မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် နို. ၁၅
“ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ဖို့ ချာ့ချ်တွေ၊ ဘုရားကျောင်းတွေလိုမလိုဆိုတာ တချို့သူတွေသိချင်ကြတယ်။ မိတ်ဆွေကော ဘယ်လိုထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီအကြောင်းနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာရဲ့အဆိုကို သတိပြုပါ။ [တမန်တော် ၁၇:၂၄ ဖတ်။] ဒါဆိုရင် ဝတ်ပြုကိုးကွယ်တဲ့နေရာတွေကို ဘယ်လိုရည်ရွယ်ချက်အတွက် အသုံးပြုသင့်သလဲ။ အဲဒီမေးခွန်းရဲ့ ကျမ်းစာအဖြေကို ဒီမဂ္ဂဇင်းက ဖော်ပြပေးပါတယ်။”
နိုးလော့! နို. ၂၂ [လိပ်]
“တစ်နေ့သောအခါမှာ သိပ္ပံပညာဟာ ဖျားနာမှုနဲ့ အနာရောဂါတွေကို အဆုံးတိုင်စေမယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] သိပ္ပံပညာကြောင့် တိုးတက်လာတဲ့အရာတချို့ကို ဒီလထုတ် နိုးလော့! က ဆန်းစစ်တင်ပြထားပါတယ်။ ဖျားနာမှုနဲ့ သေခြင်းတရားကို ဖယ်ရှားနိုင်တဲ့တန်ခိုးဟာ ဘာကြောင့် ဖန်ဆင်းရှင်ဆီမှာပဲ ရှိရတယ်ဆိုတာကိုလည်း ဖော်ပြထားတယ်။” ဆာလံ ၁၄၆:၃-၅ ကိုဖတ်ပြီး မဂ္ဂဇင်းများကိုဝေငှပါ။
ကင်းမျှော်စင် ဒီ. ၁
“အခုခေတ်ကြီးမှာ လူတိုင်းလိုလိုဟာ ရပ်တည်နိုင်ရေးအတွက်အလျဉ်မီဖို့ အခက်တွေ့နေကြတယ်။ ချာ့ချ်တွေလည်း အဲဒီအတိုင်းဖြစ်နေတယ်၊ ရန်ပုံငွေတောင်းခံတာတွေဟာ အရင်ထက် ပိုပိုများလာတယ်။ အဲဒါကို စိတ်အနှောင့်အယှက်ပေးတဲ့အရာလို့ မိတ်ဆွေယူမှတ်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ၁ သက်သာလောနိတ် ၂:၉ ကိုဖတ်ပါ။] အဲဒီအကြောင်းနဲ့ပတ်သက်ပြီး ကျမ်းစာရဲ့အဆိုကို ဒီ ကင်းမျှော်စင် က သုံးသပ်ထားပါတယ်။”
နိုးလော့! ဒီ. ၈ [လိပ်]
“အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် လေယာဉ်စီးရတာ လုံခြုံမှုရှိပါ့မလားလို့ လူအများစဉ်းစားကြတယ်။ အဲဒါက မိတ်ဆွေကို စိုးရိမ်စိတ်ဖြစ်စေသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] အကြောင်းမလှတဲ့ဖြစ်ရပ်ဆိုးကနေ လွတ်ကင်းသူဘယ်သူမှမရှိဘူးလို့ သမ္မာကျမ်းစာက အသိအမှတ်ပြုထားတယ်။ [ဒေသနာ ၉:၁၁၊ ကဘ ဖတ်။] ဒါပေမဲ့ မိတ်ဆွေလေယာဉ်စီးတဲ့အခါ လုံခြုံမှုပိုရှိပြီး သက်သောင့်သက်သာရှိနိုင်ပုံကို ဒီလထုတ် နိုးလော့! က သုံးသပ်ထားပါတယ်။”