မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဩ. ၁
“တခြားသူတွေအပေါ် မတော်မတရားဆက်ဆံတဲ့လူတွေကို ဒီနေ့ နေရာတိုင်းလိုလိုမှာ တွေ့နေရတယ်။ တကယ်လို့ ယေရှုပြောတဲ့ ဒီစကားကိုသာ လူတွေကျင့်သုံးမယ်ဆိုရင် အခြေအနေတွေပြောင်းလဲလာမယ်လို့ မိတ်ဆွေထင်သလား။ [မဿဲ ၇:၁၂ ကိုဖတ်ပြပြီး တုံ့ပြန်မှုကိုစောင့်ပါ။] လူ့ဂုဏ်သိက္ခာဆိုင်ရာ အခြေခံအခွင့်အရေး ရရှိလာမယ်ဆိုတဲ့အကြောင်း ကျမ်းစာရှင်းပြချက်ကို ဒီမဂ္ဂဇင်းမှာ ဖော်ပြထားတယ်။”
နိုးလော့! ဩ.
“ကျွန်တော်တို့အားလုံး ကျန်းမာရေးကောင်းချင်ကြတယ်။ ဒီနေ့ ဆရာဝန်တော်တော်များများက သွေးမသွင်းပေးချင်ကြတော့ဘူးဆိုတာ မိတ်ဆွေသိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] အကြောင်းရင်းကို ဒီမဂ္ဂဇင်းက ရှင်းပြထားတယ်။ သွေးကို မြင့်မြတ်တဲ့အရာအဖြစ် ဘုရားသခင်ဘာကြောင့်ရှုမြင်တယ်ဆိုတာကိုလည်း ရှင်းပြထားတယ်။” ဝတ်ပြုရာ ၁၇:၁၁ ကိုဖတ်ပါ။
ကင်းမျှော်စင် ဩ. ၁၅
“ယေရှုပြောတဲ့ စကားတစ်ခွန်းနဲ့ပတ်သက်ပြီး မိတ်ဆွေရဲ့သဘောထားကို သိပါရစေ။ [မဿဲ ၅:၅ ကိုဖတ်ပါ။] ဒီကတိတော်ပြည့်စုံလာတဲ့အခါမှာ ကမ္ဘာ့အခြေအနေတွေက အခုလိုပဲရှိနေဦးမယ်လို့ ထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကမ္ဘာမြေကြီးကို ယေရှုဘယ်လိုပြောင်းလဲပေးမယ်ဆိုတဲ့အကြောင်း ကျမ်းစာရှင်းလင်းချက်ကို ဒီမဂ္ဂဇင်းမှာဖော်ပြထားတယ်။ မြေကြီးကို ဘယ်သူတွေအမွေခံရမလဲဆိုတာကိုလည်း ရှင်းပြထားတယ်။”
နိုးလော့! ဩ.
“ကျွန်တော်တို့ချစ်ရတဲ့ သေလွန်သူတွေနဲ့ ပြန်ဆုံခွင့်ရမယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] လူသေတွေနဲ့ပတ်သက်တဲ့ ယေရှုရဲ့ကတိတော်ကို သတိပြုပါ။ [ယောဟန် ၅:၂၈၊ ၂၉ ကိုဖတ်ပါ။] ကျွန်တော်တို့ သေသွားတဲ့အခါ ဘာဖြစ်သွားသလဲဆိုတဲ့ ကျမ်းစာရှင်းပြချက်ကို ဒီဆောင်းပါးမှာ ဖော်ပြထားတယ်။” စာမျက်နှာ ၂၁ ပါဆောင်းပါးကိုပြပါ။