မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇွန် ၁၅
“တချို့သူတွေက ယေရှုဟာ သမိုင်းမှာ အကြီးမြတ်ဆုံးလူသားဖြစ်တယ်လို့ ယူမှတ်ကြတယ်။ တခြားသူတွေကျတော့ ကိုယ်တော်တကယ်ရှိခဲ့ရဲ့လားလို့ စောဒကတက်ကြတယ်။ ကိုယ်တော်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ယုံကြည်တဲ့အရာဟာ အရေးပါတယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုရရှိပြီးနောက် တမန်တော် ၄:၁၂ ကိုဖတ်ပါ။] ယေရှုဟာ ကမ္ဘာပေါ်မှာ တကယ်အသက်ရှင်ခဲ့တယ်ဆိုတာ ဘာအထောက်အထားရှိသလဲ။ ဒီမဂ္ဂဇင်းက အဲဒီမေးခွန်းကို ဆန်းစစ်ထားတယ်။”
နိုးလော့! ဇွန် ၂၂ [လိပ်]
“လူများစွာဟာ သဘာဝဝန်းကျင်နဲ့ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ကြတယ်။ ကမ္ဘာ့အပူပိုင်းမိုးသစ်တောတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုတာ ဖြစ်နိုင်မယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီမဂ္ဂဇင်းက မိုးသစ်တောတွေကိုကာကွယ်ဖို့ လောလောဆယ်ပြုလုပ်နေတဲ့ကြိုးပမ်းမှုတွေကို ဖော်ပြထားတယ်။ ဘုရားသခင်ထံက ဒီနှစ်လိုဖွယ်ကောင်းတဲ့ကတိတော် ဘယ်လိုပြည့်စုံလာမလဲဆိုတာကိုလည်း ဆွေးနွေးထားတယ်။” ဟေရှာယ ၁၁:၉ ကိုဖတ်ပါ။
ကင်းမျှော်စင် ဇူလိုင် ၁
“လူသားတွေအနေနဲ့ ကျွန်တော်တို့အလိုအပ်ဆုံးအရာကတော့ ချစ်ဖို့နဲ့ အချစ်ခံရဖို့ဖြစ်တယ်။ [စာမျက်နှာ ၄ မှပုံစာကိုဖတ်ပြပါ။] ဒါပေမဲ့ မျက်မှောက်ခေတ်လူ့ဘောင်ဟာ တခြားအရာတွေကို ဦးစားပေးလေ့ရှိတယ်ဆိုတာ မိတ်ဆွေသတိပြုမိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] စစ်မှန်တဲ့မေတ္တာဟာ ဘယ်လိုအရာလဲ၊ အဲဒါကို ဘယ်လိုမွေးမြူနိုင်သလဲဆိုတာ ဒီမဂ္ဂဇင်းက ဆွေးနွေးထားတယ်။” ၁ ကောရိန္သု ၁၃:၂ ကိုဖတ်ပါ။
နိုးလော့! ဇူလိုင် ၈ [လိပ်]
“မိုက်တွင်းနက်တဲ့အကြမ်းဖက်လုပ်ရပ်တွေ စိုးရိမ်စရာကောင်းလောက်အောင် တိုးများလာတာကို လူအများတွေ့ရှိကြတယ်။ [ဒေသအတွင်း သိရှိထားသည့်နမူနာတစ်ခုကို ဖော်ပြကာ တုံ့ပြန်မှုကိုစောင့်ပါ။] ဒီမဂ္ဂဇင်းက အကြမ်းဖက်ရာဇဝတ်မှုဘက်ကိုဦးတည်ပေးတဲ့ အကြောင်းရင်းတချို့ကို ဆန်းစစ်ထားတယ်။ ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုကို ဘုရားသခင် ဘယ်လိုအပြီးအပိုင် ဖယ်ရှားပစ်မယ်ဆိုတာကိုလည်း ရှင်းပြထားတယ်။” ဆာလံ ၃၇:၁၀၊ ၁၁ ကိုဖတ်ပါ။