ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၁၃ စာ. ၂
  • သူတို့ကို ကြိုဆိုပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူတို့ကို ကြိုဆိုပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကောင်းတဲ့သက်သေခံချက်ဖြစ်ပါလိမ့်မယ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • ဧည့်သည်များကို ကြိုဆိုပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
  • အောက်မေ့ရာပွဲတက်ရောက်သူများကို မည်သို့ကူညီပေးနိုင်သနည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • သတိရအောက်မေ့ပွဲတွင် သူတို့အား လှိုက်လှဲစွာ ကြိုဆိုပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
နဓ ၃/၁၃ စာ. ၂

သူတို့ကို ကြိုဆိုပါ

၁။ ဘယ်အချိန်မှာ အကောင်းဆုံး သက်သေခံခွင့်ရသလဲ။ ဘာကြောင့်လဲ။

၁ နှစ်စဉ်ကျင်းပတဲ့ သတိရအောက်မေ့ပွဲက သက်သေခံလို့ အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ သတိရအောက်မေ့ပွဲကို တက်ရောက်မယ့် ဧည့်သည်တွေက ဆယ်သန်းကျော်မယ်လို့ မျှော်လင့်ရပြီး သူတို့ဟာ ရွေးနုတ်ဖိုးအားဖြင့် အကြီးမားဆုံးမေတ္တာကို ဖော်ပြခဲ့တဲ့ ပုဂ္ဂိုလ်နှစ်ဦးရဲ့အကြောင်းကို ကြားနာရပါလိမ့်မယ်။ (ယော. ၃:၁၆; ၁၅:၁၃) ယေဟောဝါဘုရားသခင်ပေးတဲ့ ဆုကျေးဇူးကြောင့် ရရှိနိုင်မယ့် ကောင်းချီးတွေအကြောင်း သူတို့သိရှိလာပါလိမ့်မယ်။ (ဟေရှာ. ၆၅:၂၁-၂၃) ဟောပြောသူတစ်ယောက်ထဲကပဲ သက်သေခံခွင့်ရတာမဟုတ်ပါဘူး။ တက်ရောက်သူ ညီအစ်ကိုညီအစ်မအားလုံးဟာ ဧည့်သည်တွေကို ကြိုဆိုခြင်းအားဖြင့် အကောင်းဆုံးသက်သေခံခွင့် ရရှိကြပါမယ်။—ရော. ၁၅:၇။

၂။ ဧည့်သည်တွေကို ဘယ်လို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနိုင်မလဲ။

၂ အစီအစဉ်စမယ့်အချိန်ကို အေးအေးဆေးဆေး ထိုင်စောင့်နေမယ့်အစား ဘေးနားမှာထိုင်နေတဲ့သူတွေကို ကိုယ့်ဘက်ကနေ အစပြုပြီး မိတ်ဆက်ပါ။ ဧည့်သည်တွေဟာ ဘာတွေ ဖြစ်လာမယ်ဆိုတာကို မသိတဲ့အတွက် စိုးရွံ့နေမှာဖြစ်တယ်။ သူတို့ကို ပြုံးပြပြီး ဖော်ဖော်ရွေရွေ နှုတ်ဆက်မယ်ဆိုရင် သူတို့ အနေမကျုံ့တော့ဘဲ စိတ်သက်သာရာရကြမှာဖြစ်တယ်။ ဧည့်သည်တစ်ယောက်က ဖိတ်စာရလို့ ရောက်လာတယ်ဆိုရင် ဒီပွဲကိုတက်တာ ပထမဆုံးအကြိမ်လား ဒါမှမဟုတ် ညီအစ်ကိုညီအစ်မတစ်ယောက်ယောက်နဲ့ သိသလားလို့ မေးနိုင်တယ်။ ပြီးရင် သူ့ကို သင့်ဘေးနားမှာ ခေါ်ထိုင်ပါ။ ကျမ်းစာဖတ်တဲ့အခါ၊ သီချင်းဆိုတဲ့အခါ သူ့ကိုလည်း ပြပေးပါ။ အောက်မေ့ရာပွဲကို နိုင်ငံတော်ခန်းမမှာ ကျင်းပတယ်ဆိုရင် သူ့ကို ခဏတစ်ဖြုတ် လှည့်လည်ပြသပေးနိုင်ပါတယ်။ ဟောပြောချက်ပြီးသွားတဲ့အခါ သူသိချင်တာတွေကို ဖြေကြားပေးပါ။ နောက်အသင်းတော်တစ်ခု အသုံးပြုဖို့အတွက် သင့်အသင်းတော်က ခန်းမကနေ ချက်ချင်း ထွက်ပေးရမယ်ဆိုရင် “ဒီအစီအစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေရဲ့ ထင်မြင်ချက်ကို သိချင်ပါတယ်။ မိတ်ဆွေနဲ့ ဆက်သွယ်လို့ရမလား” ဆိုပြီး သူ့ကို မေးနိုင်ပါတယ်။ အဲဒီနောက် သူ့ကိုဆက်သွယ်ဖို့ စီစဉ်ပါ။ အကြီးအကဲတွေဟာ အထူးသဖြင့် တက်ရောက်လာတဲ့ မလှုပ်မရှားကြေညာသူတွေကို အားပေးဖို့ သတိရှိနေရပါမယ်။

၃။ အောက်မေ့ရာပွဲကို တက်ရောက်လာတဲ့ ဧည့်သည်တွေကို ကြိုဆိုဧည့်ခံဖို့ ဘာကြောင့် အရေးကြီးတာလဲ။

၃ ဧည့်သည်တော်တော်များများဟာ ယေဟောဝါဘုရားသခင့် လူမျိုးတော်အလယ်မှာရှိတဲ့ ပျော်ရွှင်မှု၊ ငြိမ်သက်မှုနဲ့ စည်းလုံးမှုကို ဦးဆုံးအကြိမ် တွေ့မြင်တာဖြစ်ပါလိမ့်မယ်။ (ဆာ. ၂၉:၁၁; ဟေရှာ. ၁၁:၆-၉; ၆၅:၁၃၊ ၁၄) ဧည့်သည်တွေဟာ အောက်မေ့ရာပွဲကို တက်ရောက်ပြီးတဲ့နောက် ဘယ်အချက်တွေကို အမှတ်ရကြမလဲ။ အများအားဖြင့် ကျွန်ုပ်တို့ရဲ့ ကြိုဆိုဧည့်ခံပုံတွေကို အမှတ်ရကြမှာဖြစ်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ