ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၀၇ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဇန်နဝါရီ ၈ တွင်စမည့်အပတ်
  • ဇန်နဝါရီ ၁၅ တွင်စမည့်အပတ်
  • ဇန်နဝါရီ ၂၂ တွင်စမည့်အပတ်
  • ဇန်နဝါရီ ၂၉ တွင်စမည့်အပတ်
  • ဖေဖော်ဝါရီ ၅ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
နဓ ၁/၀၇ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဇန်နဝါရီ ၈ တွင်စမည့်အပတ်

သီချင်း ၁၂

၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၄ မှ အကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ ဒီဇင်ဘာ ၁၅ ကင်းမျှော်စင် နှင့် ဒီဇင်ဘာလထုတ် နိုးလော့! အတွက် ဝေငှပုံကို သရုပ်ပြပါ။ တင်ဆက်မှုများထဲမှတစ်ခုတွင် “ကျွန်တော်မအားဘူး” ဟုဆိုသော စကားဆက်ပြတ်စေနိုင်သူအား တုံ့ပြန်ပုံကို သရုပ်ပြပါ။—ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စစ. ၁၉-၂၀ ရှု။

၁၅ မိ– ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်းမှ အကျိုးရယူပါ။ ကျမ်းစာကို နေ့စဉ်စေ့စေ့ကြည့်ရှုခြင်း—၂၀၀၇ ၏ကျမ်းဦးစကားကို အခြေခံ၍ ဟောပြောပြီး ပရိသတ်နှင့်ဆွေးနွေးရန်။ နေ့စဉ် မိနစ်အနည်းငယ်အချိန်ယူကာ နေ့စဉ်ကျမ်းချက်သုံးသပ်ရန် လိုအပ်ကြောင်း ဆွေးနွေးပါ။ နေ့စဉ်ကျမ်းချက်သုံးသပ်ခြင်း အလေ့အထနှင့် မည်သို့အကျိုးခံစားရကြောင်း မှတ်ချက်ပေးရန် တစ်ဦး၊ နှစ်ဦးကို ကြိုတင်စီစဉ်ပါ။ နိဂုံးတွင် ၂၀၀၇ နှစ်ချုပ်ကျမ်းချက်ကို အတိုချုပ်ဆွေးနွေးပါ။

၂၀ မိ– လူတိုင်းထံ သတင်းကောင်းရောက်ရှိစေခြင်း။ ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်း စာအုပ်၏ စာမျက်နှာ ၉၂ မှ စာမျက်နှာ ၁၀၂ ရှိခေါင်းစဉ်ငယ်အထိ အခြေခံကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။

သီချင်း ၁၆၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇန်နဝါရီ ၁၅ တွင်စမည့်အပတ်

သီချင်း ၉၃

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။

၁၅ မိ– တစ်စုံတစ်ရာက သင့်အား တားဆီးနေပါသလော။ ၂၀၀၂၊ ဧပြီ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၃-၁၅ ကို အခြေခံ၍ အကြီးအကဲတစ်ဦးဟောပြောရန်။

၂၀ မိ– “ကျွန်တော် စိတ်မဝင်စားဘူး။”a အပိုဒ် ၄ ကိုဆွေးနွေးစဉ် ဒေသခံရပ်ကွက်အတွင်း စိုးရိမ်ပူပန်နေသောအရာများကို ပရိသတ်အား မေးမြန်းပါ။ “ကျွန်တော် စိတ်မဝင်စားဘူး” ဟုဆိုသော စကားဆက်ပြတ်စေနိုင်သူအား တုံ့ပြန်ပုံကို ဖော်ပြသည့် တိုတုတ်သောသရုပ်ပြနှစ်ခု ပါဝင်စေပါ။—ကျိုးကြောင်းဆင်ခြင်စာအုပ် စ. ၁၆ ကိုရှု။

သီချင်း ၁၃၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇန်နဝါရီ ၂၂ တွင်စမည့်အပတ်

သီချင်း ၂၂၄

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ စာမျက်နှာ ၄ မှအကြံပြုချက် သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားအကြံပြုချက်များကိုအသုံးပြု၍ ဇန်နဝါရီ ၁ ကင်းမျှော်စင်အတွက် တင်ဆက်ပုံကို သရုပ်ပြပါ။ တင်ဆက်မှုတွင် မဂ္ဂဇင်းလမ်းကြောင်းတစ်ခုသို့ ပြန်လည်ပတ်မှုပြုလုပ်နေပုံကို သရုပ်ပြပါ။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– “စေတနာ့ဝန်ထမ်းစိတ်ဓာတ်က ကောင်းချီးများရရှိစေ။”bစေတနာ့ဝန်ထမ်းစိတ်ဓာတ်ရှိသော ကြေညာသူ တစ်ဦး၊ နှစ်ဦးကို လူတွေ့မေးမြန်းပါ။ စေတနာဝန်ထမ်းစိတ်ဓာတ်ကို သူတို့မည်သို့တင်ပြခဲ့သနည်း။ အဘယ်ပြုပြင်ပြောင်းလဲမှုများပြုရန် လိုအပ်ပြီး မည်သို့ပြုပြင်ပြောင်းလဲနိုင်ခဲ့သနည်း။ အဘယ်ကောင်းချီးများရရှိခဲ့သနည်း။

သီချင်း ၁၈၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇန်နဝါရီ ၂၉ တွင်စမည့်အပတ်

သီချင်း ၅၅

၁၀ မိ– ဒေသကြေညာချက်များ။ ဇန်နဝါရီလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ ဖေဖော်ဝါရီလတွင် ဝေငှမည့်စာပေကို ဖော်ပြကာ တင်ဆက်မှုတစ်ခုကို သရုပ်ပြပါ။

၂၀ မိ– “သဘာဝဘေးဒဏ်အတွက် ကြိုတင်ပြင်ဆင်ပြီးပြီလော။”c အကြီးအကဲတစ်ဦးဟောပြောရန်။ ၂၀၀၅၊ နိုဝင်ဘာလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ မှတ်ချက်များပါဝင်စေပါ။

၁၅ မိ– ပြန်လာမည်ဟု ကတိပေးထားပါက ကတိတည်ပါ။ ၁၉၉၉ စက်တင်ဘာ၊ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၁ ကိုအခြေခံ၍ ဟောပြောပြီး ပရိသတ်နှင့် ဆွေးနွေးရန်။ ကတိအတိုင်း ပြန်သွားခဲ့သည့်အတွက် အဘယ်အကျိုးကျေးဇူးများခံစားရကြောင်း ပြောပြရန် ပရိသတ်ကို ဖိတ်ခေါ်ပါ။

သီချင်း ၁၃၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဖေဖော်ဝါရီ ၅ တွင်စမည့်အပတ်

သီချင်း ၃

၁၀ မိ– ဒေသကြေညာချက်များ။

၁၅ မိ– ကျွန်တော်/ကျွန်မက ဒီလိုလူပဲ! ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ လူငယ်အချို့က ရွယ်တူများ ကဲ့ရဲ့လှောင်ပြောင်မည်စိုးသောကြောင့် မိမိကိုယ်ကို ယေဟောဝါသက်သေများဖြစ်ကြောင်း မပြောဝံ့ကြချေ။ သို့သော် သင်မည်သူဖြစ်ကြောင်း ပြောပြရန် အကြောင်းကောင်းများရှိသည်။ သင့်ယုံကြည်ချက်အကြောင်း သိရှိထားသော ဆရာဆရာမများက ယင်းတို့ကိုလေးစားနိုင်ဖွယ်ရှိပြီး သင့်ယုံကြည်ချက်နှင့်မကိုက်ညီရာကို လုပ်ဆောင်ရန် အတင်းတိုက်တွန်းမည်မဟုတ်ပေ။ စာရိတ္တမကောင်းသောလူငယ်များကလည်း အကျင့်ပျက်ပြားရန် သင့်ကိုသွေးဆောင်ဝံ့မည်မဟုတ်။ အချို့မူ ချိန်းတွေ့ခြင်း၊ ကျောင်းအားကစားပွဲတွင်ပါဝင်ခြင်း သို့မဟုတ် အခြားလုပ်ဆောင်မှုတို့နှင့်ပတ်သက်၍ သင့်ဆုံးဖြတ်ချက်ကို ပို၍နားလည်ပေးပေမည်။ ကျောင်းတွင် သက်သေခံသည့်အခါ၊ အမှုဆောင်ထွက်ရာတွင် အတန်းဖော်တစ်ဦးနှင့် တွေ့ဆုံသည့်အခါ စိုးရိမ်စိတ် လျော့နည်းပေလိမ့်မည်။ (န၀၃ ၄/၈ စ. ၁၂) ကျောင်းတွင် မိမိကိုယ်ကို ယေဟောဝါသက်သေတစ်ဦးဖြစ်ကြောင်း အသိပေးဖော်ပြခြင်းဖြင့် မည်သို့အကျိုးခံစားရကြောင်း မှတ်ချက်ပေးရန် ကြေညာသူများကို ဖိတ်ခေါ်ပါ။ ထိုသို့မှတ်ချက်ပေးရန် တစ်ဦး၊ နှစ်ဦးကို ကြိုတင်စီစဉ်ထားနိုင်သည်။

၂၀ မိ– “မေတ္တာ—အကျိုးဖြစ်ထွန်းသော ဓမ္မအမှု၏သော့ချက်။”d ၂၀၀၃၊ ဖေဖော်ဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၃၊ အပိုဒ် ၁၆-၁၇ မှ မှတ်ချက်များ ပါဝင်စေပါ။

သီချင်း ၈၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

a [အောက်ခြေမှတ်ချက်များ]

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

d အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ