မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇူလိုင် ၁
“ဆင်းရဲခက်ခဲမှုများတဲ့ ဒီခေတ်ကာလမှာ စိတ်ငြိမ်သက်မှု ရှာတွေ့နိုင်မယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဖိလိပ္ပိ ၄:၆၊ ၇ မှာ ကျမ်းစာက ဘယ်လိုပြောသလဲဆိုတာ ကြည့်ပါ။ [ဖတ်။] ဘုရားပေးတဲ့ငြိမ်သက်မှုကို ဘယ်လိုခံစားရနိုင်တယ်ဆိုတာ ဒီဆောင်းပါးမှာ ရှင်းပြထားတယ်။” စာမျက်နှာ ၁၀ မှဆောင်းပါးကို အလေးပေးဖော်ပြပါ။
နိုးလော့! ဇူလိုင်
“ကျွန်တော်တို့အများစုဟာ မိဘတွေရဲ့ သွန်သင်ဆုံးမမှုအတွက် ကျေးဇူးတင်ကြပါတယ်။ ကလေးဘ၀က သင်ယူခဲ့တဲ့ ဘာသာရေးသွန်သင်ချက်တွေကို လေ့လာဆန်းစစ်ခြင်းက မလေးမစားလုပ်ရာရောက်တယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ၁ ယောဟန် ၄:၁ ကိုဖတ်ပါ။] ဘာသာပြောင်းခြင်းက မှားမမှားဆိုတာ ဒီဆောင်းပါးမှာ ဖော်ပြထားတယ်။” စာမျက်နှာ ၂၀ မှဆောင်းပါးကို ဖော်ပြပါ။
ကင်းမျှော်စင် ဩဂုတ် ၁
“ဘာသာအားလုံးဟာ ဘုရားတစ်ပါးတည်းဆီကို ပို့ဆောင်တဲ့ လမ်းအသွယ်သွယ်နဲ့တူတယ်လို့ တချို့က ပြောကြတယ်။ ဘာသာအားလုံး ကောင်းတာချည်းပဲလို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် မဿဲ ၇:၁၃၊ ၁၄ ကိုဖတ်ပါ။] စစ်မှန်တဲ့ဘာသာက အားပေးလှုံ့ဆော်သင့်တယ်လို့ သမ္မာကျမ်းစာကပြောတဲ့ အချက်သုံးချက်ကို ဒီမဂ္ဂဇင်းမှာ ဖော်ပြထားတယ်။”
နိုးလော့! ဩဂုတ်
“ကျွန်တော်တို့အားလုံးဟာ မမျှမတ ခွဲခြားဆက်ဆံခံခဲ့ရဖူးတယ်။ မလိုမုန်းထားမှုနဲ့ပတ်သက်ပြီး ဘုရားဘယ်လိုယူဆမယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် တမန်တော် ၁၀:၃၄၊ ၃၅ ကိုဖတ်ပါ။] ကျွန်တော်တို့ ခွဲခြားဆက်ဆံခံရတဲ့အခါ ခံရပ်နိုင်ဖို့ ကျမ်းစာက ကူညီပေးနိုင်တယ်။ ကျွန်တော်တို့မှာ ရှိကောင်းရှိနိုင်တဲ့ ဘယ်လိုမလိုမုန်းထားမှုမျိုးကိုမဆို အမြစ်ပါမကျန် ထုတ်ပစ်နိုင်ဖို့လည်း ကူညီပေးပါတယ်။ ဒီအကြောင်းကို ဒီမဂ္ဂဇင်းမှာ ရှင်းပြထားတယ်။”