ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၆၉
  • ဘာကြောင့် ဆုတောင်းရမှာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာကြောင့် ဆုတောင်းရမှာလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆုတောင်းခြင်းဆိုတာ ဘာလဲ
  • ဘုရားသခင် နားထောင်သလား
  • ဘာအကြောင်း ဆုတောင်းနိုင်သလဲ
  • ဆုတောင်းခြင်းအားဖြင့် ယေဟောဝါနဲ့ ရင်းနှီးအောင် ကြိုးစားပါ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ဆုတောင်းခြင်း အခွင့်ထူး
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဘုရားသခင့်အပါးတော်သို့ ချဉ်းကပ်နည်း
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်နဲ့ ရင်းနှီးအောင်လုပ်ပါ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၆၉
ဆယ်ကျော်သက် မိန်းကလေးတစ်ယောက် ကန်ဘေးမှာ ထိုင်နေ

လူငယ်များအမေး

ဘာကြောင့် ဆုတောင်းရမှာလဲ

စစ်တမ်းတစ်ခုအရ အမေရိကန် ဆယ်ကျော်သက် ၈၀ ရာခိုင်နှုန်းက ဆုတောင်းကြပေမဲ့ တစ်ဝက်လောက်ကပဲ နေ့တိုင်း ဆုတောင်းကြတယ်လို့ သိရတယ်။ ‘ဆုတောင်းတာဟာ စိတ်သက်သာရာ ရစေတဲ့ နည်းလမ်းတစ်ခုလောက်ပဲလား၊ ဒါမှမဟုတ် ဒီထက်မက အကျိုးပြုသလား’ လို့ တချို့က သိချင်ကြလိမ့်မယ်။

  • ဆုတောင်းခြင်းဆိုတာ ဘာလဲ

  • ဘုရားသခင် နားထောင်သလား

  • ဘာအကြောင်း ဆုတောင်းနိုင်သလဲ

  • ရွယ်တူချင်းတွေ ပြောဆိုရာ

ဆုတောင်းခြင်းဆိုတာ ဘာလဲ

ဆုတောင်းတယ်ဆိုတာ အရာအားလုံးကို ဖန်ဆင်းတဲ့အရှင်နဲ့ ဆက်သွယ်စကားပြောတာ ဖြစ်တယ်။ ယေဟောဝါဘုရားဟာ လူသားတွေထက် သာလွန်မြင့်မြတ်ပေမဲ့ “ကျွန်တော်တို့ တစ်ယောက်နဲ့မှ မဝေးပါဘူး။” (တမန်တော် ၁၇:၂၇) တကယ်ဆိုရင် သမ္မာကျမ်းစာက “ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်” လို့တောင် ဆိုထားတယ်။​—ယာကုပ် ၄:၈။

ဘုရားသခင်နဲ့ ဘယ်လို ရင်းနှီးနိုင်မလဲ။

  • တစ်နည်းက ဆုတောင်းခြင်း ဖြစ်တယ်၊ ဒီနည်းနဲ့ သင် ဘုရားကို စကားပြောတယ်။

  • နောက်တစ်နည်းက သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာတာ ဖြစ်တယ်၊ ဒီနည်းနဲ့ ဘုရားက သင့်ကို “စကားပြော” တယ်။

ဆုတောင်းတာ၊ ကျမ်းစာလေ့လာတာဟာ ဘုရားနဲ့ အပြန်အလှန် ဆက်သွယ်တာ ဖြစ်ပြီး အဲဒါကို လုပ်ရင် ဘုရားရဲ့ ရင်းနှီးတဲ့မိတ်ဆွေ ဖြစ်လာနိုင်တယ်။

“အမြင့်မြတ်ဆုံးအရှင် ယေဟောဝါနဲ့ စကားပြောခွင့်ရတာဟာ လူသားတွေအတွက် အကြီးမြတ်ဆုံး အခွင့်ထူးတစ်ခုပဲ။”​—ဂျယ်ရမီ။

“ကျွန်မရဲ့ ခံစားချက်တွေကို ယေဟောဝါဆီ ဆုတောင်းပြီး ရင်ဖွင့်ပြောပြတဲ့အခါ ကိုယ်တော်နဲ့ ပိုရင်းနှီးလာတယ်။”​—မီရဲန်ဒါ။

ဘုရားသခင် နားထောင်သလား

ဘုရားရှိတယ်ဆိုတာ ယုံကြည်ပြီး ဆုတောင်းနေသူ ဖြစ်ရင်တောင် ကိုယ်တော် တကယ် နားထောင်တယ်ဆိုတာကို လက်ခံဖို့ ခက်နိုင်တယ်။ ဒါပေမဲ့၊ သမ္မာကျမ်းစာမှာ ယေဟောဝါကို “ဆုတောင်းသံကို နားထောင်တဲ့အရှင်” လို့ ခေါ်ဆိုထားတယ်။ (ဆာလံ ၆၅:၂) “စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ” လို့လည်း အားပေးတယ်။ ဘာဖြစ်လို့လဲ။ “ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့ပဲ။”​​—၁ ပေတရု ၅:၇။

စဉ်းစားကြည့်ပါ– သူငယ်ချင်းတွေနဲ့ ပုံမှန် စကားပြောတဲ့ အကျင့်ရှိသလား။ ဘုရားသခင်နဲ့လည်း အဲဒီလို လုပ်နိုင်ပါတယ်။ ယေဟောဝါဆိုတဲ့ ဘုရားနာမည်ကို သုံးပြီး ပုံမှန် ဆုတောင်းပါ။ (ဆာလံ ၈၆:​၅-၇။ ၈၈:၉) “အမြဲမပြတ် ဆုတောင်းနေကြပါ” လို့ ကျမ်းစာက အားပေးတယ်။​​—၁ သက်သာလောနိတ် ၅:၁၇။

“ဆုတောင်းတာက ကောင်းကင်ဖခင်နဲ့ နှစ်ကိုယ်ကြား စကားပြောတာဖြစ်လို့ အားလုံးကို ရင်ဖွင့်ပြောပြတယ်။”​—မွိုင်စစ်။

“ကျွန်မရဲ့ အမေ ဒါမှမဟုတ် ရင်းနှီးတဲ့သူငယ်ချင်းကို အရေးကြီးတဲ့အကြောင်းတွေ ပြောပြသလို ယေဟောဝါကိုလည်း ရင်ဖွင့် ပြောပြတယ်။”​—ကယ်ရင်။

ဘာအကြောင်း ဆုတောင်းနိုင်သလဲ

“အရာရာမှာ ကျေးဇူးတော်ကို ချီးမွမ်းကြပါ၊ ဆုတောင်းကြပါ၊ တိုးလျှိုးအသနားခံကြပါ၊ ဘုရားသခင်ဆီ အသနားခံကြပါ” လို့ ကျမ်းစာက ဆိုတယ်။​—ဖိလိပ္ပိ ၄:၆။

ဒါဆို ကိုယ့်ရဲ့ ပြဿနာ အခက်အခဲတွေအကြောင်း ထည့်ဆုတောင်းလို့ ရသလား။ ရတာပေါ့။ “ထမ်းထားရတဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။ ကိုယ်တော် ဖေးမလိမ့်မယ်” လို့ ကျမ်းစာမှာ ပြောထားတယ်။​—ဆာလံ ၅၅:၂၂။

ဘုရားဆီ ဆုတောင်းတဲ့အခါ ပြဿနာတွေပဲ မဟုတ်ဘဲ တခြားအကြောင်းတွေလည်း ပြောသင့်တယ်။ “ယေဟောဝါဆီ အကူအညီပဲ တောင်းနေမယ်ဆိုရင် ရင်းနှီးတဲ့မိတ်ဆွေ ဘယ်လို ဖြစ်နိုင်မလဲ။ အရင်ဆုံး ကျေးဇူးတင်စကားတွေ ပြောနိုင်တယ်။ ကျေးဇူးတင်စရာတွေ အများကြီးပါပဲ” လို့ ရှန်တယ်လ် ဆိုတဲ့ မိန်းမငယ်တစ်ယောက် ပြောတယ်။

စဉ်းစားကြည့်ပါ– ဘာတွေအတွက် ကျေးဇူးတင်သလဲ။ ဒီနေ့အတွက် ယေဟောဝါကို ကျေးဇူးတင်စရာ အချက်သုံးခုလောက် စဉ်းစားကြည့်ပါ။

“အသေးအဖွဲလို့ ထင်ရတဲ့အရာတွေ၊ ဥပမာ၊ သိပ်လှတဲ့ ပန်းလေးတစ်ပွင့်ကို တွေ့လိုက်ရင်တောင် ယေဟောဝါကို ကျေးဇူးတင်နိုင်တယ်။”​​—အနီတာ။

“အံ့ဩစရာကောင်းတဲ့ ဖန်ဆင်းခြင်း လက်ရာတစ်ခု၊ ဒါမှမဟုတ် နှလုံးထိမိတဲ့ ကျမ်းချက်တစ်ခုကို တွေးတောဆင်ခြင်ပြီး ယေဟောဝါကို ကျေးဇူးတင်နိုင်တယ်။”​​—ဘရိုင်ယန်။

ရွယ်တူချင်းတွေ ပြောဆိုရာ

မွိုင်စစ်

ဆုတောင်းတာကို ဗွက်အိုင်လို ပေါ့ပေါ့တန်တန် သဘောမထားဘဲ နက်ရှိုင်းတဲ့ သမုဒ္ဒရာကြီးလို လေးလေးနက်နက် သဘောထားသင့်တယ်။ ယေဟောဝါက ကျွန်တော်တို့ကို ကူညီပေးချင်တယ်၊ ဘာအကူအညီ လိုနေတယ်ဆိုတာကိုလည်း သိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က ဘုရားကို ဘယ်လောက် အားကိုးသလဲဆိုတာ ဆုတောင်းချက်နဲ့ တင်ပြဖို့ အခွင့်အရေး ပေးထားတယ်။”​​—မွိုင်စစ်။

မီရဲန်ဒါ

“ဆုတောင်းတာက ကြိုးတစ်ချောင်းကို ယေဟောဝါက တစ်ဖက်၊ ကျွန်မက တစ်ဖက် ကိုင်ထားတာနဲ့ တူတယ်။ ကျွန်မရဲ့ ရင်တွင်းခံစားချက်ကို ဆုတောင်းပြောပြတဲ့အခါ အဲဒီကြိုးကို တင်းတင်းဆွဲထားတာနဲ့တူပြီး ယေဟောဝါကလည်း တုံ့ပြန်တဲ့အတွက် ကျွန်မတို့နှစ်ယောက်ရဲ့ နှောင်ကြိုးက ပိုခိုင်ခံ့လာတယ်လို့ ခံစားရတယ်။”​​—မီရဲန်ဒါ။

ဂျယ်ရမီ

“ကျွန်တော်တို့ သတိမထားရင် ဆုတောင်းချက်တွေဟာ လိုချင်တာတောင်းတဲ့ စာရင်းတစ်ခုလို ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါကို ကျေးဇူးတင်စကားတွေ ပြောတဲ့အခါ ကျွန်တော်တို့အတွက် ဘုရား လုပ်ပေးခဲ့တာတွေကို တန်ဖိုးထားတတ်လာပြီး ဆုတောင်းချက်တွေဟာ ကိုယ့်ကိုပဲ အာရုံစိုက်တာမျိုး မဖြစ်တော့ဘူး။”​​—ဂျယ်ရမီ။

ရှယ်လ်ဗီ

“ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းလေ ပိုကျေးဇူးတင် လေးမြတ်တတ်တဲ့သူ ဖြစ်လာလေပဲ။ ဆုတောင်းချက်ထဲမှာ ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းတဲ့အခါ ခံစားနေရတဲ့ ဒုက္ခတွေကို အာရုံမစိုက်တော့ဘဲ ရရှိထားတဲ့ ကောင်းချီးတွေကို အာရုံစိုက်စေတယ်။”​​—ရှယ်လ်ဗီ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ