မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် နို. ၁၅
“လူအများစုဟာ ကျန်းမာရေးကောင်းပြီး အသက်ရှည်ရှည်နေချင်ကြတယ်။ ဖြစ်နိုင်မယ်ဆိုရင် မိတ်ဆွေ ထာဝစဉ်အသက်ရှင်ချင်တယ်မဟုတ်လား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ယောဟန် ၁၇:၃ ကိုဖတ်ပါ။] ထာဝရအသက်နဲ့ဆိုင်တဲ့ ကျမ်းစာရဲ့ကတိတော်ကို ဒီမဂ္ဂဇင်းမှာ ဆွေးနွေးထားတယ်။ အဲဒီကတိတော်ပြည့်စုံလာတဲ့အခါ ဘယ်လိုနေထိုင်ရမယ်ဆိုတာကိုလည်း ဆန်းစစ်ထားတယ်။”
နိုးလော့! ဒီ. ၈
“ဆေးသိပ္ပံပညာဟာ ရောဂါတိုက်ဖျက်ရာမှာ သိသိသာသာတိုးတက်လာတယ်၊ ဒါပေမဲ့ ဖျားနာမှုလုံးဝမရှိတဲ့ကမ္ဘာတစ်ခုကို ကျွန်တော်တို့အမြဲမြင်ရမယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] တစ်နေ့ကျရင် ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်း ဒီကတိတော်ပြည့်စုံလာတဲ့အခါ ဒေါင်ဒေါင်မြည်တဲ့ကျန်းမာရေး ရရှိကြမယ်လို့ ဒီမဂ္ဂဇင်းက ရှင်းပြတယ်။” ဟေရှာယ ၃၃:၂၄ ကိုဖတ်ပါ။
ကင်းမျှော်စင် ဒီ. ၁
“လူတွေကို တိရစ္ဆာန်တွေနဲ့ ခြားနားစေတဲ့ဉာဉ်တစ်ခုက အမှားနဲ့အမှန်ကို ခွဲခြားနိုင်စွမ်းဖြစ်တယ်။ ဝမ်းနည်းစရာက လူများစွာဟာ မကောင်းမှုတွေကို လုပ်ကြတယ်။ အဲဒီလို ဘာကြောင့်လုပ်ကြတယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ယေရမိ ၁၇:၉ သို့မဟုတ် ဗျာဒိတ် ၁၂:၉ ကိုဖတ်ပါ။] မှန်ရာကို သိဖို့နဲ့ လုပ်ဖို့ ကျွန်တော်တို့ကို ဘယ်အရာက ကူညီပေးနိုင်တယ်ဆိုတာ ဒီမဂ္ဂဇင်းမှာ ဆွေးနွေးထားတယ်။”