မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် အောက်တိုဘာ ၁
“ဒီနေ့လူတွေက ဖန်ဆင်းရှင်ကို မယုံကြတော့ဘူး။ ဘာကြောင့် အဲဒီလိုဖြစ်တယ်လို့ ထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီကျမ်းချက်တွေက ဖြစ်နိုင်ခြေတစ်ခုကို ဖော်ပြတယ်။ [ဟဗက္ကုတ် ၁:၂၊ ၃] ဒီဆောင်းပါးတွေက လူတွေ ဘုရားသခင်အပေါ် ယုံကြည်မှုကင်းမဲ့စေတဲ့အကြောင်းနဲ့ပတ်သက်တဲ့ မေးခွန်းတချို့ကို ဖြေဆိုပေးထားတယ်။” စာမျက်နှာ ၁၁ မှအစပြုသောဆောင်းပါးကိုပြပါ။
နိုးလော့! အောက်တိုဘာ
“ဒီနေ့မိသားစုတွေဟာ စိန်ခေါ်ချက်များစွာကို ရင်ဆိုင်နေရတယ်ဆိုတာ မိတ်ဆွေသဘောတူတယ် မဟုတ်လား။ [တုံ့ပြန်မှုကိုစောင့်ပါ။] လူအတော်များများကတော့ သမ္မာကျမ်းစာမှာပါတဲ့ လက်တွေ့ကျအကြံပြုချက်တွေကို ဂရုမစိုက်ကြဘူး။ ဒါက ဥပမာတစ်ခုပါ။ [မဂ္ဂဇင်းတွင်ပါသော ကျမ်းချက်တစ်ချက်ကို ဖတ်ပြပါ။] ကျမ်းစာမူတွေက အခြေအနေအမျိုးမျိုးကို မိသားစုတွေ ဘယ်လိုအောင်မြင်စွာဖြေရှင်းနိုင်တယ်ဆိုတာကို ဒီအထူးထုတ် နိုးလော့! မှာ ဖော်ပြထားတယ်။
နိုဝင်ဘာ ၁
“ချာ့ချ်တွေမှာ သွန်သင်ပေးသမျှဟာ သမ္မာကျမ်းစာထဲကလို့ မိတ်ဆွေထင်သလား။” [တုံ့ပြန်မှုကိုစောင့်ပါ။] မှားယွင်းတဲ့အရာတွေနဲ့ လှည့်စားမခံရအောင် သတိပြုပါလို့ သမ္မာကျမ်းစာက ကျွန်တော်တို့ကို သတိပေးထားတယ်။ [ကောလောသဲ ၂:၈ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းက ဘုရားသခင့်နှုတ်ကပါဌ်တော်နဲ့ မကိုက်ညီတဲ့ မိရိုးဖလာသွန်သင်ချက်ခြောက်ခုကို ဖော်ပြထားတယ်။
နိုးလော့! နိုဝင်ဘာ
“ဆဲလ်ဖုန်းနဲ့ ကွန်ပျူတာလို ပစ္စည်းတွေဟာ နေ့စဉ်အသက်တာရဲ့ သာမန်အရာတွေ ဖြစ်လာတယ်။ ဒီနည်းပညာတွေကို အသုံးပြုတာက အချိန်ကုန်သက်သာစေတယ်လို့ ထင်သလား ဒါမှမဟုတ် အချိန်ဖြုန်းရာကျတယ်လို့ ထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] အများစုကတော့ အချိန်ကိုပညာရှိရှိအသုံးပြုပါဆိုတဲ့ ဒီအားပေးချက်ကို သဘောတူပါလိမ့်မယ်။ [ဧဖက် ၅:၁၅၊ ၁၆ ကိုဖတ်ပါ။] နည်းပညာကို မျှမျှတတနဲ့ သတိပညာရှိရှိ ဘယ်လိုအသုံးပြုနိုင်တယ်ဆိုတာ ဒီမဂ္ဂဇင်းမှာ ဆွေးနွေးထားပါတယ်။