မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် မေ ၁၅
“အကြမ်းဖက်တဲ့သတင်းတွေကို ကျွန်တော်တို့ နေ့စဉ်ကြားနေရတယ်။ အရင်တုန်းက အဲဒီလိုအခြေအနေတွေရှိခဲ့ဖူးတယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာပြောပြတဲ့အရာကို သတိပြုပါ။ [မဿဲ ၂၄:၃၇ ဖတ်။] နောဧခေတ်က အရမ်းဆိုးတဲ့အတွက် နောဧနဲ့ သူ့မိသားစုကလွဲလို့ ကျန်တဲ့သူအားလုံးကို ဘုရားသခင် သုတ်သင်ပယ်ရှင်းခဲ့တယ်။ ဒီမဂ္ဂဇင်းက အဲဒီဖြစ်ရပ်တွေဟာ အခုအချိန်မှာ ကျွန်တော်တို့အတွက် ဘယ်လိုအဓိပ္ပာယ်ရှိသလဲဆိုတာ ဖော်ပြပေးတယ်။”
နိုးလော့! မေ ၂၂ [လိပ်]
“ဒီကနေ့ အင်းဆက်ပိုးကတစ်ဆင့်ကူးစက်တဲ့ရောဂါဟာ ကျွန်တော်တို့ရဲ့ကျန်းမာရေးကို အန္တရာယ်ရှိစေတဲ့အရာများစွာထဲက တစ်ခုဖြစ်တယ်။ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ ကျွန်တော်တို့လုပ်နိုင်တဲ့ ကာကွယ်နည်းတွေရှိတယ်ဆိုတာ မိတ်ဆွေသိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီမဂ္ဂဇင်းက အဲဒီကာကွယ်နည်းတွေအပြင် ဖျားနာမှုမရှိတော့မယ့် အချိန်တစ်ချိန်နဲ့ပတ်သက်တဲ့ သမ္မာကျမ်းစာရဲ့ကတိတော်ကိုပါ ဆွေးနွေးထားတယ်။” ဟေရှာယ ၃၃:၂၄ ကိုဖတ်၍နိဂုံးချုပ်ပါ။
ကင်းမျှော်စင် ဇွန် ၁
“လှူဒါန်းတဲ့ရန်ပုံငွေတွေကို အလွဲသုံးစားပြုတဲ့သတင်းတွေကြောင့် တချို့သူတွေက ငွေကြေးအလှူခံတဲ့အဖွဲ့အစည်းတွေကို ပေးကမ်းလှူဒါန်းတာဟာ ပညာရှိရာရောက်ပါ့မလားလို့ စဉ်းစားကြတယ်။ ဒါပေမဲ့ ဆင်းရဲချို့တဲ့သူမြောက်မြားစွာရှိနေတယ်။ ဘာလုပ်ပေးနိုင်တယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဟေဗြဲ ၁၃:၁၆ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းက ဘုရားသခင်နှစ်သက်တဲ့ ပေးကမ်းခြင်းမျိုးအကြောင်းကို ရှင်းပြထားတယ်။”
နိုးလော့! ဇွန် ၈ [လိပ်]
“အခုခေတ်လူတွေဟာ ကိုယ်ကျင့်တရားနဲ့ အမူအကျင့်ကောင်းတွေကို လွန်ခဲ့တဲ့နှစ်တွေကလောက် တန်ဖိုးမထားကြဘူးလို့ ယူဆရတယ်။ အဲဒီလိုဖြစ်နေတာကို မိတ်ဆွေသတိပြုမိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာက ဒီဟောကိန်းကိုထုတ်ထားတာ စိတ်ဝင်စားစရာပဲ။ [၂ တိမောသေ ၃:၁-၅ ဖတ်။] ဒီလထုတ် နိုးလော့! က လူ့စံနှုန်းတွေ ပြောင်းလဲနေရတဲ့အကြောင်းရင်းနဲ့ အနာဂတ်မှာ ဖြစ်ပျက်လာမယ့်အရာကို ဆွေးနွေးထားတယ်။”