ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၁၁ စာ. ၁
  • ကောင်းတဲ့သက်သေခံချက်ဖြစ်ပါလိမ့်မယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကောင်းတဲ့သက်သေခံချက်ဖြစ်ပါလိမ့်မယ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူတို့ကို ကြိုဆိုပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • အောက်မေ့ရာပွဲတက်ရောက်သူများကို မည်သို့ကူညီပေးနိုင်သနည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ဧည့်သည်များကို ကြိုဆိုပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
  • သတိရအောက်မေ့ပွဲတွင် သူတို့အား လှိုက်လှဲစွာ ကြိုဆိုပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
နဓ ၄/၁၁ စာ. ၁

ကောင်းတဲ့သက်သေခံချက်ဖြစ်ပါလိမ့်မယ်

၁။ အောက်မေ့ရာပွဲဟောပြောချက်အပြင် တခြားဘယ်အရာတွေကလည်း ဧည့်သည်တွေအတွက် စိတ်စွဲမှတ်စရာဖြစ်စေသလဲ။ ရှင်းပြပါ။

၁ ဘယ်အချိန်မှာလဲ။ အောက်မေ့ရာပွဲညမှာဖြစ်တယ်။ ဒီပွဲကို ကျွန်ုပ်တို့နဲ့အတူတက်ရောက်ဖို့ လူတွေကို ဖိတ်ခေါ်ရာမှာ ကျွန်ုပ်တို့ ကြိုးစားနေကြတယ်။ ကြားရတဲ့အရာတွေကပဲ ဧည့်သည်တွေကို စိတ်စွဲမှတ်စေတာမဟုတ်ဘူး။ အောက်မေ့ရာပွဲတက်ပြီးနောက် အမျိုးသမီးတစ်ဦးက သူမြင်ခဲ့ရတဲ့ လူတွေရဲ့ရင်းနှီးဖော်ရွေမှုနဲ့ စေတနာ့ဝန်ထမ်းတွေရဲ့လုပ်ဆောင်မှုကြောင့် သန့်ရှင်းလှပနေတဲ့ နိုင်ငံတော်ခန်းမအကြောင်း ချီးမွမ်းပြောဆိုခဲ့တယ်။ ဒါကြောင့် ဟောပြောသူသာမက ကျွန်ုပ်တို့အားလုံးက နှစ်ရဲ့အရေးအကြီးဆုံး ဒီအခါသမယမှာ သက်သေခံချက်တစ်ခုဖြစ်စေဖို့ ပါဝင်လုပ်ဆောင်ကြတယ်။—ဧ. ၄:၁၆။

၂။ ကျွန်ုပ်တို့တစ်ဦးစီက ဧည့်သည်တွေကို ဘယ်လိုသက်သေခံချက်ပေးနိုင်သလဲ။

၂ ဧည့်သည်တွေကို ရင်းနှီးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ပါ– ကျွန်ုပ်တို့ရဲ့ ရင်းနှီးဖော်ရွေတဲ့အပြုံး၊ လှိုက်လှဲတဲ့နှုတ်ဆက်စကားက ဧည့်သည်တွေအတွက် သက်သေခံချက်တစ်ခု ဖြစ်ပါလိမ့်မယ်။ (ယော. ၁၃:၃၅) ယောက်တိုင်းနဲ့ စကားမပြောနိုင်ရင်တောင် သင့်အနားမှာရှိတဲ့သူတွေနဲ့ ရင်းနှီးလှိုက်လှဲစွာ မိတ်ဆက်နိုင်ပါတယ်။ (ဟေဗြဲ ၁၃:၁၊ ၂) အသိအကျွမ်းရှိပုံမရတဲ့ဧည့်သည်တွေကို ဂရုစိုက်ပေးပါ။ သူတို့က ကင်ပိန်းကာလမှာ ဖိတ်စာရထားတဲ့သူတွေ ဖြစ်နိုင်တယ်။ “ဒါ ပထမဆုံးအကြိမ် ရောက်ဖူးတာလား” လို့မေးနိုင်တယ်။ သူတို့ကို သင်နဲ့အတူထိုင်ဖို့ဖိတ်ခေါ်ပြီး သူတို့မေးလှာတဲ့မေးခွန်းတွေကို ဖြေပေးပါ။ ဒီအဆောက်အဦကို နောက်အသင်းတော်တစ်ခုဆက်သုံးနိုင်ဖို့ သင့်အသင်းတော်က အောက်မေ့ရာပွဲပြီးတာနဲ့ ထွက်သွားဖို့လိုတယ်ဆိုရင် ဒီလိုပြောပါ– “ဒီအစီအစဉ်ကို ဘယ်လိုသဘောရသလဲဆိုတာ သိချင်တယ်။ ဘယ်လိုဆက်သွယ်ရမလဲ။”

၃။ မလှုပ်မရှားဖြစ်နေတဲ့သူတွေကို ကျွန်ုပ်တို့ဘယ်လိုကြိုဆိုနိုင်သလဲ။

၃ မလှုပ်မရှားဖြစ်နေသူတွေကို ကြိုဆိုပါ– မလှုပ်မရှားဖြစ်နေသူတွေလည်း လာတက်ကြမှာ သေချာတယ်။ တချို့က တစ်နှစ်မှတစ်ခါ အောက်မေ့ရာပွဲတက်ကြတဲ့သူတွေဖြစ်တယ်။ သူတို့ကိုကြိုဆိုပြီး သူတို့ကိုတွေ့ရလို့ သင်တကယ်ဝမ်းသာတယ်ဆိုတာ သိစေပါ။ (ရော. ၁၅:၇) အောက်မေ့ရာပွဲနောက်ပိုင်းမှာ အကြီးအကဲတွေက သူတို့အိမ်ကိုသွားပြီး အသင်းတော်နဲ့ပြန်ပေါင်းသင်းဖို့ သူတို့ကို အားပေးနိုင်တယ်။ တက်ရောက်လာသူတွေက သူတို့ကြားရတဲ့အရာကြောင့်သာမက ‘ကျွန်ုပ်တို့ရဲ့ ကောင်းသောအကျင့်ကိုမြင်ပြီး ဘုရားသခင့်ဘုန်းတော်ကို ချီးမွမ်း’ ဖို့ လှုံ့ဆော်ခံရပါစေလို့ ကျွန်ုပ်တို့ ဆုတောင်းပါတယ်။—၁ ပေ. ၂:၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ