မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇွန် ၁၅
“ဒီနေ့ မျက်မှောက်ခေတ်လောကမှာ ကလေးတွေကို လေ့ကျင့်သင်ကြားပေးရတာဟာ စိန်ခေါ်ချက်တစ်ခုဖြစ်တယ်ဆိုတာ မိတ်ဆွေလက်ခံတယ်မဟုတ်လား။ [တုံ့ပြန်မှုကိုစောင့်ပါ။] မိဘတွေ အောင်မြင်စွာ လေ့ကျင့်ပေးနိုင်တယ်ဆိုတဲ့ ဒီအာမခံချက်ကို ဂရုပြုပါ။ [သုတ္တံ ၂၂:၆ ဖတ်။] ဒီလထုတ် ကင်းမျှော်စင် က ဒီစိန်ခေါ်ချက်ကိုရင်ဆိုင်ရာမှာ မိဘတွေအတွက် အထောက်အကူဖြစ်မယ့် လက်တွေ့ကျအကြံပြုချက်ပေးထားပါတယ်။”
နိုးလော့! ဇူလိုင် ၈
“မိမိတို့ရဲ့ရင်သွေးငယ်တွေ ပျော်ရွှင်ပြီး အောင်မြင်တဲ့အသက်တာမှာ ပျော်မွေ့နေတာကို ကျွန်တော်တို့အားလုံး မြင်ချင်ကြတယ်။ ဖိစီးမှုများတဲ့ မျက်မှောက်ခေတ်လောကကို ရင်ဆိုင်ဖို့ ကလေးတွေ အလိုအပ်ဆုံးအရာဟာ ဘာဖြစ်မယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် သုတ္တံ ၂၂:၆ ကိုဖတ်ပါ။] ဒီလထုတ် နိုးလော့ က ဘယ်အရာတွေကို ရင်သွေးငယ်တွေလိုအပ်ပြီး အဲဒီလိုအပ်ရာတွေကို မိဘတွေ ဘယ်လိုဖြည့်ဆည်းပေးနိုင်တယ်ဆိုတာ ဆွေးနွေးထားတယ်။”
ကင်းမျှော်စင် ဇူလိုင် ၁
“အဖြစ်ဆိုးနဲ့ကြုံရတဲ့အချိန်တွေမှာ လူတွေကို ဘုရားသခင် တကယ်ဂရုစိုက် ရဲ့လား၊ လူတွေရဲ့ဒုက္ခကို သတိပြုမိရဲ့လားလို့ လူအများ သံသယဝင်ကြတယ်။ အဲဒါနဲ့ပတ်သက်ပြီး မိတ်ဆွေကော စဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီနေ့ ကျွန်တော်တို့ကို ဘုရားသခင် ဘယ်လိုစိတ်ဝင်စားမှုပြပြီး ဆင်းရဲဒုက္ခမှန်သမျှကို ဖယ်ရှားပစ်ဖို့ ကိုယ်တော် ဘယ်လိုစီစဉ်ပေးခဲ့တယ်ဆိုတာ ဒီမဂ္ဂဇင်းက ဆွေးနွေးထားတယ်။” ယောဟန် ၃:၁၆ ကိုဖတ်ပါ။