လေ့လာစရာ အကြံပြုလွှာ
နေ့တိုင်းဖတ်ပါ မြတ်ကျမ်းစာ
လုပ်စရာတွေ များလွန်းလို့ နေ့တိုင်း ကျမ်းစာဖတ်ဖြစ်ဖို့ အခက်တွေ့နေပါသလား။ (ယောရှု ၁:၈) အခက်တွေ့နေရင် အောက်ပါအကြံပြုချက်တစ်ခုခုကို စမ်းကြည့်ပါ–
နေ့တိုင်း အချက်ပြဖို့ ချိန်ညှိထားပါ။ ကျမ်းစာဖတ်ရမယ့်အချိန် ရောက်ရင် ဖုန်းမှာ အချက်ပြဖို့ ချိန်ညှိထားပါ။
ကျမ်းစာကို မြင်သာတဲ့နေရာမှာ ထားပါ။ ပုံနှိပ်ကျမ်းစာ ဖတ်တယ်ဆိုရင် မြင်သာတဲ့နေရာမှာ ထားပါ။—တရား. ၁၁:၁၈။
အသံဖိုင် နားထောင်ပါ။ နေ့စဉ် လုပ်ငန်းဆောင်တာတွေ လုပ်ရင်း ကျမ်းစာအသံဖိုင် နားထောင်ပါ။ ရှေ့ဆောင်လည်းဖြစ်၊ မိခင်လည်း ဖြစ်တဲ့ ညီအစ်မ တာရာဟာ ညဆိုင်းအလုပ် လုပ်ရတယ်။ “အိမ်အလုပ်လုပ်ရင်း ကျမ်းစာအသံဖိုင် နားထောင်တော့ နေ့တိုင်း ကျမ်းစာဖတ်ဖြစ်သွားသလိုပဲ” လို့ ပြောတယ်။
ဖတ်ဖြစ်အောင် ဖတ်ပါ။ ကိစ္စတစ်ခုခု ပေါ်လာလို့ သတ်မှတ်ထားတဲ့အချိန်မှာ ကျမ်းစာမဖတ်ဖြစ်ရင် အိပ်ရာမဝင်ခင်တော့ ကျမ်းပိုဒ်တချို့ ဖတ်ဖြစ်အောင် ဖတ်လိုက်ပါ။ မဖတ်တာထက်စာရင် နေ့တိုင်း အခန်းငယ် နည်းနည်းဖြစ်ဖြစ် ဖတ်လိုက်တာကတောင် အကျိုးရှိတယ်။—၁ ပေ. ၂:၂။