မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် မေ ၁၅
“မြေကြီးပေါ်မှာ လူသားတွေ လုပ်ဆောင်တဲ့အရာတွေဟာဘုရားသခင်အပေါ် ထိခိုက်မှု တစ်စုံတစ်ရာရှိ၊ မရှိဆိုတာ မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကျွန်တော်တို့ရဲ့လုပ်ရပ်တွေက ဘုရားသခင်ရဲ့ခံစားချက်တွေကို ဘယ်လိုထိခိုက်စေနိုင်တယ်ဆိုတာ ဂရုပြုကြည့်ပါ။ [သုတ္တံ ၂၇:၁၁ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းက ဘုရားသခင့်စိတ်တော်ကို ရွှင်လန်းစေခဲ့ကြသူတွေရဲ့ စံနမူနာအချို့ကို သုံးသပ်ပြီး ကျွန်တော်တို့လည်း အလားတူလုပ်ဆောင်နိုင်ပုံကို ရှင်းပြပေးတယ်။”
နိုးလော့! ဇွန် ၈
“လူတချို့က သဘာဝဝန်းကျင်ခံစားနေရတဲ့ ထိခိုက်ပျက်စီးမှုနဲ့ပတ်သက်ပြီး ပြန်ပြုပြင်လို့မရတော့မှာကို စိုးရိမ်နေကြတယ်။ အခြေအနေက မျှော်လင့်ချက်မရှိတော့ဘူးလို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကမ္ဘာမြေကြီးကို လူနေလို့မရတဲ့ အမှိုက်ပုံတစ်ခုဖြစ်လာဖို့ ဘုရားသခင်မရည်ရွယ်ခဲ့ဘူး။ [ဟေရှာယ ၄၅:၁၈ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းက ကမ္ဘာမြေကြီးဟာ ဘယ်လိုကယ်တင်ခံရမလဲဆိုတာ ရှင်းပြပေးတယ်။”
ကင်းမျှော်စင် ဇွန် ၁
“လူတချို့က ဘုရားသခင်ကိုကိုးကွယ်ဖို့ ဖွဲ့စည်းထားတဲ့ဘာသာတစ်ခုရဲ့ အသင်းသားတစ်ဦးဖြစ်စရာမလိုဘူးလို့ ယူမှတ်ကြတယ်။ အဲဒါနဲ့ပတ်သက်ပြီး မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ရှေးအချိန်က လူတွေနဲ့ ဘုရားသခင်ဆက်ဆံခဲ့ပုံမှတ်တမ်းကို ဒီမဂ္ဂဇင်းက ဆန်းစစ်ထားတယ်။ နောက်ပြီး ဘုရားသခင်ကို အမှန်တရားနဲ့ကိုးကွယ်တဲ့အဓိပ္ပာယ်ကိုလည်း သုံးသပ်ထားတယ်။” ယောဟန် ၄:၂၄ ကိုဖတ်ပါ။