အောက်မေ့ရာပွဲတက်ရောက်သူများကို မည်သို့ကူညီပေးနိုင်သနည်း
၁။ မတ် ၂၂၊ ၂၀၀၈ တွင် အဘယ်ခိုင်လုံသည့်သက်သေခံချက်ကို ရရှိမည်နည်း။
၁ မတ် ၂၂၊ ၂၀၀၈ တွင် ကမ္ဘာတစ်ဝန်းမှ သန်းပေါင်းများစွာသောသူတို့သည် ခိုင်လုံပြည့်စုံသည့် သက်သေခံချက်တစ်ရပ်ရရှိလိမ့်မည်။ လူသားများအတွက် ရွေးနုတ်ဖိုးပြင်ဆင်ပေးခြင်းဖြင့် ပြသခဲ့သည့် ယေဟောဝါ၏ကြီးမားသည့် မေတ္တာတော်အကြောင်း အောက်မေ့ပွဲတက်ရောက်သူများ ကြားနာရလိမ့်မည်။ (ယော. ၃:၁၆) ထိုသူတို့သည် နိုင်ငံတော်အကြောင်းနှင့် ကမ္ဘာမြေကြီးပေါ် ကိုယ်တော်၏အလိုတော်ပြည့်စုံရန် ၎င်းကိုယေဟောဝါမည်ကဲ့သို့အသုံးပြုမည်တို့ကို သိရှိရလိမ့်မည်။ (မ. ၆:၉၊ ၁၀) ထိုသူတို့သည် ဘုရားသခင့်လူမျိုးတော်၏ ချစ်ခြင်းမေတ္တာနှင့် စည်းလုံးမှု၊ နွေးထွေးပျူငှာသည့် ဧည့်ဝတ်ကျေပွန်မှုတို့ကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ရလိမ့်မည်။—ဆာ. ၁၃၃:၁။
၂။ ကျွန်ုပ်တို့သည် အောက်မေ့ရာပွဲတက်ရောက်သည့်ကျမ်းစာသင်သားများကို မည်ကဲ့သို့ကူညီနိုင်သနည်း။
၂ ကျမ်းစာသင်သားများ– အချို့သောတက်ရောက်သူများသည် ကျမ်းစာကို ကျွန်ုပ်တို့နှင့်အတူ စတင်လေ့လာရုံသာ ရှိပေလိမ့်မည်။ ထိုသူတို့ကို ညီအစ်ကို၊ ညီအစ်မများနှင့် မိတ်ဆက်ပေးပါ။ ပတ်စဉ်အစည်းအဝေးများအကြောင်းပြောပြပြီး နိုင်ငံတော်ခန်းမကို တစ်ခဏလှည့်လည်ပြသပါ။ ဟောပြောချက်ပေးနေစဉ် ဟောပြောသူသည် ထိုသူတို့ကို ယေဟောဝါနှင့် သူတို့၏ဆက်ဆံရေး ဆက်လက်တိုးတက်နေရန် တိုက်တွန်းအားပေးလိမ့်မည်။ သင်၏ကျမ်းစာသင်သားကိုအားပေးရာတွင် ဟောပြောသူ၏မှတ်ချက်များကို အခြေခံ၍ အသုံးပြုနိုင်သည်။
၃။ ပွဲတော်တက်ရောက်သည့် မလှုပ်ရှားသောကြေညာသူများကို မည်ကဲ့သို့အားပေးနိုင်သနည်း။
၃ မလှုပ်ရှားသောကြေညာသူများ– အချို့သောတက်ရောက်သူများသည် မလှုပ်ရှားသောကြေညာသူများ ဖြစ်ပေမည်။ ထိုသူတို့ကို နွေးထွေးစွာလှိုက်လှိုက်လှဲလှဲနှုတ်ဆက်ရန် ကြိုးစားအားထုတ်ပါ။ ကိုယ်ရေးကိုယ်တာကိစ္စများမေးခြင်းနှင့် ၎င်းတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေမည့် အကြောင်းအရာများပြောခြင်းတို့ကို ရှောင်ပါ။ အကြီးအကဲများသည် အောက်မေ့ရာပွဲပြီး ရက်အနည်းငယ် သို့မဟုတ် သီတင်းပတ်အနည်းငယ် ကြာပြီးသည့်နောက် ပွဲတော်တက်ရောက်ခဲ့သည့် မလှုပ်ရှားသောကြေညာသူများထံ သွားရောက်လည်ပတ်သင့်ကာ ထိုသူတို့၏ တက်ရောက်ရန်ကြိုးစားအားထုတ်ရာများအတွက် ချီးမွမ်းပေးပြီး လာမည့်အသင်းတော်အစည်းအဝေးများကိုလည်းတက်ရန် နွေးထွေးစွာဖြင့် ဖိတ်ခေါ်ပါ။
၄။ ကျွန်ုပ်တို့တစ်ဦးစီသည် ဧည့်သည်များကို မည်ကဲ့သို့ကူညီနိုင်သနည်း။
၄ ဧည့်သည်များ– ရောက်ရှိနေသူအချို့သည် ကျွန်ုပ်တို့ဖိတ်ခေါ်ထားသည့် မိတ်ဆွေများနှင့် မိသားစုဝင်များ ဖြစ်လိမ့်မည်။ အချို့မှာ အထူးကင်ပိန်းအတောအတွင်း ဖိတ်စာများရရှိသောကြောင့်ဖြစ်လိမ့်မည်။ အကယ်၍ သင်သည် တစ်ဦးချင်းစီအား မသိသေးလျှင် ကိုယ်တိုင်အစပြုမိတ်ဆက်ကာ ကြိုဆိုပါ။ ထိုသူတို့သည် ကျွန်ုပ်တို့၏အစည်းအဝေးများကို တစ်ခါမျှမတက်ရောက်ဖူးသူလည်း ဖြစ်နိုင်သည်။ စကားစမြည်ပြောဆိုနေစဉ် ၎င်းတို့အားမည်ကဲ့သို့ဆက်သွယ်နိုင်ကြောင်း သင်သိရှိလာနိုင်သည်။ သတိရအောက်မေ့ပွဲပြီးနောက် ရက်အနည်းငယ်အကြာတွင် ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း သို့မဟုတ် တယ်လီဖုန်းဆက်ခြင်းအားဖြင့် ထိုသူတို့ကို ပိုမိုသင်ယူရန်အားပေးနိုင်ပြီး ကျမ်းစာသင်အံမှုကမ်းလှမ်းနိုင်သည်။
၅။ ကျမ်းစာသင်အံမှုတစ်ခုစတင်ရန် ကျွန်ုပ်တို့မည်သို့ပြောဆိုနိုင်သနည်း။
၅ သတိရအောက်မေ့ပွဲဟောပြောချက်မှ အချက်အလက်များကိုအခြေခံ၍ ပြန်လည်ပတ်မှုတွင် သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကို မိတ်ဆက်ပေးနိုင်သည်။ ဥပမာ၊ သတိရအောက်မေ့ပွဲဟောပြောချက်ပေးသူသည် ဟေရှာယ ၆၅:၂၁-၂၃ ကိုဖတ်မည်။ ပြန်လည်ပတ်မှုတွင် ဟောပြောချက်ကိုပြောပြပြီး ဤကဲ့သို့ပြောနိုင်သည်– “ရွေးနှုတ်ဖိုးကဖြစ်စေနိုင်တဲ့ တခြားကောင်းချီးတွေအကြောင်း မိတ်ဆွေကိုပြောပြပါရစေ။” ထို့နောက် သမ္မာကျမ်းစာသွန်သင်ရာစာအုပ် စာမျက်နှာ ၄-၅ ကိုသုံးသပ်ပါ။ သို့မဟုတ် ဤကဲ့သို့ပြောနိုင်သည်– “ဟေရှာယရဲ့ပရောဖက်ပြုချက် ပြည့်စုံတာကို ကျွန်တော်တို့ ဘယ်အချိန်ခံစားရမယ့်အကြောင်း လူများစွာ သိချင်ကြတယ်။” ထို့နောက် အခန်း ၉၊ စာပိုဒ် ၁-၃ ကိုသုံးသပ်ပါ။ လွယ်ကူသည့်နောက်တစ်နည်းမှာ သတိရအောက်မေ့ပွဲဟောပြောချက်ပေးသူ၏ မှတ်ချက်များကိုအသုံးပြု၍ သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကို မိတ်ဆက်ကာ လေ့လာပုံကို သရုပ်ပြပါ။
၆။ ယေရှု၏အမိန့်ကိုနာခံကာ ကိုယ်တော်၏သေခြင်းအောက်မေ့ရာပွဲကျင်းပချိန်၌ ကျွန်ုပ်တို့တွင် မည်သည့်အခွင့်အလမ်းများရှိသနည်း။
၆ ကျွန်ုပ်တို့ယောက်တိုင်းသည် သတိရအောက်မေ့ပွဲတက်ရောက်သည့် ကျမ်းစာသင်သားများ၊ မလှုပ်ရှားသည့်ကြေညာသူများနှင့် ဧည့်သည်များအား ကူညီနိုင်မည့်အခွင့်အလမ်းများကို ရှာဖွေနေကြပါစို့။ (လု. ၂၂:၁၉) နိုင်ငံတော်ဓမ္မအမှုလုပ်ငန်းအတွက် ကျွန်ုပ်တို့၏တိုးချဲ့လုပ်ဆောင်မှုမှန်သမျှကို ယေဟောဝါကောင်းချီးပေးပါလိမ့်မည်။