ရိုးရိုးလေးနှင့် ထိရောက်သော ပြန်လည်ပတ်မှုများ
၁ ပြန်လည်ပတ်မှုများကို မှန်မှန်ပြုလုပ်ပါသလော။ သို့မဟုတ် ဘာပြောရမည်ကိုမသိသဖြင့် ပြန်လည်ပတ်သွားရန် အခက်အခဲတွေ့နေပါသလော။ တွန့်ဆုတ်နေစရာအကြောင်း ရှိဖို့မလိုပါ။ အောင်မြင်နိုင်မည့်အရာသုံးခု ရှိပါသည်။ (၁) ကောင်းစွာပြင်ဆင်ခြင်း၊ (၂) ရိုးရိုးကလေးဖြစ်သောကျမ်းစာအကြောင်းအချို့ကို အနည်းငယ်ဆွေးနွေးနိုင်စွမ်းနှင့် (၃) အိမ်ရှင်၏သဘောကို နားထောင်ရန် အသင့်ရှိခြင်း တို့ဖြစ်သည်။
၂ ပြန်လည်ပတ်မှုအတွက် ပြင်ဆင်ရာတွင် အိမ်ရှင်နှင့် အဘယ်အကြောင်း ဆွေးနွေးလျှင်ကောင်းမည်ကို စဉ်းစားထားပါ။ အိမ်ရှင်သည် ကျောင်းသားလော။ ကျောင်းပိတ်ထားသည့်အတွက် ဤလအတွင်း ကျမ်းစာအကြောင်းဆွေးနွေးရန် ကျောင်းသားအများ အချိန်ပိုရှိနေသည်။ နိုင်ငံတော်သတင်းကို လက်ခံနားထောင်လိုသူများ တွေ့ရှိပါလိမ့်မည်။ နောက်ဆုံးရောက်ခဲ့ချိန်တွင် မေးခွန်းတစ်ခုမေးပြီး ထွက်လာခဲ့ပါသလော။ သို့မဟုတ် အိမ်ရှင်သည် အကြောင်းတစ်ခုကို စိတ်ဝင်စားပုံ ရှိပါသလော။ သင့်မှတ်စုများကို ပြန်သုံးသပ်ကြည့်ပါ။ ထိုနောက် Reasoning စာအုပ်ကိုအသုံးပြုကာ ထိရောက်သောပြန်လည်ပတ်မှုဖြစ်စေရန် တင်ပြလိုသည့်အချက်များကို ရှာဖွေပါ။ ပြန်လည်ပတ်သွားသည့်အခါ ဖော်ရွေပါ။ အိမ်ရှင်အား သူ၏အမည်ခေါ် နှုတ်ဆက်ပါ။
၃ ကင်းမျှော်စင်နှင့်နိုးလော့မဂ္ဂဇင်းများကို သင်ဝေငှခဲ့လျှင် မဂ္ဂဇင်းတစ်စောင်မှ သင်ရွေးချယ်ခဲ့သည့် အချက်တစ်ချက်နှစ်ချက်ကို အခြေပြု၍ ပြန်လည်ပတ်မှုပြုနိုင်ပါသည်။ ပထမအကြိမ်လည်ပတ်ချိန်က ဝေစာဝေခဲ့လျှင် ယင်းဝေစာအကြောင်း၊ သို့မဟုတ် မဂ္ဂဇင်း၊ ဘရိုရှာပါ သင့်တော်သောအချက်တစ်ခုကိုညွှန်း၍ ဆက်ပြောနိုင်ပါသည်။
၄ “ ကမ္ဘာသစ်တွင် ငြိမ်းချမ်းသောအသက်တာကို ” သင်ဝေငှခဲ့လျှင် ဤသို့ရိုးရိုးလေးပြောနိုင်မည်-
▪ “အရင်တစ်ခေါက်က ငြိမ်းချမ်းတဲ့ကမ္ဘာနဲ့ပတ်သက်တဲ့ ဘုရားသခင့်ကတိတော်အကြောင်း ဆွေးနွေးကြတယ်။ ဘုရားသခင့်နိုင်ငံတော်အားဖြင့် အခြေအနေပိုကောင်းလာမယ့်အကြောင်းကိုလည်း အဲ့ဒီတုန်းက သိခဲ့ကြတယ်။ အဲ့ဒီငြိမ်းချမ်းတဲ့ကမ္ဘာပေါ်မှာ နေထိုင်နိုင်ဖို့ ဘာလုပ်ရမယ်ထင်သလဲ။” အိမ်ရှင်အား ဖြေဆိုခွင့်ပေးပါ။ ထိုနောက် ဆာလံ ၃၇:၉၊ ၁၁၊ ၂၉ ပါအကြောင်းကို တင်ပြပါ။
၅ “ ချစ်မြတ်နိုးရသော သေလွန်သူများအတွက် မည်သည့်မျှော်လင့်ချက်ရှိသနည်း ” ဝေစာကိုဝေငှခဲ့လျှင် ဤတိုတုတ်သောစကားများမှ ဆက်ဆွေးနွေးစရာအကြောင်းပေါ်ပေမည်-
▪ “အရင်တစ်ခေါက်လာတုန်းက ချစ်မြတ်နိုးရသော သေလွန်သူများအတွက် မည်သည့်မျှော်လင့်ချက်ရှိသနည်းဝေစာကို ထားရစ်ခဲ့တယ်။ တတိယအပိုဒ်မှာ စိတ်ဝင်စားစရာမေးခွန်းများပါတယ်။ ‘အဘယ်ကြောင့် လူများသေလွန်ရသနည်း။ သေလွန်သူများ အဘယ်တွင်ရှိသနည်း။ သူတို့ပြန်ရှင်လာမည်ကို ကျွန်ုပ်တို့မည်သို့စိတ်ချနိုင်သနည်း’ တို့ဖြစ်တယ်။ နောက်ခေါင်းစဉ်ငယ်ဖြစ်တဲ့ ‘သေခြင်းနှင့် သေဆုံးသူများ ဘာဖြစ်သွားမည်နည်း’ အကြောင်းက အဲ့ဒီမေးခွန်းတစ်ခုစီကို ဖြေပေးထားတယ်။ ဒီဝေစာ အပိုတစ်ရွက်ရှိတယ်။ အပိုဒ်လေးမှာ ဘယ်လိုပြောထားတယ်ဆိုတာကို သတိပြုကြည့်ပါ။” အိမ်ရှင်လိုက်ကြည့်စဉ် ကျမ်းချက်နှစ်ချက်ပါအပါအဝင် အပိုဒ်ကိုဖတ်ပြပြီး အိမ်ရှင်၏သဘောကို ဖော်ပြစေပါ။ သူ့စကားကို ကောင်းစွာနားထောင်ပြီး အထိုက်အလျောက် ပြန်လည်ပတ်မှုပြုပါ။
၆ ဆွေးနွေးစဉ် အယူအဆအမှားများကို အိမ်ရှင်တင်ပြပေလိမ့်မည်။ သူပြောဆိုသမျှကို ကန့်ကွက်စရာမလိုပါ။ ယင်းအစား ဆွေးနွေးနေသည့်အကြောင်းကိုသာ ဆက်ဆွေးနွေးပါ။ ကျမ်းစာနှင့်မညီညွတ်သော သူ၏အယူအဆများကို နောက်ပြန်လည်ပတ်သည့်အခါများတွင် ရှင်းလင်းတင်ပြပေးနိုင်ပါလိမ့်မည်။
၇ ဧပြီလအတွင်း ရိုးရိုးကလေးနှင့် ထိရောက်သော ပြန်လည်ပတ်မှုများကို ပြုလုပ်ခြင်းဖြင့် စိတ်ဝင်စားမှုပြသူတိုင်းထံ ပြန်လည်ပတ်သွားရန် အတတ်နိုင်ဆုံးကြိုးစားပါ။