မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဩဂုတ် ၁၅
“သစ္စာစောင့်သိခြင်းရဲ့ အမြင့်ဆုံးပုံစံဟာ ဘာဖြစ်မယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီဆောင်းပါးက စစ်မှန်တဲ့ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်းကို အလေးပေးဖော်ပြတယ်။ [စာမျက်နှာ ၅ ကိုညွှန်ပြကာ ၂ ဓမ္မရာဇဝင် ၂၂:၂၆ ကိုဖတ်ပါ။] ဘုရားသခင်ကို သစ္စာစောင့်သိခြင်းဟာ အခြားသူတွေအပေါ် မေတ္တာမဲ့စွာ မပြုမူမိအောင် လူတွေကိုတားဆီးပေးနိုင်တယ်ဆိုတာ မိတ်ဆွေသိပါသလား။ ဒီအကြောင်းကို မိတ်ဆွေဖတ်ချင်မယ်ဆိုတာ ကျွန်တော်သိတယ်။”
နိုးလော့! ဩဂုတ် ၂၂ [လိပ်]
“လူသားတွေရဲ့ညစ်ညမ်းမှုပြဿနာ ထိန်းချုပ်လို့မရဖြစ်နေတာကို မိတ်ဆွေစိုးရိမ်ဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ပြဿနာရဲ့အဓိကအကြောင်းရင်းတစ်ခုကတော့ ဖြုန်းတီးခြင်းဖြစ်တယ်။ ယေရှုက သူ့ရဲ့နောက်လိုက်တွေကို မဖြုန်းတီးဖို့သင်ပေးခဲ့တယ်။ [ယောဟန် ၆:၁၂ ဖတ်။] ကျမ်းစာမူတွေကိုလိုက်လျှောက်ခြင်းက ခပ်ပေါ့ပေါ့နေတဲ့သဘောထားကိုရှောင်ဖို့ မိသားစုတွေကို ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာ ဒီမဂ္ဂဇင်းကဖော်ပြတယ်။”
ကင်းမျှော်စင် စက်. ၁
“နေရာဒေသများစွာမှာ အိမ်နီးချင်းတွေဟာ အရင်ကလို တစ်ဦးနဲ့တစ်ဦးမသိကြတာကို မိတ်ဆွေသတိပြုမိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] အိမ်နီးချင်းကောင်းတစ်ယောက်ဖြစ်ဖို့ အဓိကကျတဲ့မူတစ်ခုကို ယေရှုဖော်ပြခဲ့တယ်။ [မဿဲ ၇:၁၂ ဖတ်။] ဒီဆောင်းပါးတွေက အိမ်နီးချင်းကောင်းဖြစ်နိုင်ပုံနဲ့ အခြားသူတွေကိုလည်း အဲဒီအတိုင်းပြုဖို့ အားပေးနိုင်ပုံကို ဖော်ပြတယ်။”
နိုးလော့! စက်. ၈ [လိပ်]
“ဒီကနေ့ လူများစွာအတွက် ဘဝဟာ မသေချာမရေရာမှုနဲ့ ပြည့်နေတယ်။ [ဒေသနာ ၉:၁၁ ဖတ်။] ယုံကြည်စိတ်ချရတဲ့လမ်းညွှန်ကို ဘယ်နေရာမှာ ရှာတွေ့နိုင်မလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] အချို့က ဗေဒင်ကို အားကိုးကြတယ်။ အဲဒီနည်းဟာ မိတ်ဆွေရဲ့ကြမ္မာကို ဖော်ပြပေးနိုင်တဲ့နည်း ဟုတ်သလား။ အနာဂတ်နဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့အချက်အလက်ကို ဘယ်နေရာမှာ မိတ်ဆွေရှာတွေ့နိုင်မလဲ။ ဒီ နိုးလော့! က အဖြေပေးပါတယ်။”