မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇန်. ၁
“ဒီကျမ်းချက်မှာ ပြောထားတာကို မိတ်ဆွေသဘောတူသလား။ [ယာကုပ် ၃:၂ ကိုဖတ်ပါ။] မိသားစုဝင်တွေကို ထိခိုက်နစ်နာစေတဲ့စကား မပြောဆိုမိအောင် ကူညီပေးတဲ့ လက်တွေ့ကျကျမ်းစာအကြံဉာဏ်တချို့ကို ဒီဆောင်းပါးမှာ ဖော်ပြထားတယ်။” စာမျက်နှာ ၁၀ မှဆောင်းပါးကို ဖော်ပြပါ။
နိုးလော့! ဇန်.
“အိမ်ထောင်တိုင်းလိုလို ပြဿနာတွေကြုံနေရတယ်။ ဇနီးမောင်နှံတွေအနေနဲ့ ယုံကြည်အားထားထိုက်တဲ့အကြံဉာဏ်ကို ဘယ်မှာရနိုင်မယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီကျမ်းချက်မှာပါတဲ့ လက်တွေ့ကျလမ်းညွှန်ချက်ကို သုံးသပ်ကြည့်ပါ။ [ဧဖက် ၅:၂၂၊ ၂၅ ကိုဖတ်ပါ။] လင်ယောက်ျားကို လက်အောက်ခံခြင်းဆိုတာ ဇနီးတစ်ဦးအတွက် ဘာအဓိပ္ပာယ်ရှိသလဲဆိုတဲ့အကြောင်း ဒီဆောင်းပါးက ရှင်းပြပေးတယ်။” စာမျက်နှာ ၁၆ မှဆောင်းပါးကို ဖော်ပြပါ။
ကင်းမျှော်စင် ဖေ. ၁
“ဒီခေတ်မှာ ကျွန်တော်တို့ ပြဿနာတွေအများကြီးကြုံနေရပေမဲ့ စိတ်ငြိမ်သက်မှုရနိုင်မယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကျမ်းစာမှာပါတဲ့အနာဂတ်မျှော်လင့်ချက်ကို သုံးသပ်တာက လူများစွာအတွက် အကူအညီဖြစ်ခဲ့တယ်။ [သင်တင်ဆက်မည့်ဆောင်းပါးတွင် ရည်ညွှန်းထားသော သို့မဟုတ် ကိုးကားထားသော ကျမ်းချက်တစ်ချက်ကို ဖတ်ပြပါ။] ကျွန်တော်တို့ ဘယ်ကရောက်လာတယ်၊ ဘဝရည်ရွယ်ချက်က ဘာလဲ၊ ဘယ်လိုအနာဂတ်ရှိမလဲဆိုတာနဲ့ပတ်သက်ပြီး ကျမ်းစာမှာဖော်ပြထားတာတွေကို ဒီမဂ္ဂဇင်းက ရှင်းပြပေးတယ်။”
နိုးလော့! ဖေ.
“ရာဇဝတ်မှုတွေ များလာတဲ့အတွက် လူတွေက လုံခြုံတယ်လို့မခံစားရတော့ဘူး။ အခြေအနေတွေပိုကောင်းလာမယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] စိတ်ဝင်စားစရာကောင်းတဲ့ ဒီကျမ်းစာပရောဖက်ပြုချက်ကို သုံးသပ်ကြည့်ပါ။ [ဆာလံ ၃၇:၁၀ ကိုဖတ်ပါ။] ရာဇဝတ်မှုဖြစ်ရတဲ့ အဓိကအကြောင်းရင်းနဲ့ ကျမ်းစာမှာပါတဲ့ဖြေရှင်းနည်းကို ဒီမဂ္ဂဇင်းမှာ ဆွေးနွေးထားတယ်။”