မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇူလိုင် ၁၅
“တစ်သီးပုဂ္ဂလနေလိုစိတ်ရှိသူတွေ တိုးများလာတာကို လူအများသတိပြုမိခဲ့ကြတယ်။ အဲဒါဟာ ပညာရှိလမ်းစဉ်ဖြစ်တယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ပေါင်းသင်းမှုတန်ဖိုးနဲ့ပတ်သက်တဲ့ ဒီပညာရှိစကားကို သတိပြုပါ။ [ဒေသနာ ၄:၉၊ ၁၀ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းက ကျွန်တော်တို့အားလုံး အခြားသူတွေကို လိုအပ်ရတဲ့အကြောင်းရင်းနဲ့ ထီးတည်းနေခြင်းပြဿနာကို ဘယ်လိုဖြေရှင်းနိုင်တယ်ဆိုတာ ဆွေးနွေးထားတယ်။”
နိုးလော့! ဇူလိုင် ၂၂ [လိပ်]
“ညစ်ညမ်းတဲ့စာပေ၊ ရုပ်ပုံတွေပျံ့နှံ့နေတာနဲ့ပတ်သက်ပြီး လူအများစိတ်ပူနေကြတယ်။ အဲဒါဟာ စိုးရိမ်စရာတစ်ခုလို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာမှာပါတဲ့ လက်တွေ့ကျဆုံးမစကားက ကျွန်တော်တို့ကို ကာကွယ်ပေးနိုင်တယ်။ [ဧဖက် ၅:၃၊ ၄ ကိုဖတ်ပါ။] တဖြည်းဖြည်းဘေးဖြစ်စေတဲ့ ဒီအန္တရာယ်ကနေ ကျွန်တော်တို့ကိုယ်ကို ဘယ်လိုကာကွယ်နိုင်တယ်ဆိုတာ ဒီမဂ္ဂဇင်းကဖော်ပြတယ်။”
ကင်းမျှော်စင် ဩဂုတ် ၁
“မှတ်တမ်းတစ်ခုအရ ကမ္ဘာ့လူဦးရေရဲ့ထက်ဝက်ကျော်ဟာ တစ်ရက်ကို ၂ ဒေါ်လာတောင်မပြည့်တဲ့ငွေလေးနဲ့ ရပ်တည်နေကြရတယ်ဆိုတာ မိတ်ဆွေသိသလား။ အဲဒါကိုကုစားဖို့ တစ်ခုခုလုပ်နိုင်မယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာမှာဖော်ပြထားတဲ့အတိုင်း ဆင်းရဲနွမ်းပါးမှုအတွက် တည်မြဲတဲ့ဖြေရှင်းနည်းကို ဒီလထုတ် ကင်းမျှော်စင် က ညွှန်ပြထားတယ်။”—ဆာလံ ၇၂:၁၂၊ ၁၃၊ ၁၆ ကိုဖတ်ပါ။
နိုးလော့! ဩဂုတ် ၈ [လိပ်]
“မကြာသေးမီနှစ်တွေမှာ ရာသီဥတုနဲ့ဆက်နွှယ်နေတဲ့ ဘေးဒဏ်တွေကြောင့် ကမ္ဘာတစ်ဝန်းလုံးမှာ အကြီးအကျယ်ပျက်စီးခဲ့ရတယ်။ အဲဒါကြောင့်ခံစားရတဲ့ ဆင်းရဲဒုက္ခကို သက်သာအောင် ဘာလုပ်နိုင်တယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီမဂ္ဂဇင်းက ပြောင်းလဲနေတဲ့ရာသီဥတုပုံစံတွေရဲ့ ပြဿနာကိုသာမက သမ္မာကျမ်းစာမှာဖော်ပြထားတဲ့ ဖြေရှင်းနည်းကိုပါ ဆန်းစစ်ထားတယ်။”—ဟေရှာယ ၃၅:၁ ကိုဖတ်ပြပါ။