဖြစ်သည်။

၅ ယေဟောဝါထံ ဆက်ကပ်အပ်နှံထားသူများသည် နှစ်ခြင်းခံရန် အခွင့်အရေးရရှိပါလိမ့်မည်။ သင်သည် ထိုအဆင့်သို့ တက်လှမ်းရန်အသင့်ရှိလျှင် ဦးစီးကြီးကြပ်မှူးအား ချက်ချင်းအသိပေးပါ။

၆ သင့်ဒေသအတွက် စည်းဝေးပွဲရက်စွဲကိုကြေညာသည့်အခါ တက်ရောက်ရန် တိကျသောအစီအစဉ်များ အမြန်ပြုလုပ်ပါ။ အဖွင့်သီချင်းနှင့် ဆုတောင်းခြင်းတွင်ပါဝင်ရန် စောစောရောက်ရှိဖို့ ကြိုးစားပါ။ အထူးစည်းဝေးပွဲနေ့ အစီအစဉ်တစ်ခုလုံးကို တက်ရောက်ပြီး အာရုံစိုက်ခြင်းက ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါ၏ရှုထောင့်တွင် ကျွန်ုပ်တို့အား အမှန်ကြွယ်ဝစေသည့်လမ်းစဉ်ကို ဆက်၍လိုက်လျှောက်နေရန် ခွန်အားရှိစေမည်ဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ