ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၇ အမှတ် ၅ စာ. ၁၆
  • ပင်လယ်ခရုခွံတွေရဲ့ပုံစံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပင်လယ်ခရုခွံတွေရဲ့ပုံစံ
  • နိုးလော့!—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • မာတိကာ
    နိုးလော့!—၂၀၁၇
  • ခရုကမာခွံ
    နိုးလော့!—၂၀၀၉
  • သက်ရှိတွေထုတ်လွှတ်တဲ့ အလင်း
    အလိုလို ဖြစ်လာနိုင်ပါ့မလား
  • သံချပ်ကာ ပိုးတောင်မာရဲ့ အခွံ
    အလိုလို ဖြစ်လာနိုင်ပါ့မလား
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၇
န၁၇ အမှတ် ၅ စာ. ၁၆
ပင်လယ်ခရုခွံတွေ

ဒါဟာ သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

ပင်လယ်ခရုခွံတွေရဲ့ပုံစံ

ခရုခွံတွေဟာ အထဲကခရုကိုယ်ထည်ကို ပင်လယ်ကြမ်းပြင်ရဲ့ ပြင်းထန်တဲ့ဖိအားဒဏ် ခံနိုင်စေပြီး ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေမှာ ဆက်အသက်ရှင်စေတယ်။ ဒီလိုကာကွယ်နိုင်စွမ်းက ခရုခွံရဲ့ ပုံစံနဲ့ တည်ဆောက်ပုံကို လေ့လာဖို့ အင်ဂျင်နီယာတွေကို လှုံ့ဆော်ပေးတယ်။ မောင်းနှင်သူတွေ၊ အိမ်သားတွေကို ကာကွယ်ပေးမယ့် ယာဉ်တွေ၊ အဆောက်အအုံတွေကို ဒီဇိုင်းဆွဲဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ။

စဉ်းစားကြည့်ပါ– ကမာခွံနဲ့ ဝက်အူရစ်ပုံခရုခွံ ပုံစံနှစ်မျိုးကို အင်ဂျင်နီယာတွေ လေ့လာကြည့်တယ်။

ကမာခွံပေါ်က အမြောင်းတွေဟာ အဖျားပိုင်းကနေ ပတ္တာပုံအရင်းပိုင်းဆီ ဖိအားသက်ရောက်တယ်။ ဒါပေမဲ့ ဝက်အူရစ်ပုံ ခရုခွံပေါ်က အရစ်တွေကျတော့ အူတိုင်နဲ့ အဝကျယ်တဲ့အပိုင်းဘက် ဖိအားသက်ရောက်တယ်။ ခရုခွံပုံစံနှစ်ခုစလုံးက သက်ရောက်လာတဲ့ ဖိအားတွေကို အခွံရဲ့ အမာဆုံးအပိုင်းဆီ ဦးတည်စေတယ်။ ဒီနည်းနဲ့ အထဲကခရုကိုယ်ထည် မထိခိုက်အောင် တတ်နိုင်သရွေ့ ကာကွယ်ပေးတယ်။

သုတေသီတွေက ခရုခွံပုံစံနဲ့ ဖွဲ့စည်းပုံအတိုင်း သရီးဒီစက်ပေါ် ပုံဖော်ထားတဲ့ စက်ဝိုင်းခြမ်းပုံ၊ ကတော့ချွန်ပုံ ခရုခွံအတုကို ခရုခွံအစစ်နဲ့ နှိုင်းယှဉ်လေ့လာကြည့်တယ်။ ခရုခွံရဲ့ ဖိအားဒဏ်ခံနိုင်စွမ်းကို သိချင်လို့ပဲ။ ခရုခွံအစစ်ရဲ့ ရှုပ်ထွေးလှတဲ့မျက်နှာပြင်ဟာ ခရုခွံအတုထက် ဖိအားဒဏ်ခံနိုင်စွမ်း နှစ်ဆနီးပါးရှိမှန်း သိရတယ်။

ဒီလေ့လာချက်နဲ့ပတ်သက်ပြီး သိပ္ပံမဂ္ဂဇင်းတစ်စောင်က “တစ်နေ့နေ့မှာ ခရုခွံပုံစံ ကားကို မောင်းခွင့်ရလို့ကတော့ စတိုင်လည်းကျမယ်၊ ကားထဲလိုက်ပါသူတွေ အကာအကွယ်လည်းရမယ်” လို့ဖော်ပြတယ်။

သင် ဘယ်လိုထင်ပါသလဲ။ ပင်လယ်ခရုခွံတွေရဲ့ပုံစံဟာ အလိုလိုဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပုံစံပြုဖန်ဆင်းထားတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ