မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဩ. ၁၅
“ကြေကွဲစရာဆုံးပါးမှုနဲ့ကြုံရပြီးတဲ့နောက် များစွာသောသူတို့ဟာ လူသေတဲ့အခါ ဘာဖြစ်သွားသလဲဆိုတာသိချင်ကြတယ်။ သေခြင်းဆိုတာကို နားလည်နိုင်တယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] လူသေတွေရဲ့အခြေအနေနဲ့ပတ်သက်တဲ့ ကျမ်းစာဖော်ပြချက်ကို ဒီမဂ္ဂဇင်းကရှင်းပြတယ်။ ကျွန်တော်တို့ချစ်မြတ်နိုးရတဲ့ သေဆုံးသွားသူတွေကို ရှင်ပြန်ထမြောက်စေမယ်ဆိုတဲ့ ဘုရားသခင်ရဲ့ကတိတော်ကိုလည်း ဆွေးနွေးထားတယ်။” ယောဟန် ၅:၂၈၊ ၂၉ ကိုဖတ်ပါ။
နိုးလော့! စက်. ၈
“အခက်ကြုံနေရတဲ့ ဆယ်ကျော်သက်အရွယ်မှာ ပြဿနာတွေကိုရှောင်နိုင်အောင် သားသမီးတွေကို မိဘတွေ ဘယ်လိုကူညီပေးနိုင်တယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဟေရှာယ ၄၈:၁၇၊ ၁၈ ကိုဖတ်ပါ။] ကျမ်းစာသြဝါဒကို ကျင့်သုံးခြင်းက သားသမီးတွေနဲ့ ဆက်သွယ်ရေးပိုမိုကောင်းမွန်လာအောင်၊ သူတို့အတွက် သင့်တော်တဲ့ကန့်သတ်ချက်တွေ ချမှတ်ပေးနိုင်အောင် မိဘတွေကို ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာ ဒီမဂ္ဂဇင်းကဖော်ပြတယ်။”
ကင်းမျှော်စင် စက်. ၁
“မျက်မှောက်လောကမှာ သစ္စာစောင့်သိခြင်းဟာ အများစုနှစ်သက်ကြပေမဲ့ လက်တွေ့ကျင့်သုံးသူနည်းတဲ့ အကျင့်ကောင်းတစ်ခုဖြစ်တယ်။ လူအတော်များများဟာ ဒီမှာဖော်ပြထားတဲ့ မိတ်ဆွေလိုမျိုးဖြစ်ကြမယ်ဆိုရင် မကောင်းဘူးလား။ [သုတ္တံ ၁၇:၁၇ ဖတ်။ ထို့နောက် တုံ့ပြန်မှုကိုစောင့်ပါ။] ကျွန်တော်တို့ရဲ့မိသားစုနဲ့ မိတ်ဆွေတွေအပေါ် သစ္စာစောင့်သိခြင်းမှရရှိတဲ့ အကျိုးကျေးဇူးတွေကို ဒီမဂ္ဂဇင်းက ဆွေးနွေးဖော်ပြတယ်။”