သီချင်း ၁၉
တစ်နေ့လုံးရွှင်ပြုံး
၁။ လာပျော်ပါ၊ ခုန်မြူးကာ၊
ခိုလှုံဘုရားမျက်နှာသာ
ပျော်မဆုံး၊ တစ်နေ့လုံး၊
တာဝန်ကုန်ယူဆောင်ရွက်တုန်း
မည်သည်မျှမချို့တဲ့၊ ကိုယ်တော်ထောက်မခဲ့
ထပ်တောင်းဖွယ်ရာ ဘာမျှမလိုတော့ပါ
စိတ်ငြိမ်သက်၊ အေးချမ်းလျက်၊
နက်နဲစွဲမြဲရောင့်ရဲလျက်
ကိုယ်တွက်ကာ၊ ဖူလုံကာ၊
ဘုရားထံနီးဖို့ကြိုးစား
အောင်မြင်ပျော်ရွှင်ပြည့်ဝ၊ သွေဖည်ခြင်းကင်းလှ
မြောက်မြားသီးထွက် ရိတ်သိမ်းရလွန်ပျော်ကြ
၂။ နိုင်ငံသစ္စာချမ်းသာ၊
ဤကြောင်းရာကြောင့် တို့ဝမ်းသာ
ဘုရားသား၊ မိန့်ညွှန်ကြား၊
တို့နာခံကိုယ်တော်.စကား
သူသွေးနှင့်ဝယ်ယူထား၊ စင်စစ်သူသင်ကြား
ယေရှုအားဖြင့် ဘုရားရွေးချယ်မှတ်ထား
နိုင်ငံတည်ဤနေရာ၊ ပျော်ဖွယ်ဆောင်လာ မနှိုင်းသာ
“စေခံမှူး” ခန့်အပ်ကာ၊
လက်အောက်တော်
စောင့်ရှောက်ကွယ်ကာ
ခုပညာမျက်စိပွင့်၊ တောက်ပစိတ်မျှော်လင့်
လူများအားရှာကြံ မျှော်လင့်ချက်ပေးရန်
၃။ ဝမ်းမြောက်ရာထိုမူလ၊
လူတကာအားဟောပြောကြ
အိုဘယ်မျှဝမ်းသာရ၊
ထိုသိုးတူလူများတွေ့ရ
ညီအစ်ကိုမေတ္တာထား၊ ကြိုဆိုသူတစ်ပါး
စိတ်ဝမ်းမကွဲ၊ စည်းလုံးငြိမ်သက်နေမြဲ
တစ်နေ့လုံးပျော်မဆုံး၊
နိုင်ငံသတင်းဟောပြောရင်း
လူအုပ်ကြီးပေါ်ပေါက်လာ၊
ဘယ်မျှတိုးပွားလာရှုပါ
ရှင်ယေဟောဝါလမ်းပြ၊
စဉ်ကျွေးမွေးယုယ
ထိုဘုရားကိုသာ ချီးမွမ်းဆက်ကပ်ပါ