စစ်မက်ပဋိပက္ခ ဘာကြောင့် မချုပ်ငြိမ်းနိုင်သေးသလဲ
စစ်မက်ပဋိပက္ခ ဖြစ်ရတဲ့ အကြောင်းရင်းတွေ၊ လောလောဆယ် ဘယ်လိုမှ မချုပ်ငြိမ်းနိုင်ရတဲ့ အကြောင်းရင်းတွေကို ကျမ်းစာမှာ ဖော်ပြထားတယ်။
အပြစ်
ပထမဆုံးလူသား အာဒံနဲ့ ဧဝကို မိမိမှာ ရှိတဲ့ သဘောသဘာဝတွေ ဘုရားသခင် ထည့်သွင်းဖန်ဆင်းခဲ့တယ်။ (ကမ္ဘာဦး ၁:၂၇) ဒါကြောင့် ဘုရားလိုပဲ ငြိမ်သက်ခြင်း လိုလားတဲ့၊ မေတ္တာထားတတ်တဲ့ သဘောသဘာဝ သူတို့မှာ ရှိတယ်။ (၁ ကောရိန္သု ၁၄:၃၃။ ၁ ယောဟန် ၄:၈) ဒါပေမဲ့ ဘုရားစကားကို သူတို့ နားမထောင်ဘဲ အပြစ်လုပ်လိုက်ကြတယ်။ ဒါကြောင့် သူတို့ရဲ့ သားစဉ်မြေးဆက် ကျွန်တော်တို့အားလုံး အပြစ်အမွေရပြီး သေဆုံးကြရတယ်။ (ရောမ ၅:၁၂) အမွေရထားတဲ့ အပြစ်ကြောင့် မကောင်းတာတွေ တွေးမိကြတယ်၊ လုပ်မိကြတယ်။—ကမ္ဘာဦး ၆:၅။ မာကု ၇:၂၁၊ ၂၂။
လူ့အစိုးရတွေ
လူလူချင်း အုပ်ချုပ်ဖို့ ဘုရားသခင် မရည်ရွယ်ဘူး။ “လူဟာ . . . ကိုယ့်ခြေလှမ်းကို လမ်းညွှန်ပိုင်ခွင့်လည်း မရှိပါဘူး” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ယေရမိ ၁၀:၂၃) ဒါကြောင့် စစ်မက်ပဋိပက္ခ လုံးဝ ချုပ်ငြိမ်းသွားအောင် လူ့အစိုးရတွေ မလုပ်နိုင်တာ။
စာတန်မာရ်နတ်နဲ့ နတ်ဆိုးတွေ
‘တစ်လောကလုံးဟာ ဆိုးညစ်သူရဲ့ ဩဇာအောက်မှာ ရှိနေတယ်’ လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ယောဟန် ၅:၁၉) “ဆိုးညစ်သူ” ဆိုတာ စာတန်မာရ်နတ် ဖြစ်တယ်။ မာရ်နတ်မှာ သတ်ချင်ဖြတ်ချင်တဲ့ဉာဉ်ဆိုး ရှိတယ်။ (ယောဟန် ၈:၄၄) မာရ်နတ်နဲ့ နတ်ဆိုးတွေဟာ စစ်မက်ပဋိပက္ခ ဖြစ်လာအောင် နောက်ကွယ်ကနေ ကြိုးကိုင်နေသူတွေပဲ။—ဗျာဒိတ် ၁၂:၉၊ ၁၂။
စစ်မက်ပဋိပက္ခ ဖြစ်ရတဲ့ အကြောင်းရင်းတွေကို လူတွေ ဖယ်ရှားမပေးနိုင်ပေမဲ့ ဘုရားသခင် ဖယ်ရှားပေးနိုင်တယ်။