အောက်မေ့ရာပွဲအတွက် ကင်ပိန်းကို မတ် ၁၇ မှာ စတင်မယ်
၁။ မတ် ၁၇ မှာ ဘာကင်ပိန်းစတင်မလဲ။
၁ နှစ်စဉ် အောက်မေ့ရာပွဲ ကျင်းပခြင်းအားဖြင့် ယေရှုအသေခံပေးခဲ့တဲ့အကြောင်း ကျွန်ုပ်တို့ ကြွေးကြော်ကြတယ်။ (၁ ကော. ၁၁:၂၆) ဒါကြောင့် ကျွန်ုပ်တို့ဟာ တခြားသူတွေကို အောက်မေ့ရာပွဲလာတက်စေချင်တယ်၊ ယေဟောဝါ မေတ္တာနဲ့ပြင်ဆင်ပေးထားတဲ့ ရွေးနုတ်ဖိုးဆုကျေးဇူးအကြောင်း သူတို့ကို ကြားစေချင်တယ်။ (ယော. ၃:၁၆) ဒီနှစ် အောက်မေ့ရာပွဲကိုဖိတ်ခေါ်တဲ့ ကင်ပိန်းက မတ် ၁၇၊ စနေနေ့မှာ စတင်ပါလိမ့်မယ်။ ဒီကင်ပိန်းကာလအတွင်းမှာ သင် အတတ်နိုင်ဆုံးပါဝင်မလား။
၂။ ဖိတ်စာကို ဘယ်လိုဝေငှနိုင်သလဲ။
၂ တင်ဆက်နိုင်ပုံ– အတိုချုပ်ဖိတ်ခေါ်တာက အကောင်းဆုံးပါပဲ။ ကျွန်ုပ်တို့ဒီလိုပြောနိုင်ပါတယ်– “မင်္ဂလာပါ၊ ဧပြီ ၅ ရက်နေ့မှာ ကမ္ဘာတစ်ဝန်းလုံးမှာနှစ်စဉ်ကျင်းပတဲ့ အရေးကြီးတဲ့ အောက်မေ့ရာပွဲကို တက်ရောက်ဖို့ မိတ်ဆွေတို့မိသားစုကို လာဖိတ်တာပါ။ ယေရှုရဲ့သေခြင်းက ဘာကိုဖြစ်မြောက်စေသလဲ၊ ယေရှု အခု ဘာလုပ်နေသလဲ ဆိုတဲ့အကြောင်းကို အခမဲ့ ဟောပြောပါလိမ့်မယ်။ ဒီဖိတ်စာမှာပါတဲ့ နေရာမှာ၊ ဖော်ပြထားတဲ့အချိန်မှာ ကျင်းပမှာ ဖြစ်ပါတယ်။” စနေ၊ တနင်္ဂနွေမှာ သင့်လျော်တဲ့အခါတိုင်း မဂ္ဂဇင်းတွေနဲ့အတူ ဝေသင့်ပါတယ်။
၃။ လူများနိုင်သမျှများများကို ဘယ်လိုဖိတ်နိုင်သလဲ။
၃ များနိုင်သမျှများများကို ဖိတ်ခေါ်ပါ– ကျွန်ုပ်တို့ရဲ့ ပန်းတိုင်က လူများနိုင်သမျှများများကို ဖိတ်ခေါ်ဖို့ပါ။ အဲဒါကြောင့် သင့်ရဲ့ ကျမ်းစာသင်အံမှုတွေ၊ ပြန်လည်ပတ်မှုတွေ၊ ဆွေမျိုးတွေ၊ အလုပ်ဖော်တွေ၊ ကျောင်းနေဖက်တွေ၊ အိမ်နီးနားချင်းတွေနဲ့ တခြားအသိမိတ်ဆွေတွေကို ဖိတ်ဖြစ်အောင်ဖိတ်ပါ။ ဒေသခံအကြီးအကဲတွေက ရပ်ကွက်ကို ဘယ်လိုပြီးစီးအောင်လုပ်မလဲ ဆိုတာ စီစဉ်ညွှန်ကြားပေးပါလိမ့်မယ်။ နှစ်စဉ်ပြုလုပ်တဲ့ အောက်မေ့ရာပွဲကင်ပိန်းက ရလဒ်ကောင်းတွေ ရရှိတယ်။ မနှစ်က အစည်းအဝေးကျင်းပတဲ့နေရာကို အမျိုးသမီးတစ်ယောက် ဝင်လာတဲ့အခါ ဧည့်ကြိုက ဘယ်သူ့ကို ရှာပေးရမလဲလို့ မေးလိုက်တယ်။ ဒါပေမဲ့ အမျိုးသမီးက ဘယ်သူ့ကိုမှမသိပါဘူးလို့ပြောတယ်။ အဲဒီနေ့မနက် အမှုဆောင်ထွက်တဲ့သူတစ်ယောက်ယောက်ဆီကနေ သူဖိတ်စာရထားလို့ဖြစ်တယ်။
၄။ ဘာကြောင့် ကင်ပိန်းမှာ ထက်ထက်သန်သန်နဲ့ ပါသင့်သလဲ။
၄ သင်ဝေငှတဲ့ဖိတ်စာကြောင့် အောက်မေ့ရာပွဲကို တစ်ယောက်ယောက် တက်ရောက်လာနိုင်ပါတယ်။ တစ်ယောက်ယောက် တက်ရောက်လာသည်ဖြစ်စေ၊ မတက်ရောက်သည်ဖြစ်စေ သင့်ရဲ့ ဝီရိယရှိရှိကြိုးစားမှုက သက်သေခံချက်တစ်ရပ်ဖြစ်ပါလိမ့်မယ်။ အခုအချိန်မှာ ယေရှုဟာ တန်ခိုးကြီးတဲ့ဘုရင်ဖြစ်နေပြီဆိုတာကို သင်ဝေငှတဲ့ဖိတ်စာက ဖော်ပြပါတယ်။ ဇွဲထက်ထက်သန်သန်နဲ့ သင်ပါဝင်တာက သင်ဟာ ရွေးနုတ်ဖိုးကို အလွန်တန်ဖိုးထားကြောင်း သင့်ရပ်ကွက်မှာရှိတဲ့သူတွေ၊ ကြေညာသူချင်းတွေ၊ အရေးအကြီးဆုံးက ယေဟောဝါဘုရားသခင်ကို ဖော်ပြရာရောက်တယ်။—ကော. ၃:၁၅။