ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၀၅ စာ. ၉
  • တစ်ယောက်ကိုတစ်ယောက် တည်ဆောက်ကြလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တစ်ယောက်ကိုတစ်ယောက် တည်ဆောက်ကြလော့
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခြားသူတို့ကို ကောင်းမှုပြုကာ ဝေမျှလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ဓမ္မအမှုတွင်ပါဝင်စဉ် တစ်ဦးကိုတစ်ဦး တည်ဆောက်ပေးခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ‘အချင်းချင်း ဆက်ပြီး အားပေးနေကြပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ဝိညာဉ်ရေးအကြောင်းပြောဆိုခြင်းက တည်ဆောက်ပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နဓ ၉/၀၅ စာ. ၉

တစ်ယောက်ကိုတစ်ယောက် တည်ဆောက်ကြလော့

၁ တမန်တော်ပေါလုသည် ယုံကြည်သူချင်းများကို ခွန်အားရှိစေရန် အစွမ်းကုန်လုပ်ဆောင်ခဲ့သည်။ (တ. ၁၄:၁၉-၂၂) ထိုနည်းတူ ခက်ခဲသောအခြေအနေများကို ကျွန်ုပ်တို့၏ညီအစ်ကိုများရင်ဆိုင်ရသည့်အခါ ကျွန်ုပ်တို့စိုးရိမ်ပြီး သူတို့ကို ကူညီပေးလိုကြသည်။ အကြီးအကဲများသာမက အားလုံးသည် အခြားသူများကို စိတ်ဝင်စားသင့်သည်ဟု ကျမ်းစာက ညွှန်ပြ၏။ (ရော. ၁၅:၁၊ ၂) ဤမေတ္တာပါသောသြဝါဒကို ကျွန်ုပ်တို့ဂရုပြုနိုင်သည့် နည်းနှစ်နည်းကို သုံးသပ်ကြည့်ပါ– “အချင်းချင်းတိုက်တွန်း၍ တစ်ယောက်ကိုတစ်ယောက် တည်ဆောက်ကြလော့။”—၁ သက်. ၅:၁၁။

၂ အခြားသူတို့၏လိုအပ်ရာများကို သိမြင်ပါ– ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် ဒေါ်ကာသည် “ကောင်းသောအကျင့်၊ စွန့်ကြဲခြင်းအကျင့်နှင့်ပြည့်စုံ” သည်ဟုဖော်ပြ၏။ (တ. ၉:၃၆၊ ၃၉) သူသည် လိုအပ်နေသူများကို သတိပြုမိကာ သူတို့ကို တတ်နိုင်သရွေ့ ကူညီပေးခဲ့သည်။ ကျွန်ုပ်တို့အတွက် အလွန်ကောင်းသည့်ပုံသက်သေကို သူချမှတ်ခဲ့သည်။ သက်ကြီးရွယ်အိုတစ်ဦးသည် အစည်းအဝေးသို့ ကြိုပို့ပေးဖို့လိုကြောင်း သင်သိပေမည်။ သို့မဟုတ် ကြားရက်အတွင်း မွန်းလွဲပိုင်းတစ်ခုတွင် ရှေ့ဆောင်တစ်ဦးသည် သူနှင့်အတူအမှုဆောင်ထွက်မည့်သူ တစ်ဦးမျှမရှိဘဲ ဖြစ်နေပေမည်။ ထိုသို့အကူအညီလိုအပ်နေသူကို သင်သိမြင်ပြီး လက်တွေ့ကျသော အကူအညီပေးမည်ဆိုလျှင် ထိုသူ မည်မျှအားရှိမည်ကို မြင်ယောင်ကြည့်ပါ။

၃ ဝိညာဉ်ရေးအကြောင်းပြောဆိုမှုများ– ကျွန်ုပ်တို့၏အပြောအဆိုဖြင့်လည်း အခြားသူများကို တည်ဆောက်ပေးနိုင်သည်။ (ဧ. ၄:၂၉) အတွေ့အကြုံရှိသည့် အကြီးအကဲတစ်ဦးက ဤသို့ဆိုသည်– “အားပေးချင်တယ်ဆိုရင် ဝိညာဉ်ရေးအကြောင်းတွေကိုပြောပါ။ တည်ဆောက်စရာစကားစပြောဖို့ ‘ခင်ဗျား ဘယ်လိုသမ္မာတရားရခဲ့သလဲ’ စတဲ့ မေးခွန်းရိုးရိုးကလေးတစ်ခုကို အသုံးပြုနိုင်တယ်။” အသင်းတော်ရှိ လူငယ်များအား စိတ်ရင်းမှန်ဖြင့် စိတ်ဝင်စားမှုပြပါ။ စိတ်ဓာတ်ကျနေသူများနှင့် ရှက်ကြောက်တတ်သူများအား စိတ်ဝင်စားမှုပြပါ။ (သု. ၁၂:၂၅) လောကဖျော်ဖြေမှုအကြောင်း ဆွေးနွေးခြင်းကြောင့် ယုံကြည်သူချင်းများနှင့် ဝိညာဉ်ရေးအကြောင်းဆွေးနွေးမှုများကို ပျက်ပြားစေရန် ခွင့်မပြုပါနှင့်။—ရော. ၁:၁၁၊ ၁၂။

၄ သို့သော် အခြားသူများကို တည်ဆောက်ရန် သင် အဘယ်အရာပြောဆိုနိုင်သနည်း။ မကြာသေးမီက သင်၏ ကိုယ်ပိုင်ကျမ်းစာဖတ်ရှုခြင်းနှင့် လေ့လာမှုတွင် ယေဟောဝါအပေါ် သင်၏ကျေးဇူးတင်လေးမြတ်မှုကို ပိုမိုနက်ရှိုင်းလာစေသည့်မူတစ်ခုကို တွေ့ရှိခဲ့သလော။ လူထုဟောပြောချက် သို့မဟုတ် ကင်းမျှော်စင် သင်တန်းတွင် ကြားခဲ့ရသည့်အကြောင်းအရာတစ်ခုက သင့်ကို အားရှိစေခဲ့သလော။ သို့မဟုတ် ယုံကြည်ခြင်းခိုင်ခံ့စေသော တွေ့ ကြုံမှုတစ်ခုက သင်၏နှလုံးကို ထိမိစေခဲ့သလော။ ထိုသို့သောဝိညာဉ်ရေးတန်ဖိုးရှိရာများကို သင်တန်ဖိုးထားလျှင် အခြားသူတို့အား ဝေမျှရန် အားရှိစရာတစ်ခုခု အမြဲရှိနေပါလိမ့်မည်။—သု. ၂:၁; လု. ၆:၄၅။

၅ လက်တွေ့ကျသောအကူအညီကိုပေးပြီး ကျွန်ုပ်တို့၏လျှာကို ပညာရှိရှိအသုံးပြုခြင်းဖြင့် တစ်ယောက်ကိုတစ်ယောက် တည်ဆောက်နိုင်ကြပါစေ။—သု. ၁၂:၁၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ