ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၀၉ စာ. ၆-၇
  • ကျွန်ုပ်တို့သည် အမြဲတမ်းသက်သေခံများဖြစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့သည် အမြဲတမ်းသက်သေခံများဖြစ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင် အလွတ်သဘောသက်သေခံနိုင်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
  • အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—အလွတ်သဘော သက်သေခံနိုင်ဖို့ အစပြုစကားပြောဆိုပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • ရှမာရိ အမျိုးသမီးကို ယေရှု သက်သေခံ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
  • အလွတ်သဘောသက်သေခံခြင်းဖြင့် ယေဟောဝါကိုချီးမွမ်းပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
နဓ ၁၁/၀၉ စာ. ၆-၇

ကျွန်ုပ်တို့သည် အမြဲတမ်းသက်သေခံများဖြစ်

၁။ ရေတွင်းတွင် အမျိုးသမီးတစ်ဦးကို ယေရှုသက်သေခံခြင်းမှတ်တမ်းမှ ကျွန်ုပ်တို့ အဘယ်အရာ သင်ယူနိုင်သနည်း။

၁ ယေရှုသည် နာရီနှင့်ချီ လမ်းလျှောက်ခဲ့သောကြောင့် မောပန်းကာ ရေငတ်နေသည်။ တပည့်များ အစားအစာသွားဝယ်နေစဉ် ကိုယ်တော်သည် ရှမာရိမြို့ပြင်ရှိ ရေတွင်းတစ်တွင်းအနီးတွင်ထိုင်ကာ နားနေတော်မူသည်။ ယေရှုသည် ရှမာရိနယ်တွင် ဟောပြောရန်မဟုတ်ပါ၊ ဂါလိလဲနယ်တွင် ကိုယ်တော်၏ဓမ္မအမှုကို ဆက်လုပ်ဆောင်ရန် ထိုနေရာကို ဖြတ်သွားခြင်းသာဖြစ်သည်။ သို့သော် ကိုယ်တော်သည် ရေလာခပ်သောအမျိုးသမီးတစ်ဦးကို သက်သေခံရန် အခွင့်အရေးယူခဲ့သည်။ (ယော. ၄:၅-၁၄) အဘယ်ကြောင့်နည်း။ ယေရှုသည် မည်သည့်အခါမျှ ယေဟောဝါ၏ “သစ္စာရှိ၍ စစ်မှန်သောသက်သေ” အဖြစ်မှ မရပ်နားခဲ့ချေ။ (ဗျာ. ၃:၁၄) ကျွန်ုပ်တို့သည် အမြဲတမ်း ယေဟောဝါသက်သေဖြစ်ခြင်းဖြင့် ယေရှုကိုတုပကြသည်။—၁ ပေ. ၂:၂၁။

၂။ ကျွန်ုပ်တို့သည် အလွတ်သဘောသက်သေခံရန် မည်သို့ပြင်ဆင်နိုင်သနည်း။

၂ ကြိုတင်ပြင်ဆင်ပါ– စာပေများကို ကိုယ်နှင့်မကွာ အမြဲဆောင်ထားခြင်းဖြင့် အလွတ်သဘောသက်သေခံရန် ကြိုတင်ပြင်ဆင်နိုင်သည်။ ကြေညာသူများသည် ဝေစာများကို အမြဲဆောင်ထားခြင်းဖြင့် အရောင်းစာရေးများ၊ ဓာတ်ဆီဆိုင်ဝန်ထမ်းများနှင့် တစ်နေ့တာအတွင်း မိမိတို့နှင့်တွေ့ဆုံရသည့် အခြားသူများကို ဝေငှကြသည်။ (ဒေ. ၁၁:၆) မကြာခဏခရီးထွက်ရသော ညီအစ်မတစ်ဦးသည် အိတ်ဆောင်ကျမ်းစာနှင့် သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကို မိမိ၏အိတ်တွင် အမြဲထည့်ထားပြီး နံဘေးတွင်ထိုင်သူအား စကားစမြည်စပြောရန် ကြိုးစားသည်။

၃။ ကျွန်ုပ်တို့သည် အဘယ်နည်းဖြင့် စကားစမြည် စတင်ပြောဆိုနိုင်သနည်း။

၃ စကားစမြည်စပြောပါ– ကျွန်ုပ်တို့သည် အလွတ်သဘောသက်သေခံသောအခါ ကျမ်းစာအကြောင်း ချက်ချင်းစမပြောကြပါ။ ယေရှုသည် ရေတွင်းတွင် အမျိုးသမီးနှင့် စကားစမြည်ပြောသောအခါ မိမိသည် မေရှိယဖြစ်သည်ဟု ချက်ချင်းစမပြောခဲ့ပေ။ ရေတောင်းသောက်ရုံဖြင့် အမျိုးသမီး၏သိလိုစိတ်ကို ကိုယ်တော် နှိုးဆွခဲ့သည်။ (ယော. ၄:၇-၉) ညီအစ်မတစ်ဦးသည် ပွဲနေ့ကျင်းပရခြင်းကို နှစ်သက်သလောဟု အမေးခံရသောအခါ ထိုနည်းအတိုင်းလုပ်ဆောင်ခြင်းဖြင့် စကားစမြည်စပြောနိုင်ခဲ့သည်။ သူမသည် ယေဟောဝါသက်သေတစ်ဦးဖြစ်သောကြောင့် ပွဲနေ့များတွင် မပါဝင်ဟု ဖြေမည့်အစား “ပွဲနေ့မကျင်းပဖို့ ကျွန်မကိုယ်တိုင်ဆုံးဖြတ်ထားတယ်” ဟုပြန်ပြောခဲ့သည်။ သိလိုသောမေးမြန်းသူက ထုံးစံအတိုင်း ဘာကြောင့်လဲဟုမေးခဲ့ရာ ညီအစ်မသည် သက်သေခံရန် အခွင့်အရေးရရှိခဲ့၏။

၄။ မဿဲ ၂၈:၁၈-၂၀ သည် အဘယ်ကြောင့် သင့်အတွက် လှုံ့ဆော်မှုဖြစ်သနည်း။

၄ ယေရှုသည် မိမိ၏မြေကြီးဓမ္မအမှုကို ပြီးမြောက်ခဲ့ပြီဖြစ်သော်လည်း ကိုယ်တော့်နည်းလမ်းအတိုင်း ဆက်လုပ်ဆောင်နေသော ဟောပြောခြင်းလုပ်ငန်းကို အလွန်စိတ်ဝင်စားလျက်ရှိသည်။ (မ. ၂၈:၁၈-၂၀) ထို့ကြောင့် ကျွန်ုပ်တို့၏စံနမူနာရှင်ယေရှုနည်းတူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ယုံကြည်ချက်ကို ကြေညာရန် အချိန်တိုင်း အသင့်ဖြစ်နေသော သက်သေခံများဖြစ်ကြသည်။—ဟေဗြဲ ၁၀:၂၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ