မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဩ. ၁၅
“ဒီနေ့ လူတွေက သူတို့ရဲ့ဘဝတိုးတက်ရေး၊ မိသားစုကောင်းစားရေးအတွက် အကြံဉာဏ်တွေအမျိုးမျိုး ရှာဖွေကြတယ်။ အကောင်းဆုံးအကြံဉာဏ်ကို ဘယ်နေရာမှာ တွေ့နိုင်မယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] မိသားစုဘဝအတွက် ဘုရားသခင်ပေးထားတဲ့ အကြံဉာဏ်ကောင်းတချို့ကို ဒီကင်းမျှော်စင်မှာ ဆွေးနွေးထားတယ်။” ဆာလံ ၃၂:၈ ကိုဖတ်ပါ။
နိုးလော့! ဩ.
“မိဘတွေအတွက် တကယ်အထောက်အကူ ပြုတဲ့အကြံဉာဏ်ကို ဘယ်မှာတွေ့နိုင်မယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကျမ်းစာမှာ ဒီလိုပြောထားတယ်။ [၂ တိမောသေ ၃:၁၆၊ ၁၇ ကိုဖတ်ပါ။] သားသမီးတွေကို ပြုစုပျိုးထောင်တဲ့အခါ သမ္မာကျမ်းစာအကြံပြုချက်တွေက ဘယ်လောက် လက်တွေ့ကျတယ်ဆိုတာ ဒီမဂ္ဂဇင်းကရှင်းပြထားတယ်။”
ကင်းမျှော်စင် စက်. ၁
“ဘုရားကိုဝတ်ပြုကိုးကွယ်တဲ့နည်းလမ်း ဘာကြောင့်ဒီလောက်များရတယ်ဆိုတာ လူတွေသိချင်ကြတယ်။ မိတ်ဆွေကော ဒါကိုတွေးကြည့်ဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် မဿဲ ၇:၁၆၊ ၁၇ ကိုဖတ်ပါ။] ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမ်းစာက ဘယ်လိုပြောတယ်ဆိုတာ ဒီမဂ္ဂဇင်းမှာရှင်းပြထားတယ်။”
နိုးလော့! ဩ.
လူငယ်တစ်ဦးနှင့်တွေ့ဆုံသောအခါ ဤသို့ပြောနိုင်သည်– “မလိုတမာအတင်းအဖျင်းတွေကြောင့် မိတ်ဆွေတို့လိုလူငယ်တွေ ထိခိုက်နစ်နာကြရတယ်။ မိတ်ဆွေကော အဲဒါမျိုးကြုံဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] အတင်းအဖျင်းအပြောခံရမယ်ဆိုရင် ကျမ်းစာမှာပါတဲ့ အကြံဉာဏ်ကောင်းက ကျွန်တော်တို့အတွက် အကူအညီဖြစ်စေနိုင်တယ်။ ထိခိုက်နစ်နာစေတဲ့အတင်းအဖျင်းကို ဘယ်လိုရှောင်နိုင်တယ်ဆိုတဲ့အကြောင်းကိုလည်း ဖော်ပြထားတယ်။” စာမျက်နှာ ၁၂ မှဆောင်းပါးကိုပြပြီး ယင်းတွင်ပါသော ကျမ်းချက်တစ်ချက်ကို ဖတ်ပြပါ။