မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇန်. ၁၅
“ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့သားသမီးတွေအတွက် ပိုမိုကောင်းမွန်တဲ့အသက်တာကို တောင့်တကြပေမဲ့ လူအများက အဲဒါကိုရယူနိုင်တဲ့အစွမ်းမရှိဘူးလို့ ခံစားကြရတယ်။ ကျွန်တော်တို့ရဲ့အနာဂတ်ကို ထိန်းချုပ်နိုင်တယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကျွန်တော်တို့ဟာ အစွမ်းတန်ခိုးမရှိသူတွေ မဟုတ်ကြပေမဲ့ ကျွန်တော်တို့ရဲ့အနာဂတ်ဟာ ကျွန်တော်တို့ အခုပြုလုပ်တဲ့ရွေးချယ်မှုတွေအပေါ် မူတည်နေတယ်ဆိုတဲ့ ကျမ်းစာထဲကအချက်ကို ဒီမဂ္ဂဇင်းက ဖော်ပြပေးပါတယ်။” တရားဟောရာ ၃၀:၁၉ ကိုဖတ်။
နိုးလော့! ဇန်. ၂၂
“ကျန်းမာရေးပြဿနာတွေနဲ့ရင်ဆိုင်ရတဲ့အခါ ကျွန်တော်တို့ရဲ့ခံစားချက်တွေကို စဉ်းစားပေးတဲ့ဆရာဝန်ကို ကျွန်တော်တို့အားလုံး ကျေးဇူးတင်လေးမြတ်ကြတယ်။ ဒါပေမဲ့ လူနာများစွာက ဆရာဝန်တွေရဲ့ခံစားချက်တွေကို စဉ်းစားပေးကြတယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဆရာဝန်တွေရင်ဆိုင်ရတဲ့ စိန်ခေါ်ချက်တွေနဲ့ ဆေးပညာလောကရဲ့အနာဂတ် ဘယ်လိုဖြစ်လာမယ်ဆိုတာ ဒီမဂ္ဂဇင်းက ဆန်းစစ်ထားတယ်။” ဟေရှာယ ၃၃:၂၄ ဖတ်။
ကင်းမျှော်စင် ဖေ. ၁
“အခုခေတ်လူများစွာ ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုရဲ့ သားကောင်တွေဖြစ်နေတာ ထိတ်လန့်စရာမကောင်းဘူးလား။ [ဒေသအတွင်း သိရှိထားသည့် လတ်တလောနမူနာတစ်ခုကို ဖော်ပြကာ တုံ့ပြန်မှုကိုစောင့်ပါ။] ဒီမဂ္ဂဇင်းက လူ့အသက်နဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့ရှုမြင်ပုံကို ဆွေးနွေးထားတယ်။ မျက်မှောက်ခေတ်တည်ရှိနေတဲ့ ဆင်းရဲဒုက္ခကနေ ကျွန်တော်တို့ကို ကိုယ်တော် ဘယ်လိုကယ်တင်မယ်ဆိုတာကိုလည်း ရှင်းပြတယ်။” ဆာလံ ၇၂:၁၂-၁၄ ဖတ်။