မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇွန် ၁
“ကမ္ဘာ့ဘာသာတရားတွေဟာ ဘုရားတစ်ပါးတည်းဆီကိုပဲ ပို့ဆောင်ပေးတဲ့ လမ်းအမျိုးမျိုးဖြစ်တယ်လို့ လူအများက ယူဆကြတယ်။ မိတ်ဆွေရဲ့အမြင်ကကော။ [တုံ့ ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာက ဘာပြောလဲဆိုတာ သတိပြုကြည့်ပါ။ [ယောရှု ၂၄:၁၅ ကိုဖတ်ပါ။] ကျွန်တော်တို့ရဲ့ဘာသာတရားဟာ စစ်မှန်တဲ့ဘုရားသခင်ဆီ ပို့ဆောင်ပေးခြင်းရှိမရှိဆိုတာကို ကိုယ်တိုင်ဆန်းစစ်ဖို့ ခိုင်လုံတဲ့အကြောင်းပြချက်တွေကို ဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။” စာမျက်နှာ ၁၂ မှဆောင်းပါးကိုပြပါ။
နိုးလော့! ဇွန်
“ကျွန်တော်တို့အားလုံး သေဆုံးသွားတဲ့လူတွေကို သိကြတယ်။ သူတို့ထဲကတချို့ဟာ စိတ်ဆိုးပြီး ကျွန်တော်တို့ကို အန္တရာယ်ပေးမှာကို စိုးရိမ်ဖို့လိုသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဒေသနာ ၉:၅၊ ၆ ကိုဖတ်ပါ။] ဒီဆောင်းပါးထဲမှာ နှစ်သိမ့်မှု တွေ့ရပါလိမ့်မယ်။” စာမျက်နှာ ၁၆ မှဆောင်းပါးကို ပြပါ။
ကင်းမျှော်စင် ဇူလိုင် ၁
“သမ္မာကျမ်းစာဟာ ကျွန်တော်တို့အချိန်အတွက် လက်တွေ့ကျရဲ့လားဆိုတာ လူအများက သိချင်ကြတယ်။ မိတ်ဆွေရော အဲဒီလိုတွေးဖူးလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီကျမ်းချက်အရ သမ္မာကျမ်းစာရဲ့အာဘော်ရှင်ဟာ ကျွန်တော်တို့ကို သူ့ရဲ့နှုတ်ကပါဌ်တော်ကို နားလည်ပြီး အကျိုးရရှိစေလိုတယ်။ [ဆာလံ ၁၁၉:၁၃၀ ကိုဖတ်ပါ။] ကျမ်းစာကိုနားလည်ဖို့ ကျွန်တော်တို့ကို ထောက်ကူပေးမယ့် အကြံပြုချက်သုံးခုကို ဒီမဂ္ဂဇင်းထဲမှာ ဖော်ပြထားပါတယ်။”
နိုးလော့! ဇူလိုင်
“ကနေ့ခေတ် လူများစွာဟာ စိတ်ကျဝေဒနာ ခံစားနေရပါတယ်။ ဘုရားသခင်ဟာ စိတ်ပိုင်းဆိုင်ရာဝေဒနာ ခံစားနေရသူတွေကို တစ်ဦးချင်းစီအနေနဲ့ စိတ်ဝင်စားတယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဆာလံ ၃၄:၁၈ ကိုဖတ်ပါ။] ဆေးဝါးကုသမှုခံယူဖို့ လိုအပ်နေတဲ့ စိတ်ကျဝေဒနာရှင်တွေတောင် ဘုရားသခင်ဆီက အကူအညီကို ဘယ်လိုရရှိနိုင်တယ်ဆိုတာ ဒီမဂ္ဂဇင်းက ရှင်းပြပေးပါတယ်။ သူတို့ကို ဘယ်လို နှစ်သိမ့်ပေးနိုင်တယ်ဆိုတာကိုလည်း အကြံပေးထားပါတယ်။”