မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇူလိုင် ၁
“အသည်းအသန်ဖျားနာနေတဲ့ ဒါမှမဟုတ် ကုလို့မရတဲ့ရောဂါဖြစ်နေတဲ့ မိတ်ဆွေတစ်ယောက်ကို ဘယ်လိုစကားပြောရမလဲဆိုတာ ကျွန်တော်တို့အများစုက မသိကြဘူး။ ဒီအကြံပြုချက်ကို ဘယ်လိုသဘောရသလဲ။ [ယာကုပ် ၁:၁၉ ကိုဖတ်ပါ။ တုံ့ပြန်မှုကိုစောင့်ပါ။] ဒီဆောင်းပါးမှာ သမ္မာကျမ်းစာမူတွေကိုအခြေခံတဲ့ လက်တွေ့ကျအကြံပြုချက်တချို့ ပါတယ်။” စာမျက်နှာ ၁၀ မှဆောင်းပါးကိုပြပါ။
နိုးလော့! ဇူလိုင်
“ဒီနေ့လူတော်တော်များများ သူတို့ရရှိတဲ့ ဝင်ငွေနဲ့ ထွက်ငွေမမျှတတဲ့အတွက် စိတ်ဒုက္ခရောက်ကြတယ်။ သူတို့ရဲ့အခြေအနေကို မှန်ကန်စွာရှုမြင်ဖို့ လူများစွာကို ကူညီပေးခဲ့တဲ့ ဒီအကြံပြုချက်ကို မိတ်ဆွေကို ဝေငှလိုပါတယ်။ [၁ တိမောသေ ၆:၈ ကိုဖတ်ပါ။] လူတွေစိတ်ဆင်းရဲမှု ကြုံနေရတာက သူတို့ရင်ဆိုင်နေရတဲ့အခြေအနေကြောင့်ထက် အဲဒီအခြေအနေကို ရှုမြင်တဲ့ သူတို့ရဲ့ရှုမြင်ပုံဖြစ်တယ်ဆိုတာ ဒီမဂ္ဂဇင်းမှာ အချက်အလက်ခိုင်လုံစွာ ဖော်ပြထားပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ဘတ်ဂျက်ကို နိုင်နိုင်နင်းနင်းကိုင်တွယ်ဖို့ ထိရောက်တဲ့အကြံပြုချက်တွေကိုလည်း မိတ်ဆွေနှစ်သက်ပါလိမ့်မယ်။ ကျေးဇူးပြု၍ ဖတ်ကြည့်ပါ။”
ကင်းမျှော်စင် ဩဂုတ် ၁
“လူအတော်များများက နျူကလီးယားစစ်ပွဲ ဒါမှမဟုတ် ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာကြီးပျက်သွားမှာကို စိုးရိမ်နေကြတယ်။ အဲဒီလိုဖြစ်လာမယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီအကြောင်းနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ဘယ်လိုပြောထားသလဲဆိုတာ ဖတ်ကြည့်ရအောင်။ [ဗျာဒိတ် ၁၁:၁၈ ကိုဖတ်ပါ။] ကမ္ဘာမြေကြီးရဲ့ဆုံးခန်းနဲ့ပတ်သက်တဲ့ မေးခွန်းလေးခုရဲ့အဖြေကို ဒီမဂ္ဂဇင်းမှာ ဖော်ပြထားတယ်။”
နိုးလော့! ဩဂုတ်
“ယေဟောဝါသက်သေတွေနဲ့ အရင်က စကားပြောဖူးမှာပါ။ လူအများစုက နားမထောင်ကြပေမဲ့ သူတို့ဘာကြောင့် တစ်အိမ်ပြီးတစ်အိမ် သွားနေတာလဲလို့ မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ပြီးတဲ့နောက် မဿဲ ၂၄:၁၄ ကိုဖတ်ပါ။] လူတွေက ကျွန်တော်တို့အပေါ် အထင်အမြင်လွဲနေကြတယ်။ ယေဟောဝါသက်သေတွေက ဘယ်သူတွေလည်းဆိုတာ ဒီမဂ္ဂဇင်းမှာ ရှင်းပြထားတယ်။”