မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဩဂုတ် ၁
“လူတွေ ပျော်ရွှင်ဖို့အတွက် ဘာလိုတယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။ ပြီးတဲ့နောက် မဿဲ ၅:၃ ကိုဖွင့်ပါ။] ဒါက ပျော်ရွှင်မှုနဲ့ပတ်သက်ပြီး ယေရှုပြောခဲ့တဲ့ အကြောင်းအရာတွေထဲက တစ်ခုဖြစ်တယ်။ စစ်မှန်တဲ့ပျော်ရွှင်မှုရှာတွေ့နိုင်ဖို့ ယေရှုထံက ကျွန်ုပ်တို့သင်ယူနိုင်ရာကို ဒီဆောင်းပါးမှာ ဆွေးနွေးထားပါတယ်။” စာမျက်နှာ ၁၆ ပါ ဆောင်းပါးကိုပြပါ။
နိုးလော့ ဩဂုတ်
“တခြားသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ တစ်ခါတလေ အဆင်မပြေတာမျိုး ကြုံတွေ့ရတတ်တယ်။ မိတ်ဆွေကော အဲဒီလိုဖြစ်ဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] အဲဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ကို အထောက်အကူပြုတဲ့ ကျမ်းချက်တစ်ချက် ဖတ်ပြချင်တယ်။ [ကောလောသဲ ၃:၁၃ ကိုဖတ်ပါ။] မမျှော်လင့်ဘဲ လူတွေနဲ့အဆင်မပြေဖြစ်တဲ့အခါ ယေရှုဆီကနေ တုပနိုင်တဲ့ အရည်အသွေးကောင်းတွေကို ဒီဆောင်းပါးမှာ ဖော်ပြထားတယ်။” စာမျက်နှာ ၂၇ ပါဆောင်းပါးကိုပြပါ။
ကင်းမျှော်စင် စက်တင်ဘာ ၁
ကိုယ့်ဒေသကလူတွေ စိုးရိမ်နေတဲ့ သတင်းတစ်ပုဒ်ကို ဖော်ပြပါ။ ပြီးတဲ့နောက် ဒီလိုပြောပါ– “လူတွေ ဘာကြောင့် ဒီလောက်ဆိုးတဲ့လုပ်ရပ်ကို လုပ်နေကြတာလဲလို့ မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာမှာ ကျွန်ုပ်တို့အတွက် မျှော်လင့်စရာအချက်တစ်ချက် ဖော်ပြထားတယ်။ [၂ ပေတရု ၃:၁၃ ကိုဖတ်ပါ။] ဆိုးသွမ်းမှုတွေဖြစ်ရတဲ့အကြောင်းရင်းနဲ့ ဆိုးညစ်မှုတွေကို ဘုရားသခင် မကြာခင် ဘယ်လိုအဆုံးသတ်မယ်ဆိုတာ ဒီမဂ္ဂဇင်းမှာ ဖော်ပြထားတယ်။”
နိုးလော့ စက်တင်ဘာ
“ဆဲလ်ဖုန်း၊ အီးမေးလ်၊ ချက်တင်၊ လူတွေနဲ့ဆက်သွယ်နိုင်တဲ့ နောက်ဆုံးပေါ် တခြားနည်းလမ်းတွေက အထီးကျန်မှုကို လျော့ပါးသွားစေသလား ဒါမှမဟုတ် ပိုပြီးအထီးကျန်စေသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] အထီးကျန်မှုကို ဖြေရှင်းရာမှာ အကူအညီဖြစ်စေတဲ့ အကြံပြုချက်တစ်ခုကို ဒီမှာဖော်ပြထားတယ်။ [တမန်တော် ၂၀:၃၅ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းမှာ ကျမ်းစာမှာပါတဲ့ လက်တွေ့ကျ ထပ်ဆင့်အကြံပြုချက်တွေကို ဖော်ပြထားတယ်။”