ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၄ အမှတ် ၁ စာ. ၁၄-၁၅
  • အမှားနဲ့ အမှန်– သင် ရွေးချယ်ဆုံးဖြတ်ရမယ့်အရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမှားနဲ့ အမှန်– သင် ရွေးချယ်ဆုံးဖြတ်ရမယ့်အရာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမှားအမှန်နဲ့ပတ်သက်တဲ့ ကျမ်းစာစံနှုန်းတွေ အခုချိန်ထိ အရေးပါနေဆဲလား
    ထပ်ဆင့် အကြောင်းအရာများ
  • ဖြောင့်မတ်မှုကို ဘုရားလူမျိုး ချစ်မြတ်နိုး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • မည်သူ့စံနှုန်းများကို သင်ယုံကြည်စိတ်ချနိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • အမှားနဲ့ အမှန်– စိတ်ချရတဲ့ လမ်းညွှန် ကျမ်းစာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၄
ကလ၂၄ အမှတ် ၁ စာ. ၁၄-၁၅
ရှေ့ဆောင်းပါးတွေမှာ ပါတဲ့ လူငယ် တောင်ထိပ် ရောက်သွားပြီးနောက် ဟိုးအဝေးကို ပြုံးပြုံးကြီး ငေးကြည့်နေ။

အမှားနဲ့ အမှန်– သင် ရွေးချယ်ဆုံးဖြတ်ရမယ့်အရာ

အမှားအမှန်နဲ့ပတ်သက်ပြီး ဘယ်စံနှုန်းတွေကို လိုက်နာနေသလဲဆိုတာက ကိုယ့်အသက်တာအပေါ် သက်ရောက်မှု အများကြီး ရှိနိုင်တယ်။ ဒါကို ယေဟောဝါဘုရား သိတယ်။ ဒါကြောင့်လည်း မိမိစံနှုန်းတွေအတိုင်း နေစေချင်တာ။

ယေဟောဝါက ကျွန်တော်တို့ကို ငြိမ်သက်ပျော်ရွှင်တဲ့ အသက်တာ ပိုင်ဆိုင်စေချင်တယ်။

“ငါယေဟောဝါဟာ မင်းတို့ရဲ့ ဘုရားသခင်ပဲ။ မင်းတို့ကောင်းကျိုးအတွက် သွန်သင်ပေးတဲ့အရှင်၊ မင်းတို့ လျှောက်သင့်တဲ့ လမ်းအတိုင်း လမ်းညွှန်ပေးတဲ့ အရှင်ပဲ။ ငါ့ပညတ်တွေကို အာရုံစိုက်မယ်ဆိုရင် မင်းတို့ရဲ့ ငြိမ်သက်ခြင်းဟာ မြစ်လို၊ မင်းတို့ရဲ့ ဖြောင့်မတ်ခြင်းဟာ ပင်လယ်လှိုင်းတွေလို ဖြစ်လာမယ်။”—ဟေရှာယ ၄၈:၁၇၊ ၁၈။

ဘုရားဟာ ဖန်ဆင်းရှင် ဖြစ်လို့ ဘယ်လို အသက်တာမျိုးက အကောင်းဆုံး ဖြစ်မှန်း သိတယ်။ ဘုရားစံနှုန်းတွေဟာ ကျွန်တော်တို့ကောင်းကျိုးအတွက်ပဲမို့ လိုက်နာစေချင်တယ်။ ဘုရားစံနှုန်းတွေသာ လိုက်နာရင် ကိုယ့်ရွေးချယ်ဆုံးဖြတ်မှုတွေ အကျိုးရှိပါ့မလားဆိုပြီး စိတ်ပူဖို့ မလိုဘူး။ ရွေးချယ်ဆုံးဖြတ်မှုတိုင်း မှန်နေမှာ။ ငြိမ်သက်ပျော်ရွှင်မှု ရမှာ။

မဖြစ်နိုင်တာတွေ လုပ်ဖို့ ယေဟောဝါ မတောင်းဆိုဘူး။

“ကျွန်တော် မှာကြားနေတဲ့ ဒီပညတ်ချက်တွေဟာ ခင်ဗျားတို့အတွက် ခက်ခဲလွန်းတဲ့အရာ၊ လက်လှမ်းမမီနိုင်တဲ့အရာ မဟုတ်ဘူး။”—တရားဟောရာ ၃၀:၁၁။

ဘုရားစံနှုန်းတွေ လိုက်နာဖို့ ကျွန်တော်တို့ရဲ့ အတွေးအခေါ်၊ လုပ်ရပ်တွေကို ပြောင်းလဲဖို့ လိုနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို မတန်တဆကြီး ယေဟောဝါဘုရား မတောင်းဆိုဘူး။ ဖန်ဆင်းရှင် ဖြစ်တာမို့ ကျွန်တော်တို့ ဘယ်လောက်ပဲ တတ်နိုင်တယ်ဆိုတာ သိတယ်။ ယေဟောဝါဘုရားအကြောင်း သိလာတဲ့အခါ “ပညတ်ချက်တွေဟာ လိုက်နာဖို့ ခက်ခဲလွန်းတဲ့အရာ မဟုတ်” ဘူးဆိုတာ သဘောပေါက်လာမယ်။—၁ ယောဟန် ၅:၃။

ယေဟောဝါသက်သေနှစ်ယောက် “ပျော်စရာဘဝ ထာဝရ စံစားကြ” စာအုပ် သုံးပြီး အမျိုးသမီးတစ်ယောက်ကို ကျမ်းစာ သင်ပေးနေ။

မိမိစံနှုန်းတွေအတိုင်း နေသူတွေကို ကူညီမယ်လို့ ယေဟောဝါ ကတိပေးတယ်။

“မင်းရဲ့ ဘုရား ယေဟောဝါဟာ မင်းရဲ့ ညာလက်ကို ဆုပ်ကိုင်ပြီး ‘မကြောက်နဲ့။ ငါ ကူညီမယ်’ လို့ ပြောတဲ့အရှင်ပဲ။”—ဟေရှာယ ၄၁:၁၃။

ဘုရား နေစေချင်တဲ့ စံနှုန်းအတိုင်း ကျွန်တော်တို့ နေနိုင်ပါတယ်။ ဘုရား ကူညီပေးမှာမို့လို့ပဲ။ ဘုရားစကားတော် ကျမ်းစာကတစ်ဆင့် ကူညီပေးနိုင်တယ်။ ကျမ်းစာက ကျွန်တော်တို့ကို အားပေးမှု ဖြစ်စေတယ်။ မျှော်လင့်ချက် ရှိစေတယ်။

ကျမ်းစာစံနှုန်းတွေအတိုင်း နေထိုင်လို့ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ လူသန်းချီ ဘဝ တိုးတက်ကောင်းမွန်လာကြတယ်။ ကျမ်းစာမှာ ဘယ်လို အကြံဉာဏ်ကောင်းတွေ ပါသလဲ လေ့လာကြည့်ပါ။ jw.org မှာ အခမဲ့ ရနိုင်တဲ့ ပျော်စရာဘဝ ထာဝရ စံစားကြ ကျမ်းစာအခြေပြုစာစောင်ကို အသုံးပြုပြီး လေ့လာကြည့်ပါ။ အဲဒီစာစောင်မှာ ဒီသင်ခန်းစာတွေ ပါတယ်–

  • ကျမ်းစာက သင့်ဘဝကို တိုးတက်ကောင်းမွန်စေနိုင်သလား

  • ကျမ်းစာထဲက မျှော်လင့်ချက်ရောင်ခြည်

  • ကျမ်းစာကို ယုံကြည်စိတ်ချနိုင်ပါသလား

ကျမ်းစာကို ဆန်းစစ်လေ့လာတဲ့အခါ ကျမ်းစာဟာ ခေတ်နောက်မကျဘူး၊ “အခုရော၊ နောင်ရော အမြဲ စိတ်ချနိုင်တယ်” ဆိုတာ သိလာမယ်။ (ဆာလံ ၁၁၁:၈) ကျမ်းစာမှာ ပါတဲ့ အမှားအမှန်စံနှုန်းတွေကို လိုက်နာတာဟာ အကောင်းဆုံး လမ်းစဉ်ပါပဲ။ ဒါပေမဲ့ လိုက်နာဖို့ ဘုရား အတင်း ဖိအားမပေးဘူး။ (တရားဟောရာ ၃၀:၁၉၊ ၂၀။ ယောရှု ၂၄:၁၅) ဒါ လူတိုင်း ရွေးချယ်ဆုံးဖြတ်ရမယ့် ကိစ္စပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ