မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် နို. ၁၅
“လူတွေကြုံနေရတဲ့ပြဿနာတွေ ပိုပြေလည်လာမယ့်အစား ဘာကြောင့် ပိုပိုဆိုးလာတာလဲဆိုတာ လူများစွာ စဉ်းစားနေကြတယ်။ ဖြစ်နိုင်စရာအကြောင်းရင်းတစ်ခုအနေနဲ့ ဒီကျမ်းချက်မှာ ဖော်ပြထားတဲ့အရာကို မိတ်ဆွေစဉ်းစားဖူးသလား။ [ဗျာဒိတ် ၁၂:၉ ကိုဖတ်ပါ။ ထို့နောက် တုံ့ပြန်မှုကိုစောင့်ပါ။] လူတွေကိုလှည့်ဖြားတဲ့ စာတန်မာရ်နတ်ရဲ့အကြံအစည်တွေနဲ့ သူ့ရဲ့သြဇာလွှမ်းမိုးမှု တွန်းလှန်နိုင်ပုံအကြောင်းကို ဒီမဂ္ဂဇင်းက ဆွေးနွေးထားတယ်။”
နိုးလော့! ဒီ. ၈
“မျက်မှောက်ခေတ်ရဲ့ အလွန်အမင်းပြိုင်ဆိုင်နေတဲ့ အလုပ်အကိုင်ဈေးကွက်မှာ အလုပ်လက်မဲ့ဖြစ်တာဟာ အဓိကပြဿနာဖြစ်နေတယ်။ အလုပ်အကိုင်ရှာတွေ့နိုင်တဲ့ သော့ချက်ငါးခုကို ဒီမဂ္ဂဇင်းက ဖော်ပြတယ်။ [“အလုပ်အကိုင်ရှာတွေ့နိုင်ရန် သော့ချက်ငါးခု” ဟူသောဆောင်းပါးမှ စာလုံးမည်းခေါင်းစဉ်ငယ်များကို ပေါ်လွင်စေပါ။] အလုပ်မြဲစေနိုင်ပုံနဲ့ပတ်သက်ပြီး လက်တွေ့ကျတဲ့ အကြံပြုချက်တွေကိုလည်း ဖော်ပြတယ်။” သုတ္တံ ၂၂:၂၉ ကိုဖတ်ပါ။
ကင်းမျှော်စင် ဒီ. ၁
“‘အာမဂေဒုန်’ ဆိုတဲ့စကားလုံးကို ကြားလိုက်တာနဲ့ လူများစွာဟာ ကြောက်ခမန်းလိလိ အစုလိုက်အပြုံလိုက်ပျက်စီးတာကို မြင်ယောင်ကြတယ်။ [စာမျက်နှာ ၃ ရှိ လေးထောင့်ကွက်ကိုပြပါ။] တကယ်တော့ အာမဂေဒုန်ဆိုတာ ကျွန်တော်တို့မှာဖြစ်နိုင်တဲ့ အကောင်းဆုံးအရာတွေထဲက တစ်ခုဖြစ်တယ်လို့သိရရင် မိတ်ဆွေအံ့သြမိမှာပါ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဘာကြောင့်လဲဆိုတာကို ဒီမဂ္ဂဇင်းက ရှင်းပြတယ်။” ၂ ပေတရု ၃:၁၃ ကိုဖတ်ပါ။