ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၁၅ စာ. ၂
  • လက်တွန်းစင်နဲ့ သက်သေခံပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လက်တွန်းစင်နဲ့ သက်သေခံပုံ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိတ်လှုပ်ရှားစရာကောင်းတဲ့ နည်းလမ်းသစ်နဲ့ လူထုရှေ့သက်သေခံခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • လူအများရှေ့သက်သေခံခြင်း အစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—အလွတ်သဘော သက်သေခံနိုင်ဖို့ အစပြုစကားပြောဆိုပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • လမ်းပေါ်သက်သေခံခြင်းက ထိရောက်မှုရှိ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
နဓ ၄/၁၅ စာ. ၂

လက်တွန်းစင်နဲ့ သက်သေခံပုံ

လက်တွန်းစင်နဲ့ သက်သေခံတာက စိတ်နှလုံးရိုးဖြောင့်သူတွေကို အမှန်တရားဆီ သွေးဆောင်တဲ့နေရာမှာ ထိရောက်တဲ့ နည်းလမ်းကောင်းဖြစ်ပါတယ်။ (ယော. ၆:၄၄) ဒါကြောင့် လူသွားလူလာများတဲ့ နေရာတွေရှိတဲ့ အသင်းတော်နယ်မြေတွေမှာ လူထုရှေ့သက်သေခံခြင်းကို စီစဉ်လုပ်ဆောင်ဖို့ အကြီးအကဲတွေကို အားပေးထားပါတယ်။ လက်တွန်းစင်တွေက အသေတပ်ထားတဲ့ စင်တွေမဟုတ်တာကြောင့် အများအားဖြင့် အာဏာပိုင်တွေဆီက ခွင့်ပြုချက် တောင်းစရာမလိုပါဘူး။ ဘယ်သူတွေ ပါဝင်ဖို့ အရည်အချင်းပြည့်မီသလဲ။ ကောင်းကောင်းချင့်ချိန်ဆုံးဖြတ်နိုင်သူ၊ မိမိကိုယ်ကိုယ် သိက္ခာရှိရှိ မိတ်ဆက်နိုင်သူ၊ ယဉ်ကျေးဖော်ရွေတဲ့သူတွေ ဖြစ်ပါတယ်။ အောက်ပါ ဆောင်ရန်၊ ရှောင်ရန်တွေက လူထုရှေ့သက်သေခံခြင်းလုပ်ငန်းအောင်မြင်ဖို့ ထောက်ကူပေးပါလိမ့်မယ်။

ဆောင်ရန်–

  • ဖြတ်သွားဖြတ်လာတွေကို ဖော်ဖော်ရွေရွေနဲ့ ကူညီပေးလိုစိတ်ရှိပါ။ တာဝန်ကျညီအစ်ကို ညီအစ်မ တချို့က လှိုက်လှိုက်လှဲလှဲ ပြုံးပြပြီး နှုတ်ဆက်စကားပြောကြတယ်။ စင်နားကို တစ်ယောက်ယောက်ကပ်လာပြီးဆိုရင် “ကြိုက်တာကို ယူသွားနိုင်ပါတယ်” လို့ပြောပါ။

  • စင်နဲ့ နည်းနည်းခွာပြီး ရပ်နေပါ။ တချို့နေရာ တွေမှာ စင်နဲ့ ပေနည်းနည်းခွာပြီး ရပ်နေတာက အောင်မြင်မှုရခဲ့တယ်။ ဒါပေမဲ့ တခြားနေရာတွေမှာတော့ အဲဒီလိုရပ်ရင် ဖြတ်သွားဖြတ်လာတွေ စင်နားလာဖို့ တွန့်ဆုတ်တဲ့အတွက် စင်နဲ့ ခပ်လှမ်းလှမ်းမှာရပ်ပြီး တစ်ယောက်ယောက်ကပ်လာတဲ့အထိ စောင့်ပါ။ တစ်ယောက်ယောက် စင်နားကပ်လာပြီးဆိုမှ “ဒီအကြောင်းကို အရင်တုန်းက စဉ်းစားဖူးလား” လို့မေးပြီး သူ့နဲ့ စကားစမြည် ကြိုးစားပြောကြည့်ပါ။

  • ဖြစ်နိုင်တဲ့အခါတိုင်း ကျမ်းစာသုံးပါ။

  • သွန်သင်ရာစာအုပ်လိုမျိုး ကျမ်းစာလေ့လာမှု စာပေတစ်ခုခု ယူသွားတဲ့သူတိုင်းကို ကျမ်းစာလေ့လာမှု အစီအစဉ်အကြောင်း ရှင်းပြပါ။ သမ္မာကျမ်းစာကို ဘာကြောင့်လေ့လာသင့်သလဲ ဗီဒီယိုကို ဖုန်း၊ တက်ဘလက်နဲ့ ပြချင်တယ်လို့ ပြောပါ။

  • ဖြစ်နိုင်မယ်ဆိုရင် စိတ်ဝင်းစားသူနဲ့ပတ်သက်တဲ့အကြောင်းတွေ မှတ်ထားပါ။ တကယ်လို့ စိတ်ဝင်စားသူက ကိုယ့်ရပ်ကွက်က မဟုတ်ဘူးဆိုရင် ကျေးဇူးပြု၍ဆက်လိုက်ပေးပါ (S-43) ဖောင်ကိုဖြည့်ပြီး အတွင်းရေးမှူးဆီ အမြန်ဆုံးပို့ပေးပါ။

ရှောင်ရန်–

  • မှုန်ကုပ်ကုပ်နေတာ၊ ဇွတ်အတင်းခေါ်တာ၊ စင်နားမှာ ကင်းစောင့်တစ်ယောက်လို ရပ်နေတာမျိုး မလုပ်ပါနဲ့။

  • လူထုရှေ့သက်သေခံခြင်းကို စာပေဝေငှရုံပဲလို့ မရှုမြင်ပါနဲ့။ ကျွန်ုပ်တို့ အမှုဆောင်တဲ့အခါတိုင်း သင်အံမှုရဖို့ ပန်းတိုင်ထားတဲ့အတွက် တွေ့တဲ့သူတိုင်းနဲ့ စကားစမြည်ပြောဖို့ ကြိုးစားကြတယ်။

  • လက်တွန်းစင်ရှေ့မှာ ပိတ်ရပ်နေတာ၊ ကိုယ့်အဖော်နဲ့ လေကန်နေတာမျိုး မလုပ်ပါနဲ့။ ကိုယ့်ရေးကိုယ်တာကိစ္စအတွက် မဖြစ်မနေ ဖုန်းဆက်ရမယ်ဆိုရင် စင်နဲ့ ခပ်လှမ်းလှမ်းကိုသွားပြီး ဖုန်းပြောသင့်ပါတယ်။

  • အတိုက်အခံလုပ်သူတွေနဲ့ အငြင်းမပွားပါနဲ့။ တကယ်လို့ အတိုက်အခံလုပ်သူက ရိုင်းစိုင်းလာပြီဆိုရင် တခြားတစ်နေရာကို ပြောင်းရွှေ့နိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ