ကျေးဇူးပြု၍ ချက်ချင်းပြန်လည်ပတ်ပါ
မည်သူ့ထံ ချက်ချင်းပြန်လည်ပတ်ရမည်နည်း။ စာအုပ်စာတမ်း သို့မဟုတ် မဂ္ဂဇင်းပုံမှန်ပို့ပေးရန် တောင်းဆိုသူများ သို့မဟုတ် မိမိတို့၏အိမ်သို့ သက်သေခံတစ်ဦးကို လာရောက်လည်ပတ်စေလိုသူများထံဖြစ်သည်။ ဤတောင်းဆိုမှုများသည် မည်သည့်နေရာမှလာကြသနည်း။ စာ၊ တယ်လီဖုန်း သို့မဟုတ် ကျွန်ုပ်တို့၏တရားဝင်အင်တာနက်ဝက်ဘ်ဆိုက်ဖြင့် ဌာနခွဲရုံးသို့ ဆက်သွယ်သူများထံမှဖြစ်သည်။ ထိုကဲ့သို့စိတ်ဝင်စားမှုပြသောအခါ ဌာနခွဲရုံးသည် “ဤပုဂ္ဂိုလ်ထံသွားရောက်လည်ပတ်ရန် အရည်အချင်းရှိကြေညာသူတစ်ဦးကို ကျေးဇူးပြု၍ စီစဉ်စေလွှတ်ပါ” ဟူ၍ခေါင်းစီးတပ်ထားသည့် အက်စ်-၇၀ ပုံစံစာရွက်ဖြင့် ဒေသခံအသင်းတော်သို့ အကြောင်းကြားပေးသည်။ အကြီးအကဲများသည် အက်စ်-၇၀ ပုံစံစာရွက်ရရှိသောအခါ စိတ်ဝင်စားသူထံ ဝီရိယရှိရှိပြန်လည်ပတ်မည့် ကြေညာသူတစ်ဦးအား ယင်းကို ချက်ချင်းပေးသင့်သည်။ ကြေညာသူသည် အိမ်တွင် ထိုသူကိုတွေ့ဖို့ခက်ပါက တယ်လီဖုန်းဖြင့်ဆက်သွယ်ရန် သို့မဟုတ် စာတိုလေးတစ်စောင်ရေး၍ လိမ္မာပါးနပ်စွာထားခဲ့ရန် ကြိုးစားနိုင်သည်။ သင်သည် ထိုကဲ့သို့လည်ပတ်မှုတစ်ခုပြုလုပ်ရန် တောင်းဆိုခံရလျှင် စိတ်ဝင်စားသူနှင့် ချက်ချင်းဆက်သွယ်ရန် ကျေးဇူးပြု၍ အစွမ်းကုန်ကြိုးစားပါ။