ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၀၆ စာ. ၁
  • ဟောပြောရန် အခွင့်အရေးများဖန်တီးပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဟောပြောရန် အခွင့်အရေးများဖန်တီးပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • သတင်းကောင်း ဝေငှခြင်း—အလွတ်သဘောသက်သေခံရန် အခွင့်အရေးများဖန်တီးပေးခြင်းအားဖြင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • ယေဟောဝါကို နေ့စဉ်ချီးမွမ်းပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • ယေဟောဝါကို နေ့စဉ်ချီးမွမ်းလော့
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • အလွတ်သဘောသက်သေခံခြင်းဖြင့် ယေဟောဝါကိုချီးမွမ်းပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
နဓ ၂/၀၆ စာ. ၁

ဟောပြောရန် အခွင့်အရေးများဖန်တီးပါ

၁ ခရစ်ယာန်အသင်းတော်ကို အခြေအနေအမျိုးမျိုးရှိသူတို့ဖြင့် ဖွဲ့စည်းထား၏။ သို့သော် ကျွန်ုပ်တို့သည် ယေဟောဝါအား ချီးမွမ်းရန် သန္နိဋ္ဌာန်ချရာ၌ စည်းလုံးကြသည်။ (ဆာ. ၇၉:၁၃) ကျန်းမာရေးချို့တဲ့မှု သို့မဟုတ် အခြားခက်ခဲသည့်အခြေအနေများကြောင့် သတင်းကောင်းကြေညာရာတွင်ပါဝင်ရန် အကန့်အသတ်ရှိမည်ဆိုလျှင် ဟောပြောရန် အခွင့်အရေးများကို မည်သို့ဖန်တီးနိုင်သနည်း။

၂ နေ့စဉ်လုပ်ဆောင်မှုများတွင်– ယေရှုသည် လူတို့နှင့်နေ့စဉ်ဆက်ဆံရာတွင် သက်သေခံရန်အခွင့်အရေးရှာယူခဲ့သည်။ အခွန်ခံတဲကိုဖြတ်သွားစဉ် မဿဲ၊ ခရီးသွားနေစဉ် ဇက္ခဲနှင့် နားနေချိန်တွင် ရှမာရိအမျိုးသမီးတစ်ဦးတို့ကို ဟောပြောခဲ့သည်။ (မ. ၉:၉; လု. ၁၉:၁-၅; ယော. ၄:၆-၁၀) ကျွန်ုပ်တို့လည်း နေ့စဉ်လုပ်ဆောင်မှုများတွင် စကားစမြည်ပြောဆိုရသူများကို သက်သေခံနိုင်သည်။ ဝေစာ သို့မဟုတ် ဘရိုရှာများနှင့်အတူ ကျမ်းစာအုပ် တစ်အုပ် အဆင်သင့်ရှိထားခြင်းက ကျွန်ုပ်တို့၏မျှော်လင့်ချက်ကိုပြောပြရန် အသင့်ရှိစေပါမည်။—၁ ပေ. ၃:၁၅။

၃ သင်သည် ကိုယ်ခန္ဓာမသန်စွမ်းမှုကြောင့် တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် ပါဝင်ရန် အကန့်အသတ်ရှိနေသလော။ လာရောက်ကြည့်ရှုသည့် ဆေးဝန်ထမ်းများနှင့် သင်နှင့်အဆက်အသွယ်ရှိသည့် အခြားသူများအား သက်သေခံရန် အခွင့်အရေးရှာယူဖို့ နိုးကြားနေပါ။ (တ. ၂၈:၃၀၊ ၃၁) သင်သည် အခြေအနေကြောင့် အိမ်တွင်အနေများမည်ဆိုလျှင် တယ်လီဖုန်းဖြင့် သို့မဟုတ် စာဖြင့် သက်သေခံရန် စမ်းကြည့်ဖူးသလော။ ညီအစ်မတစ်ဦးသည် သက်သေခံမဟုတ်သော မိသားစုဝင်များထံ ပုံမှန်စာရေးသည်။ သူ၏စာတွင် ကျမ်းစာထဲမှ အားရှိစရာအကြောင်းအရာများနှင့် သက်သေခံစဉ် သူရရှိခဲ့သောတွေ့ကြုံမှုများကို ထည့်ရေးသည်။

၄ အလုပ် သို့မဟုတ် ကျောင်းတွင်– ယေဟောဝါအား ချီးမွမ်းလိုသောဆန္ဒကလည်း အလုပ် သို့မဟုတ် ကျောင်းတွင် သမ္မာတရားမျိုးစေ့ကြဲရန် အခွင့်အရေးများဖန်တီးဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသည်။ ရှစ်နှစ်အရွယ် ကြေညာသူတစ်ဦးသည် နိုးလော့! တွင် သူဖတ်ခဲ့ရသည့် လအကြောင်းကို သူ၏အတန်း၌ ပြောပြခွင့်ရခဲ့သည်။ အချက်အလက်များကို အဘယ်နေရာမှရရှိကြောင်း သိရှိပြီးနောက် သူ၏ဆရာသည် ကင်းမျှော်စင် နှင့် နိုးလော့! ကို ပုံမှန်လက်ခံခဲ့သည်။ အလုပ်ခွင်တွင် အခြားသူများမြင်နိုင်သောနေရာ၌ သမ္မာကျမ်းစာသွန်သင်ရာ [လိပ်] စာအုပ်ကို ထားရုံမျှဖြင့် မေးခွန်းများပေါ်ပေါက်လာနိုင်ကာ သက်သေခံရန် အခွင့်အရေးရရှိနိုင်သည်။

၅ သင်သည် သင့်နေ့စဉ်လုပ်ဆောင်မှုများတွင် ဟောပြောရန် အခွင့်အရေးများဖန်တီးဖို့ နည်းလမ်းများကို စဉ်းစားနိုင်သလော။ ကျွန်ုပ်တို့၏အခြေအနေများကို အခွင့်ကောင်းယူခြင်းဖြင့် ‘ဘုရားသခင်အား ချီးမွမ်းခြင်းယဇ်ပူဇော်’ ရန် နေ့စဉ်ကြိုးစားကြစို့။—ဟေဗြဲ ၁၃:၁၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ