ရပ်လိုက်ရမလား
လယ်ကွင်းလုပ်ငန်းပါဝင်နေချိန်မှာ တချို့ကြေညာသူတွေက အချိန်တစ်ချိန်ချိန်ပြည့်တာနဲ့ ရပ်လိုက်တတ်ကြတယ်။ တချို့သူတွေရဲ့အခြေအနေအရ သတ်မှတ်ထားတဲ့ အချိန်တစ်ခုမှာ ရပ်လိုက်ဖို့ လိုအပ်တဲ့အခါမျိုးရှိနိုင်ပါတယ်။ အုပ်စုထဲက တခြားသူတွေရပ်လိုက်တာနဲ့ပဲ သင်ကော ရပ်လိုက်ရမလား။ အချိန်တစ်ချိန်ချိန်မှာအမှုဆောင်ရပ်လိုက်တာက သင့်ဒေသမှာထုံးစံလိုဖြစ်နေတာနဲ့ပဲ သင်ကော ရပ်လိုက်ရမလား။ သင့်အနေနဲ့ နောက်ထပ်အချိန်အနည်းငယ် ဆက်ပြီးအမှုဆောင်နိုင်မလား၊ လမ်းပေါ်သက်သေခံခြင်းလိုမျိုး အမှုဆောင်တဲ့ပုံစံတစ်ခုခုမှာ ဆက်ပါဝင်နိုင်မလား။ အိမ်အပြန်လမ်းမှာရှိတဲ့ ပြန်လည်ပတ်မှု တစ်ခု၊ နှစ်ခုဝင်လည်ပတ်နိုင်မလား။ စိတ်ဝင်စားသူတစ်ယောက်ကို တွေ့ခွင့်ရမယ်၊ ဒါမှမဟုတ် လမ်းသွားလမ်းလာ တစ်ယောက်ယောက်ကို မဂ္ဂဇင်းတွေ ထပ်ဝေခွင့်ရမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲဆိုတာ စဉ်းစားကြည့်ပါ။ ရပ်ကိုရပ်လိုက်ရမယ့် အခြေအနေမျိုးမဟုတ်ဘူးဆိုရင် နောက်ထပ်အချိန်အနည်းငယ် ဆက်အမှုဆောင်ခြင်းက ကျွန်ုပ်တို့ရဲ့ “ချီးမွမ်းခြင်းယဇ်” ကို ထပ်ဆင့်တိုးပူဇော်ခွင့်ရစေတဲ့ ရိုးရှင်းတဲ့နည်းတစ်ခုဖြစ်တယ်။—ဟေဗြဲ ၁၃:၁၅။