မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇူလိုင် ၁၅
“လူ့သမိုင်းရဲ့ နှစ်ပေါင်းထောင်ချီကာလအတွင်းမှာ လူသားတွေဟာ ယုံကြည်ချက်အမျိုးမျိုးကို ခံယူထားကြတယ်။ ဘယ်ယုံကြည်ချက်ကမှန်တယ်၊ ဘယ်ယုံကြည်ချက်က မှားတယ်ဆိုတာ သိနိုင်မယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဘုရားသခင်နှစ်သက်လက်ခံတဲ့ စစ်မှန်တဲ့သွန်သင်ချက်တွေကို ဘယ်နေရာမှာ တွေ့ရှိနိုင်တယ်ဆိုတာ ဒီမဂ္ဂဇင်းက သုံးသပ်ထားတယ်။” ၂ တိမောသေ ၃:၁၆ ကိုဖတ်ပါ။
နိုးလော့! ဩ. ၈
“ရှေးအချိန်က မိခင်ရော ဖခင်ကိုပါ ရိုသေဖို့ သားသမီးတွေကို ဘုရားသခင့်မိန့်မှာခဲ့တယ်။ [ထွက်မြောက်ရာ ၂၀:၁၂ ဖတ်။] အခုခေတ် မိခင်တွေဟာ တော်မှန်စွာရိုသေခံနေရတယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] နိုင်ငံအသီးသီးမှာရှိတဲ့ မိခင်များရင်ဆိုင်နေရတဲ့စိန်ခေါ်ချက်တွေနဲ့ အဲဒါတွေကို သူတို့ဘယ်လိုရင်ဆိုင်နေကြတယ်ဆိုတာကို ဒီမဂ္ဂဇင်းက ဆန်းစစ်ပေးတယ်။”
ကင်းမျှော်စင် ဩ. ၁
“အခုခေတ်လူများစွာဟာ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိဘူးဆိုတဲ့ ခံစားချက်တွေကို တိုက်လှန်နေကြရတယ်။ သူတို့ကိုကူညီပေးဖို့ ဘာလုပ်ပေးနိုင်မယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] အဲဒီလိုသူတွေကို စစ်မှန်တဲ့ရွှင်လန်းမှုရရှိအောင် သမ္မာကျမ်းစာ ကူညီပေးနိုင်ပုံကို ဒီမဂ္ဂဇင်းက ဆွေးနွေးထားတယ်။” “သမ္မာကျမ်းစာသည် သင့်ကို ရွှင်လန်းမှုရရှိစေနိုင်” ဟူသောဆောင်းပါးမှ စာလုံးစောင်းအမည်းဖြင့်ရေးထားသည့် ကျမ်းချက်များကို ပေါ်လွင်စေပါ။