ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၀၃ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဒီဇင်ဘာ ၈ တွင်စမည့်အပတ်
  • ဒီဇင်ဘာ ၁၅ တွင်စမည့်အပတ်
  • ဒီဇင်ဘာ ၂၂ တွင်စမည့်အပတ်
  • ဒီဇင်ဘာ ၂၉ တွင်စမည့်အပတ်
  • ဇန်နဝါရီ ၅ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နဓ ၁၂/၀၃ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီဇင်ဘာ ၈ တွင်စမည့်အပတ်

သီချင်း ၂၂၁

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။ စာမျက်နှာ ၆ ပါအကြံပြုချက်များကိုအသုံးပြု၍ နိုဝင်ဘာ ၁၅ ကင်းမျှော်စင် နှင့် ဒီဇင်ဘာ ၈ နိုးလော့!အတွက် တင်ဆက်ပုံကို သရုပ်ပြပါ။ သရုပ်ပြတစ်ခုစီတွင် မဂ္ဂဇင်းတစ်စောင်တည်းကိုသာ အသားပေးဖော်ပြသော်လည်း နှစ်စောင်စလုံးကို အစုံလိုက်ဝေငှသင့်သည်။

၂၀ မိ– “စစ်မှန်သောခရစ်ယာန်စည်းလုံးမှု—မည်သို့ရရှိသနည်း။”a အပိုဒ် ၅ ကို ဆွေးနွေးသောအခါ ကျွန်ုပ်တို့၏ခရစ်ယာန်စည်းလုံးမှုကို ပေါ်လွင်စေသည့် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးများ၊ သီအိုကရက်တစ် ဆောက်လုပ်ရေးစီမံကိန်းများ သို့မဟုတ် သဘာဝဘေးဒဏ် ကယ်ဆယ်ရေးလုပ်ငန်းနှင့်ပတ်သက်သည့် ကိုယ်ပိုင်တွေ့ကြုံမှုများကို ပြောပြရန် ပရိသတ်အား ဖိတ်ခေါ်ပါ။

၁၅ မိ– “၂၀၀၄ ခုနှစ်အတွက် သီအိုကရက်တစ် ဓမ္မအမှုကျောင်း။” ကျောင်းကြီးကြပ်မှူး ဟောရန်။ အောက်တိုဘာ ၂၀၀၃ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်မှ မှတ်ချက်များ ပါဝင်စေပါ။

သီချင်း ၁၀၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဒီဇင်ဘာ ၁၅ တွင်စမည့်အပတ်

သီချင်း ၇၁

၁၀ မိ– ဒေသကြေညာချက်များ။ “ကျေးဇူးပြု၍ ချက်ချင်းပြန်လည်ပတ်ပါ” လေးထောင့်ကွက်ကို ဆွေးနွေးပါ။ ဖြစ်နိုင်မည်ဆိုလျှင် S-70 ပုံစံနမူနာတစ်ခုကိုပြပါ။ ဒီဇင်ဘာ ၂၅ နှင့် ဇန်နဝါရီ ၁ အတွက် အထူးလယ်ကွင်းလုပ်ငန်း အစီအစဉ်များကို ဖော်ပြပါ။

၁၅ မိ– ကိုယ်ပိုင်လေ့လာမှု—ဝတ်ပြုမှုအစီအစဉ်တစ်ရပ်။ အောက်တိုဘာ ၁၊ ၂၀၀၀၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၄-၁၅၊ အပိုဒ် ၆-၁၀ ကိုအခြေပြု၍ ဆွေးနွေးရန်။

၂၀ မိ– “‘တလိုတလားရှိ’ သူများကို ကူညီပါ။”b ဖော်ပြထားသောမေးခွန်းများကို အသုံးပြုပါ။ မတ် ၁၉၉၇ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၃၊ လေးထောင့်ကွက်ပါ ပြန်လည်ပတ်မှုများပြုလုပ်ရန်အတွက် အကြံပြုချက်စာရင်းကို ပြန်သုံးသပ်ပါ။

သီချင်း ၄၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဒီဇင်ဘာ ၂၂ တွင်စမည့်အပတ်

သီချင်း ၁၀

၁၂ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ စာမျက်နှာ ၆ ပါအကြံပြုချက်များကို အသုံးပြု၍ ဒီဇင်ဘာ ၁ ကင်းမျှော်စင် အတွက် တင်ဆက်ပုံကိုသရုပ်ပြပါ။ ကြိုတင်ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်/လွတ်ငြိမ်းခြင်းကတ်အကြောင်း ဆွေးနွေးကာ ဝေငှပေးမည့် နောက်အပတ် အထူးလုပ်ငန်းတော်စည်းဝေးနှင့်ပတ်သက်၍ ယောက်တိုင်းကို သတိပေးပါ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၁၈ မိ– “ထိုက်တန်သူများကိုရှာဖွေခြင်း။”c အကြောင်းအရာ၏ ဒေသန္တရသက်ဆိုင်ပုံကိုတင်ပြပါ။ အဘယ်အချိန်တွင် အိမ်၌ လူအများဆုံး ရှိနိုင်သနည်း။ မွန်းလွဲနှောင်းပိုင်း သို့မဟုတ် ညနေအစောပိုင်းတွင် အမှုဆောင်ခြင်းဖြင့် အဘယ်အကျိုးထူးများရရှိခဲ့ပြီနည်း။ အိမ်တွင်ရှိခဲသူများနှင့်တွေ့ဆုံရန် မည်သည့်နည်းများကို အသုံးပြုနိုင်သနည်း။

သီချင်း ၂၀၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဒီဇင်ဘာ ၂၉ တွင်စမည့်အပတ်

သီချင်း ၂၀၀

၅ မိ– ဒေသကြေညာချက်များ။ ဒီဇင်ဘာလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူအားလုံးကို အားပေးပါ။ ဇန်နဝါရီလတွင်ဝေငှမည့်စာပေကို ဖော်ပြပါ။

၁၇ မိ– သင်၏ကြိုးပမ်းလုပ်ဆောင်မှုသည် အချည်းနှီးမဖြစ်။ (၁ ကော. ၁၅:၅၈၊ ကဘ) ပရိသတ်နှင့်ဆွေးနွေးရန်။ နှစ်ပေါင်းများစွာ တက်တက်ကြွကြွရှိခဲ့ကြသောကြေညာသူများက အစောပိုင်းအချိန်များရှိ သက်သေခံခြင်းလုပ်ငန်းအကြောင်းကို အသေးစိတ်ပြောပြကြရန် ကြိုတင်စီစဉ်ပါ။ အသင်းတော်နှင့် လူဦးရေမည်မျှ ပေါင်းသင်းခဲ့သနည်း။ အသင်းတော်သည် ရပ်ကွက်မည်မျှ အမှုဆောင်ခဲ့ရသနည်း။ လူတို့သည် နိုင်ငံတော်သတင်းကို မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ မည်သို့သောဆန့်ကျင်မှုကို သင်ကြုံတွေ့ခဲ့ရသနည်း။ နိုင်ငံတော်လုပ်ငန်းသည် ဒေသခံနယ်မြေတွင် နှစ်များတစ်လျှောက် မည်သို့တိုးတက်လာခဲ့သနည်း။

၂၃ မိ– ဆေးဘက်ဆိုင်ရာပြဿနာများကို ယုံကြည်စိတ်ချစွာ ရင်ဆိုင်ခြင်း။ ဌာနခွဲရုံးက ပို့ပေးသောအောက်လိုင်းကို အသုံးပြု၍ အရည်အချင်းရှိအကြီးအကဲဟောပြောရန်။ “သွေးကိုရှောင်ကြဉ်ရန် အထောက်အကူပြုသည့် ပြင်ဆင်ပေးမှုများ” လေးထောင့်ကွက်မှ အဓိကအချက်များကို သုံးသပ်ပါ။

သီချင်း ၁၈၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇန်နဝါရီ ၅ တွင်စမည့်အပတ်

သီချင်း ၁၀၃

၅ မိ– ဒေသကြေညာချက်များ။

၄၀ မိ– “ခရိုင်နှင့် အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးများက ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေရန်လှုံ့ဆော်ပေး!” အကြီးအကဲတစ်ဦးကိုင်ရန်။ တစ်မိနစ် သို့မဟုတ် တစ်မိနစ်ထက်မပိုစေဘဲ နိဒါန်းပျိုးပြီးနောက် ဆောင်းပါးပါ မေးခွန်းများအသုံးပြု၍ စည်းဝေးကြီးအစီအစဉ်ကို ပရိသတ်နှင့်ဆွေးနွေးရန်။ မေးခွန်းအားလုံး သုံးသပ်ခွင့်ရစေရန် အချိန်ကို ခန့်ခွဲသတ်မှတ်ပါ၊ အချို့သောမေးခွန်းများအတွက် အဖြေတစ်ခုတည်းကိုသာ သုံးသပ်နိုင်ပေမည်။ သတ်မှတ်ထားချိန်အတွင်း ညွှန်းထားသောကျမ်းချက်တိုင်းကို ဖတ်နိုင်မည်မဟုတ်ပေ; အဖြေများရှာရာတွင် လွယ်ကူစေရန် ယင်းတို့ကို ထည့်ပေးထားခြင်းဖြစ်၏။ မှတ်ချက်များသည် သိရှိခဲ့ရာများအား လက်တွေ့ကျင့်သုံးခြင်း၏ အကျိုးကျေးဇူးများအပေါ် အာရုံစိုက်စေသင့်သည်။

သီချင်း ၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ