မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် အောက်တိုဘာ ၁
“ကျွန်တော်တို့ရဲ့စိုးရိမ်မှုတွေ၊ ဝမ်းနည်းမှုတွေက ဘုရားအတွက် အရေးပါပါ့မလားလို့ လူတော်များများစဉ်းစားကြတယ်။ မိတ်ဆွေရော ဘယ်လိုထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။ ပြီးနောက် ဆာလံ ၃၄:၁၈ ကိုဖတ်ပါ။] ဖြေမဆည်နိုင်အောင်ဝမ်းနည်းပြီး တန်ဖိုးမရှိဘူး၊ အပြစ်ကြီးလွန်းတယ်စတဲ့ အပျက်သဘောခံစားချက်တွေကို တိုက်ထုတ်ဖို့ ဘုရားဘယ်လိုကူညီပေးသလဲဆိုတာ စာမျက်နှာ ၁၉ မှာပါတဲ့ ဒီဆောင်းပါးမှာ ဆွေးနွေးထားတယ်။”
နိုးလော့! အောက်တိုဘာ
“ယနေ့အချိန်မှာ စိတ်မချရမှုက ကပ်ဘေးတစ်ခုလိုပျံ့နှံ့နေတာ မိတ်ဆွေသဘောတူပါလိမ့်မယ်။ ကျွန်တော်တို့ အကြွင်းမဲ့ယုံကြည်ကိုးစားနိုင်တဲ့ပုဂ္ဂိုလ် တစ်ဦးဦးရှိနိုင်မလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ပြီးနောက် ယောရှု ၂၁:၄၅ ကိုဖတ်ပါ။] ယေဟောဝါကိုတုပတဲ့ ယုံကြည်စိတ်ချထိုက်တဲ့သူတွေကို ဘယ်မှာရှာတွေ့နိုင်သလဲဆိုတာ ဒီမဂ္ဂဇင်းကဖော်ပြထားတယ်။”
ကင်းမျှော်စင် နိုဝင်ဘာ ၁
“ကျွန်တော်တို့အားလုံး ကျေနပ်ရောင့်ရဲတဲ့စိတ်ရှိလိုကြတယ်။ ကျေနပ်ရောင့်ရဲစိတ်ရှိဖို့ ငွေလိုအပ်တယ်လို့ ထင်သလား။ [တုံ့ပြန်မှုကို စောင့်ပါ။] ကျမ်းရေးသူတစ်ဦးက ဥစ္စာအနည်းငယ်နဲ့ ဘယ်လိုနေတတ်ရမယ်ဆိုတာကို သူ သင်ယူခဲ့တယ်။ [ဖိလိပ္ပိ ၄:၁၁၊ ၁၂ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းက ကျမ်းစာမှာတွေ့ရတဲ့ ရောင့်ရဲစိတ်ရဲ့လျှို့ဝှက်ချက်ငါးခုအကြောင်း ဖော်ပြထားတယ်။”
နိုးလော့! နိုဝင်ဘာ
“ဘုရားမဲ့ဝါဒီတွေက ဘုရားသခင့်နာမည်နဲ့ပြုလုပ်တဲ့ ဆိုးသွမ်းတဲ့အရာတွေကို ထောက်ပြပြီး ဘာသာတရားမရှိရင် ကမ္ဘာကြီးဟာ ပိုကောင်းလာမယ်လို့ ယူဆကြတယ်။ မိတ်ဆွေကော ဘယ်လိုထင်သလဲ။ [တုံ့ပြန်မှုကို စောင့်ပါ။] မှားယွင်းတဲ့ဘာသာတရားကြောင့် ဆင်းရဲဒုက္ခဖြစ်ရတဲ့အကြောင်းရင်းတစ်ခုကို ဒီမှာဖော်ပြထားတယ်။ [၂ တိမောသေ ၄:၃၊ ၄ ကိုဖတ်ပါ။] ဘုရားမဲ့ဝါဒီတွေရဲ့ကျိုးကြောင်းဆင်ခြင်မှုမှာရှိတဲ့ အားနည်းချက်တချို့ကို ဒီမဂ္ဂဇင်းက ထောက်ပြထားတယ်။”