မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် မေ ၁
“ကျွန်တော်တို့ခေတ်မှာ ပိုများလာတဲ့သဘာဝဘေးဒဏ်တွေက ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ဒဏ်ပေးခြင်းခံရတာလားဆိုပြီး အချို့သူတွေကို စဉ်းစားစေတယ်။ ဒါပေမဲ့ အဲဒီအကြောင်းနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာဘာပြောထားတယ်ဆိုတာ သတိပြုကြည့်ပါ။ [၁ ယောဟန် ၄:၈ ကိုဖတ်ပါ။] သဘာဝဘေးဒဏ်တွေကြောင့်ဖြစ်တဲ့ ဆင်းရဲခက်ခဲမှုတွေအတွက် ဘာကြောင့် ဘုရားသခင်မှာတာဝန်မရှိတဲ့အကြောင်း ဒီဆောင်းပါးက ရှင်းပြတယ်။” စာမျက်နှာ ၃၀ ရှိဆောင်းပါးကို ပြပါ။
နိုးလော့! မေ
“ဘုရားသခင်ရဲ့အလိုတော်ဟာ ဒီကမ္ဘာမြေကို ပရဒိသုဖြစ်စေဖို့ဆိုတာ သိပါသလား။ [တုံ့ပြန်မှုကို စောင့်ပါ။ ထို့နောက် မဿဲ ၆:၁၀ ကိုဖတ်ပါ။] သမ္မာကျမ်းစာအရ ကမ္ဘာမြေကြီးနဲ့ပတ်သက်ပြီး အစကတည်းက ဘုရားသခင်မှာရည်ရွယ်ချက်ရှိတယ်၊ အဲဒီရည်ရွယ်ချက်ဟာ မပြောင်းလဲဘူး။ ဒီဆောင်းပါးက ရှင်းပြထားတယ်။” စာမျက်နှာ ၁၀ မှဆောင်းပါးကို ပြပါ။
ကင်းမျှော်စင် ဇွန် ၁
“ကျမ်းစာပုံပြင်တွေထဲက လူသိအများဆုံးတစ်ခုကတော့ နောဧနဲ့ ရေလွှမ်းမိုးခြင်းအကြောင်းဖြစ်တယ်။ ရေလွှမ်းမိုးခြင်း တကယ်ပဲဖြစ်ပျက်ခဲ့တယ်ဆိုတာ ကြားဖူးသလား။ [တုံ့ပြန်မှုကို စောင့်ပါ။] စိတ်ဝင်စားစရာကောင်းတာက ယေရှုဟာ အဲဒီရေလွှမ်းမိုးခြင်းကို တကယ့်အဖြစ်အပျက်အဖြစ် ရည်ညွှန်းခဲ့တယ်။ [လုကာ ၁၇:၂၆၊ ၂၇ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းက ရေလွှမ်းမိုးခြင်းမှတ်တမ်းကို ယုံကြည်စေတဲ့အကြောင်းရင်းတွေဖော်ပြပြီး သင်ယူနိုင်တဲ့အရေးကြီးသင်ခန်းစာကို ရှင်းပြထားတယ်။”
နိုးလော့! ဇွန်
“ကလေးပြုစုပျိုးထောင်ခြင်းဟာ စိန်ခေါ်ချက်ဖြစ်လာတယ်၊ အထူးသဖြင့် ကလေးတစ်ဦး မြီးကောင်ပေါက်အရွယ်ရောက်လာပြီး ထူးခြားတဲ့အပြောင်းအလဲတွေ ကြုံရတဲ့အခါမှာဖြစ်တယ်။ သမ္မာကျမ်းစာက မိဘတွေကို ယုံကြည်စိတ်ချနိုင်တဲ့အကြံဉာဏ်ပေးထားတယ်ဆိုတာ သိပါသလား။ [တုံ့ပြန်မှုကို စောင့်ပါ။ ထို့နောက် ဟေရှာယ ၄၈:၁၇၊ ၁၈ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းက မိဘတွေ ဉာဏ်ပညာရှိရှိ၊ နားလည်မှုရှိရှိပြုမူဖို့ အကူအညီဖြစ်စေတဲ့ ခေတ်နဲ့ညီတဲ့အကြံပြုချက်တချို့ ဖော်ပြထားတယ်။”