မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဩဂုတ် ၁
‘‘ကောင်းတဲ့သူတွေအားလုံးကောင်းကင်သွားကြမယ်လို့ လူတွေထင်ကြတယ်။ အဲဒါမှန်တယ်လို့မိတ်ဆွေယူဆပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကမ္ဘာမြေကြီးနဲ့ပတ်သက်ပြီး ဘာပြောထားသလဲဆိုတာ သတိပြုကြည့်ရအောင်။ [ဆာလံ ၃၇:၁၁၊ ၂၉ ကိုဖတ်ပါ။] ဒီကမ္ဘာမြေကြီးပေါ်မှာရှိတဲ့ လူသားတွေရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ယေရှုဘာသွန်သင်ခဲ့သလဲဆိုတာ ဒီဆောင်းပါးမှာဖော်ပြထားတယ်။’’ စာမျက်နှာ ၂၂ မှဆောင်းပါးကိုပြပါ။
နိုးလော့ ဩဂုတ်
‘‘ဘ၀မှာမိဘတစ်ဦးသေဆုံးသွားတာထက် ထိခိုက်ခံစားရတဲ့ဖြစ်ရပ်မရှိသလောက်ပဲဆိုတာ မိတ်ဆွေသဘောတူပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] လူအများဟာ ဒီလိုကျမ်းချက်တွေကြောင့် နှစ်သိမ့်မှုရခဲ့ကြတယ်။ [ဗျာဒိတ် ၂၁:၄ ကိုဖတ်ပါ။] ဒီဆောင်းပါးက အထူးသဖြင့် လူငယ်တစ်ယောက် ခံစားရတဲ့ စိတ်နာကျင်မှုကို ဘယ်လိုကိုင်တွယ်နိုင်သလဲဆိုတာ ရှင်းပြပေးထားတယ်။’’ စာမျက်နှာ ၁၀ မှဆောင်းပါးကို ပြပါ။
ကင်းမျှော်စင် စက်တင်ဘာ ၁
‘‘ဘုရားသခင်အပေါ်သစ္စာရှိမယ်ဆိုရင် ချမ်းသာကြွယ်၀မှုနဲ့ဘုရားကောင်းချီးပေးမှာဖြစ်ပြီး ဆင်းရဲတယ်ဆိုတာကတော့ ဘုရားရဲ့ကောင်းချီးမရလို့ပဲဆိုပြီး အချို့သူတွေပြောကြတယ်။ လူတွေအဲ့ဒီလိုပြောတာကြားဖူးပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] စိတ်ဝင်စားစရာက ယေရှုဟာကြွယ်၀ချမ်းသာသူတစ်ဦးမဟုတ်ဘူး။ [လုကာ ၉:၅၈ ကိုဖတ်ပါ။] ဘုရားသခင့်ကျေးကျွန်တွေ ဘာကောင်းချီးတွေမျှော်လင့်နိုင်သလဲဆိုတာ ဒီမဂ္ဂဇင်းကဆွေးနွေးထားပါတယ်။’’
နိုးလော့ စက်တင်ဘာ
“မျက်မှောက်ခေတ်လူငယ်တွေဟာ အရင်ကလူငယ်တွေထက် စိန်ခေါ်ချက်တွေကို ပိုပြီးရင်ဆိုင်နေရတယ်ဆိုတာ သဘောတူပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီကျမ်းချက်က ကျွန်တော်တို့ရဲ့အချိန်ကိုပြောနေတာ သေချာတယ်ဆိုပြီး လူတွေခံစားနေရတယ်။ [၂ တိမောသေ ၃:၁ ကိုဖတ်ပါ။] ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ မိဘနဲ့လူငယ်တွေကို အထောက်အကူပြုမယ့် လက်တွေ့ကျကျမ်းစာမူတချို့ကို ဒီမဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။’’