မဂ္ဂဇင်းများနှင့်ပတ်သက်၍ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇူလိုင် ၁၅
ဒေသအတွင်း စိုးရိမ်ပူပန်နေသည့် သတင်းတစ်ခုကို ဖော်ပြပါ။ ပြီးနောက် ဤသို့မေးပါ– “ကျွန်တော်တို့အသက်ရှင်နေတဲ့အချိန်အကြောင်း ကျမ်းစာမှာ တိတိကျကျဖော်ပြထားတယ်လို့ မိတ်ဆွေထင်သလား။ [၂ တိမောသေ ၃:၁ ကိုဖတ်ပြီး တုံ့ပြန်မှုကိုစောင့်ပါ။] နောက်ဆုံးကာလမှာ ကျွန်တော်တို့အသက်ရှင်နေတယ်ဆိုတဲ့ အထောက်အထားနဲ့ ကျွန်တော်တို့ဘာလုပ်သင့်တယ်ဆိုတဲ့အကြောင်း ဒီဆောင်းပါးက ဖော်ပြတယ်။”
နိုးလော့! ဇူလိုင်
“ပင်ကိုအသိဉာဏ်နဲ့ နေထိုင်လှုပ်ရှားတတ်တဲ့ တိရစ္ဆာန်တွေနဲ့မတူဘဲ လူသားတွေမှာ ကိုယ်နေချင်တဲ့စံနှုန်းကို ကိုယ်တိုင်ရွေးချယ်နိုင်စွမ်းရှိကြတယ်။ ယုံကြည်အားထားနိုင်တဲ့လမ်းညွှန်ကို ဘယ်နေရာမှာ ရရှိနိုင်မယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဆာလံ ၁၁၉:၁၀၅ ကိုဖတ်ပါ။] ကျမ်းစာမှာတွေ့ရတဲ့ သာလွန်မြင့်မြတ်တဲ့လမ်းညွှန်မှုအကြောင်း ဒီမဂ္ဂဇင်းကရှင်းပြတယ်။”
ကင်းမျှော်စင် ဩ. ၁
“မေတ္တာပြည့်ဝပြီး တရားမျှတတဲ့အပြင် တန်ခိုးကြီးမားတဲ့ဘုရားတစ်ပါးရှိမယ်ဆိုရင် ဘာကြောင့်ဒီလောက်တောင် ဆင်းရဲခက်ခဲမှုတွေ ပြည့်နှက်နေရသလဲလို့ မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဆင်းရဲခက်ခဲမှုဖြစ်ပေါ်ရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး ဒီကျမ်းချက်က ဘယ်လိုပြောသလဲဆိုတာ သတိပြုကြည့်ပါ။ [၁ ယောဟန် ၅:၁၉ ကိုဖတ်ပါ။] ဆင်းရဲခက်ခဲမှုကို ဖယ်ရှားဖို့ ဘုရားသခင်ဘာလုပ်နေတယ်ဆိုတဲ့အကြောင်းကို ဒီမဂ္ဂဇင်းကရှင်းပြတယ်။”
နိုးလော့! ဇူလိုင်
“လူအတော်များများက သူတို့အသက်တာမှာ အတတ်နိုင်ဆုံးကောင်းအောင်နေထိုင်ပြီး အဲဒါက လူကောင်းတစ်ယောက်ဖြစ်ဖို့ အရေးပါတယ်လို့ထင်ကြတယ်။ မိတ်ဆွေကော အဲဒီလိုပဲထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကောင်းမြတ်ခြင်းနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ရှုမြင်ချက်က ဘုရားသခင့်ရှုမြင်ချက်နဲ့မတူရင် အန္တရာယ်ရှိတယ်ဆိုပြီး ဒီကျမ်းချက်မှာ ပြောထားတယ်။ [သုတ္တံ ၁၄:၁၂ ကိုဖတ်ပါ။] ဘုရားသခင့်အမြင်မှာ လူကောင်းတစ်ဦးဖြစ်တယ်ဆိုတာ ဘာကိုဆိုလိုတယ်ဆိုတဲ့အကြောင်း ဒီဆောင်းပါးမှာဆွေးနွေးထားတယ်။” စာမျက်နှာ ၁၆ ပါဆောင်းပါးကိုဖော်ပြပါ။