နောက်ကျောဖုံးကို သင်အသုံးပြုသလော
လူတွေက မဂ္ဂဇင်းတစ်စောင်ကို ကောက်ကိုင်လိုက်တာနဲ့ အဖုံးကိုကြည့်ပြီး အလိုလိုပဲ နောက်ကျောဖုံးကိုပါ လှန်ကြည့်တတ်ကြတယ်။ လူထုကိုဝေငှတဲ့ ကင်းမျှော်စင်ရဲ့ နောက်ကျောဖုံးမှာ စိတ်ဝင်စားမှုကိုနှိုးဆွတဲ့ မေးခွန်းတွေ၊ အကြောင်းအရာဖော်ပြချက်တွေအပြင် အဲဒီအချက်အလက်တွေကိုတွေ့နိုင်တဲ့ စာမျက်နှာနံပါတ်တွေကိုဖော်ပြထားတယ်။
စကားစမြည်စနိုင်ဖို့ နောက်ကျောဖုံးမှာပါတဲ့ အချက်တွေကို အသုံးပြုနိုင်တယ်။ မကြာခဏအမှုဆောင်ရတဲ့ရပ်ကွက်တွေမှာ တစ်လလုံးလုံး အဲဒီမှာပါတဲ့ မေးခွန်းတွေကိုသုံးပြီး ကျွန်ုပ်တို့ရဲ့ တင်ဆက်မှုကို အမျိုးမျိုးပြောင်းလဲနိုင်တယ်။ အိမ်ရှင်အလုပ်များနေတယ်ဆိုရင် နောက်ကျောဖုံးမှာပါတဲ့ မေးခွန်းတွေထဲကတစ်ခုကိုသုံးပြီး ဒီလို အတိုချုပ်ပြောနိုင်တယ်– “ဒီမေးခွန်းရဲ့အဖြေကိုသိချင်တယ်ဆိုရင် ဒီမဂ္ဂဇင်းကိုပေးခဲ့မယ်။ ခင်ဗျားအားတဲ့အခါမှာ ထပ်ဆွေးနွေးကြတာပေါ့။” အချို့ကြေညာသူတွေက နောက်ကျောဖုံးမှာပါတဲ့ မေးခွန်းတွေကိုပြ၊ အိမ်ရှင်စိတ်ဝင်စားတဲ့မေးခွန်းကို ရွေးချယ်စေပြီး စကားစမြည်စပြောလိုကြမယ်။ အဲဒီနောက် အဖြေတွေ့နိုင်တဲ့စာမျက်နှာကိုပြပြီး ကြိုတင်ရွေးချယ်ထားတဲ့ ကျမ်းချက်ကိုဖတ်ပြနိုင်တယ်။ ဒါမှမဟုတ် ကင်းမျှော်စင် ကိုစိတ်ဝင်စားလာအောင် နောက်ကျောဖုံးမှာပါတဲ့အချက်တွေကိုသုံးပြီး တခြားတင်ဆက်နည်းတွေကို သင်စဉ်းစားနိုင်တယ်။