ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၁၂ စာ. ၅-၆
  • အုပ်ချုပ်ရေးအဖွဲ့ ထံမှစာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အုပ်ချုပ်ရေးအဖွဲ့ ထံမှစာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • အုပ်ချုပ်ရေးအဖွဲ့ ထံမှစာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • အုပ်ချုပ်ရေးအဖွဲ့ထံမှစာ
    ၂၀၀၄ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • အုပ်ချုပ်ရေးအဖွဲ့ဆီကစာ
    ၂၀၁၄ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • အုပ်ချုပ်ရေးအဖွဲ့ထံမှစာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
နဓ ၄/၁၂ စာ. ၅-၆

အုပ်ချုပ်ရေးအဖွဲ့ ထံမှစာ

ချစ်လှစွာသော ယေဟောဝါသက်သေ လုပ်ဖော်ဆောင်ဖက်များ–

အခု ခုနစ်သန်းကျော်ပြီဖြစ်တဲ့ ယေဟောဝါရဲ့သစ္စာရှိကျေးကျွန်တွေဆီ စာရေးခွင့်ရတာ ကျွန်ုပ်တို့ တကယ်ပဲ ဝမ်းမြောက်ပါတယ်။ တခြားဒေသက ယုံကြည်သူချင်းတစ်ဦးကို တွေ့ဆုံရတဲ့အခါ ချက်ချင်းဆိုသလို သင် သူ့ကို ချစ်ခင်မိမှာဖြစ်တယ်။ (ယော. ၁၃:၃၄၊ ၃၅) ဒီနှစ်ချုပ်စာအုပ်မှာ ဒေသအသီးသီးက သစ္စာရှိပြီးသမာဓိစောင့်သိတဲ့ သင့် ညီအစ်ကို၊ ညီအစ်မတွေရဲ့ အာရုံဖမ်းစားစေတဲ့ မှတ်တမ်းတွေပါတယ်။ သူတို့အကြောင်း ဖတ်တဲ့အခါ အဲဒီထူးခြားတဲ့မေတ္တာနှောင်ကြိုးကို သင်ခံစားမိမှာ သေချာပါတယ်။

ကမ္ဘာတစ်ဝန်းက မှတ်တမ်းတွေကိုကြည့်တဲ့အခါ သင်တို့အတော်များများက မိသားစုဝတ်ပြုမှုအစီအစဉ်ကို ပုံမှန်ပြုလုပ်နေတယ်ဆိုတာ သိရတယ်။ ကလေးငယ်ရှိတဲ့သူတွေဆိုရင် သူတို့လေးတွေရဲ့ အာရုံစိုက်မှုကို ရရှိနိုင်အောင်နဲ့ အာရုံဆက်ထိန်းထားနိုင်အောင် နည်းအမျိုးမျိုး တီထွင်ကြံဆကြတယ်။ (ဧ. ၆:၄) မောင်နှံစုံတွေလည်း ကျမ်းစာကို ဒီလိုအတူတကွလေ့လာတဲ့အခါ အိမ်ထောင်နှောင်ကြိုး ပိုခိုင်မြဲလာကြတယ်။ (ဧ. ၅:၂၈-၃၃) အမှန်ပါပဲ၊ ဘုရားသခင့် တရားစကားတော်ကို နက်နက်နဲနဲလေ့လာခွင့်ရစေတဲ့ ဒီအစီအစဉ်ကနေ တစ်ဦးချင်းစီရော၊ မိသားစုလိုက်ပါ အကျိုးရနေကြတယ်။—ယောရှု ၁:၈၊ ၉။

များမကြာမီကဖြစ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ထိခိုက်ခဲ့သူတွေအတွက်လည်း ကျွန်ုပ်တို့ တကယ်ပဲဝမ်းနည်းပါတယ်။ အဲဒီလိုဘေးဒုက္ခရောက်ချိန်မှာ ကယ်ဆယ်ရေးလုပ်ငန်းမှာ မဆိုင်းမတွပါဝင်ကူညီပေးခဲ့သူတွေကိုလည်း ကျေးဇူးတင်ကြောင်း ဒီစာနဲ့အတူ အခွင့်ကြုံတုန်း တစ်ပါတည်း ပြောလိုပါတယ်။ (တ. ၁၁:၂၈-၃၀; ဂလ. ၆: ၉၊ ၁၀) ကာယရေးမှာ လိုအပ်နေတဲ့ ညီအစ်ကို၊ ညီအစ်မတွေကို သတိပြုမိပြီး လူမသိသူမသိ ကူညီပေးကြသူတွေ အသင်းတော်တိုင်းမှာရှိပါတယ်။ ကျမ်းစာမှာပါတဲ့ ဒေါ်ကာလိုပါပဲ၊ သင်တို့ဟာ “ကောင်းသောအကျင့်၊ ပေးကမ်းစွန့်ကြဲခြင်းအကျင့်နှင့် ပြည့်စုံသူ” တွေဖြစ်ကြပါတယ်။ (တ. ၉:၃၆) ဒီလုပ်ဆောင်မှုတွေကို ယေဟောဝါသတိပြုမိပြီး သင်တို့လုပ်ဆောင်မှုနဲ့အညီ ပြန်ပေးမယ်ဆိုတာ စိတ်ချပါ။—မ. ၆:၃၊ ၄။

တချို့နိုင်ငံတွေမှာ ဥပဒေကို လိုသလိုဆွဲပြီး “မင်း၏အခွင့်နှင့်” သင်တို့ရဲ့ အခွင့်ရေးကို ချိုးဖောက်နေတာတွေ ရှိတယ်။ (ဆာ. ၉၄:၂၀-၂၂) ယေရှုကြိုပြောထားတဲ့အတိုင်းကြုံလာရတဲ့ ဒီလိုညှဉ်းပန်းမှုတွေကို ယေဟောဝါအပေါ် ယုံကြည်ကိုးစားပြီး သတ္တိရှိရှိ သင်တို့ခံရပ်နေကြတယ်။ (ယော. ၁၅:၁၉၊ ၂၀) ‘သင်တို့ရဲ့ မျှော်လင့်ခြင်းအကြောင်းကို မေးမြန်းသူအားလုံးရှေ့မှာ သင်တို့ဆက်ပြီး ခုခံပြောဆို’ နိုင်စေဖို့ ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်တွေထဲမှာ အမြဲထည့်တောင်းပေးနေတယ်ဆိုတာ စိတ်ချပါ။—၁ ပေ. ၃:၁၃-၁၅။

ကိုယ်ကျင့်တရားယိုယွင်းစေဖို့ စာတန်ဟာ မသိမသာနဲ့ အပြင်းအထန် ကြိုးစားအားထုတ်နေတဲ့ကြားက တစ်နှစ်ပြီးတစ်နှစ် သန့်ရှင်းစင်ကြယ်စွာ နေထိုင်နေကြတဲ့ သန်းနဲ့ချီတဲ့သင်တို့ကို ကျွန်ုပ်တို့ ချီးကျူးပါတယ်။ လောကရဲ့ ကိုယ်ကျင့်တရားစံနှုန်း တစ်ဟုန်ထိုး ထိုးကျနေချိန်မှာ သင်တို့ဟာ “သခင်ထံတော်မှ တန်ခိုးတော်ကို ခံယူလျက် အစွမ်းခွန်အား တိုးပွားနေကြ” တယ်။ (ဧ. ၆:၁၀) “ဘုရားသခင်ထံတော်မှ ချပ်ဝတ်တန်ဆာ အပြည့်အစုံကို ဝတ်ဆင်ကြ” တဲ့ သင်တို့ဟာ ‘မာရ်နတ်ရဲ့ စဉ်းလဲတဲ့ ပရိယာယ်တွေကို’ ခိုင်ခိုင်မာမာတွန်းလှန်နေကြပါတယ်။ (ဧ. ၆:၁၁၊ ၁၂) ယေဟောဝါက ကဲ့ရဲ့သူစာတန်ကို အားမာန်ပါပါချေပပြောဆိုဖို့ သင်တို့ရဲ့ နမူနာကောင်းကိုသုံးမယ်ဆိုတာ စိတ်ထဲစွဲထားပါ။—သု. ၂၇:၁၁။

၂၀၁၁ ခုနှစ် သခင့်သေခြင်း အောက်မေ့ရာပွဲကို ၁၉,၃၇၄,၇၃၇ ယောက်တက်ရောက်ခဲ့တယ်ဆိုတာသိရလို့ ကျွန်တော်တို့ ဝမ်းမြောက်ခဲ့ကြပါတယ်။ အဲဒီလောက်များများတက်ရောက်ခဲ့တာက ပြီးခဲ့တဲ့ဧပြီလမှာ အရန်ရှေ့ဆောင်လုပ်ဖို့ဖိတ်ခေါ်ချက်ကို ထက်သန်စွာတုံ့ပြန်ခဲ့တာကြောင့်လည်း ဖြစ်တယ်။ ယေဟောဝါသက်သေတွေ ကိုယ်တော့်ကိုတညီတညွတ်တည်း ချီးမွမ်းခဲ့တာကို ကမ္ဘာပေါ်က သန်းပေါင်းများစွာသောလူတွေ ကြားခဲ့ကြတယ်။ (ရော. ၁၀:၁၈) အဲဒီလ အရန်ရှေ့ဆောင်လုပ်ခဲ့သူ ၂,၆၅၇,၃၇၇ ထဲမှာ သင် ပါဝင်ခဲ့တာဖြစ်ဖြစ်၊ အဲဒီလမှာ အမှုဆောင်လုပ်ငန်းကို တစ်နည်းနည်းနဲ့ သင် ကြိုးစားတိုးချဲ့ခဲ့တာဖြစ်ဖြစ် အမှုတော်အတွက် သင့်ရဲ့ တလိုတလားစိတ်ဓာတ်နဲ့ စိတ်အားထက်သန်မှုက ကျွန်ုပ်တို့ကို တကယ်ပဲ ပျော်ရွှင်စေခဲ့ပါတယ်။—ဆာ. ၁၁၀:၃; ကော. ၃:၂၃။

ပြီးခဲ့တဲ့နှစ်က လူသစ် ၂၆၃,၁၃၁ ယောက်ဟာ သူတို့ရဲ့ဆက်ကပ်အပ်နှံမှုကို ဖော်ပြခဲ့ကြတယ်။ ဒီအတွက် ကျွန်ုပ်တို့ ယေဟောဝါကို ကျေးဇူးတင်ပါတယ်။ “‘လာလော့။’ . . . ကြားသူတိုင်းလည်း ‘လာလော့’ ဟုဆိုပါစေ။ ရေငတ်သူတိုင်း လာပါစေ။ ဆန္ဒရှိသူတိုင်း အသက်ရေကို အခမဲ့ယူပါစေ” ဆိုပြီး တခြားသူတွေကို ဖိတ်ခေါ်ရာမှာ ကျွန်ုပ်တို့နဲ့ပူးပေါင်းတဲ့ သင်တို့အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ (ဗျာ. ၂၂:၁၇) တည်ထောင်ပြီးဖြစ်တဲ့ ဘုရားသခင့်နိုင်ငံတော်ရဲ့ အသွင်အပြင်တွေကို အထူးသဖြင့် ၂၀၁၁ ခရိုင်စည်းဝေးကြီးမှာ သုံးသပ်ခဲ့ကြပြီးနောက် ကျွန်ုပ်တို့ဟာ အရင်ကထက်ပိုပြီး ခံစားချက်ပါပါနဲ့ “ဘုရားသခင့်နိုင်ငံတော် လာပါစေ” လို့ပြောကြတယ်။ ယေရှုရဲ့ “ငါအမြန်လာမည်” ဆိုတဲ့အာမခံချက်ကို အပြည့်အဝယုံကြည်တဲ့အတွက် တမန်တော်ယောဟန်လိုပဲ ကျွန်ုပ်တို့လည်း “အာမင်။ သခင်ယေရှု၊ ကြွလာတော်မူပါ” လို့ စိတ်နှလုံးအပြည့်နဲ့ ပြောကြပါတယ်။—ဗျာ. ၂၂:၂၀။

ညီအစ်ကို ညီအစ်မတို့၊ သခင်ကြွလာမယ့် အခါသမယကို စောင့်နေစဉ်မှာ ယေဟောဝါကို “စိတ်ရောကိုယ်ပါ” ချစ်ကြောင်းဖော်ပြတဲ့ သင်တို့တစ်ဦးစီကို ကျွန်ုပ်တို့ချစ်မြတ်နိုးကြောင်း ကျေးဇူးပြု၍ စိတ်ချပါ။ —၁ ယော. ၃:၁၈။

သင်တို့ရဲ့ ညီအစ်ကိုများ၊

Governing Body of Jehovah’s Witnesses

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ