မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇူလိုင် ၁
“အနန္တတန်ခိုးရှင်ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရနိုင်ပါ့မလားဆိုတာကို လူတွေသိချင်ကြတယ်။ ဒါပေမဲ့ ကျမ်းစာကဘာပြောလဲဆိုတာ သတိပြုကြည့်ပါ။ [တမန်တော် ၁၇:၂၇ ကိုဖတ်ပါ။] ဘုရားသခင်ဟာ ကျွန်တော်တို့ကို ကိုယ်တော်နဲ့ရင်းနှီးစေလိုတယ်ဆိုတာကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ ဆိုတာနဲ့ပတ်သက်ပြီး ဒီမဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။” စာမျက်နှာ ၁၀ မှဆောင်းပါးကိုပြပါ။
နိုးလော့! ဇူလိုင်
“ယနေ့ခေတ် ဖျော်ဖြေရေးများစွာဟာ မှော်အတတ်ပညာကို ပိုမိုစိတ်ဝင်စားလာအောင် ပြသပေးနေပါတယ်။ မှော်အတတ်ပညာမှာ ပါဝင်ပတ်သက်တာဟာ အန္တရာယ်ကင်းတယ်လို့ မိတ်ဆွေထင်ပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ၊ ထို့နောက် တရားဟောရာ ၁၈:၁၀-၁၂ ကိုဖတ်ပါ။] နတ်ဝိဇ္ဇာအတတ်ပညာရဲ့ အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကျမ်းစာကဘာပြောလဲဆိုတာကို ဒီဆောင်းပါးကဖော်ပြပေးပါတယ်။” စာမျက်နှာ ၁၀ ရှိဆောင်းပါးကိုပြပါ။
ကင်းမျှော်စင် ဩ. ၁
“ဆိုးရွားတဲ့ပတ်ဝန်းကျင်အခြေအနေတွေက လူအတော်များများကို ကမ္ဘာမြေကြီးရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အပျက်သဘောဝင်စေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စိုးရိမ်ဖို့မလိုဘူးလို့ ကျမ်းစာကပြောတယ်။ [ဆာလံ ၃၇:၁၁ ကိုဖတ်ပါ။] အကောင်းမြင်သဘောထားအတွက် ကျမ်းဆိုင်ရာအကြောင်းပြချက်တချို့ကို ဒီမဂ္ဂဇင်းက ဖော်ပြပေးပါတယ်။”
နိုးလော့! ဩ.
“လူအတော်များများက ကမ္ဘာချီပူနွေးမှုဟာ ကျွန်တော်တို့ရဲ့ဂြိုဟ်ပေါ်က သက်ရှိတွေကို ဘေးဒုက္ခရောက်စေတယ်လို့ ယုံကြည်ထားကြတယ်။ ဒါပေမဲ့ ဒီကိစ္စကို ဘုရားသခင် ဖြေရှင်းပေးမယ်ဆိုပြီး ကျမ်းစာက ကျွန်တော်တို့ကိုပြောပါတယ်။ [ဗျာဒိတ် ၁၁:၁၈ ကိုဖတ်ပါ။] ကမ္ဘာမြေကြီးဟာ လူသားတွေအတွက် နေအိမ်တစ်ခုအနေနဲ့ ဆက်လက်တည်ရှိသွားမှာကို သံသယဝင်ဖို့မလိုတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး ဒီမဂ္ဂဇင်းကရှင်းပြပါတယ်။”