ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၁/၁၀ စာ. ၆-၇
  • ဘာသာတရားမရှိရင် ကမ္ဘာကြီး ပိုကောင်းလာမလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာသာတရားမရှိရင် ကမ္ဘာကြီး ပိုကောင်းလာမလား
  • နိုးလော့!—၂၀၁၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အရေးပါတဲ့ ကွဲပြားခြားနားချက်
  • ၂၀ ရာစုဘုရားငြင်းပယ်မှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ဖန်ဆင်းရှင်ဘုရားမဲ့ဝါဒ၏ဇာစ်မြစ်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ဘုရားသခင်သည် ခါနာန်လူမျိုးကို အဘယ်ကြောင့် စစ်ဆင်နွှဲခဲ့သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဖန်ဆင်းရှင် ရှိကြောင်း ယုံကြည်နိုင် ပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၀
န ၁၁/၁၀ စာ. ၆-၇

ဘာသာတရားမရှိရင် ကမ္ဘာကြီး ပိုကောင်းလာမလား

အသေခံဗုံးခွဲသမားတွေ၊ ဘာသာရေးစစ်ပွဲတွေနဲ့ အခကြေးငွေ လှည့်စားရယူတဲ့ တရားဟောဆရာတွေမရှိတော့မယ့်—ဘာသာတရားမရှိတဲ့ကမ္ဘာတစ်ခုကို ဘုရားသခင်မဲ့ဝါဒီအသစ်တွေ စိတ်ကူးယဉ်ကြည့်ကြတယ်။ အဲ့ဒီလိုမြင်ကွင်းမျိုးက သင့်အတွက်ဆွဲဆောင်မှုရှိပါသလား။

ဒီမေးခွန်းကိုမဖြေဆိုခင် သင့်ကိုယ်သင်ဒီလိုမေးကြည့်ပါ– ‘ဘုရားသခင်မဲ့ဝါဒီတွေနဲ့ပြည့်နေတဲ့ကမ္ဘာက ပိုကောင်းလာတယ်ဆိုတဲ့အထောက်အထား ရှိပါသလား။’ စဉ်းစားကြည့်ပါ– ဘုရားသခင်မဲ့ မာတ်စ်ဝါဒနိုင်ငံတစ်ခုဖြစ်လာအောင် ခမာနီတို့ရဲ့ကြိုးစားအားထုတ်မှုကြောင့် ကမ္ဘောဒီးယားလူမျိုး ၁.၅ သန်းသေဆုံးခဲ့ရတယ်။ ဒါ့အပြင် ဘုရားသခင်မဲ့ဝါဒနိုင်ငံဖြစ်တဲ့ ယခင်ဆိုဗီယက်ပြည်ထောင်စုမှာ ဂျိုးဇက် စတာလင်အုပ်ချုပ်စဉ်က လူပေါင်းဆယ်သန်း အသတ်ခံခဲ့ရတယ်။ ဒီဆိုးသွမ်းမှုတွေက ဘုရားသခင်မဲ့ဝါဒကြောင့်လို့ ယတိပြတ်ပြောလို့မရတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်မဲ့ဝါဒအုပ်ချုပ်မှုက ငြိမ်သက်စည်းလုံးမှုကိုတော့ မဆောင်ကြဉ်းပေးနိုင်ဘူးဆိုတာ ဒီဆိုးသွမ်းမှုတွေက ဖော်ပြနေတယ်။

ဘာသာတရားက ဆင်းရဲခက်ခဲမှုများစွာဖြစ်စေတယ်ဆိုတာ လူအများသဘောတူကြပါလိမ့်မယ်။ ဒါပေမဲ့ ဒါက ဘုရားသခင်ရဲ့ အမှားကြောင့်လား။ မဟုတ်ပါဘူး။ ဆဲလ်ဖုန်းအသုံးပြုတဲ့ ယာဉ်မောင်းတစ်ဦးကြောင့် ဖြစ်လာတဲ့မတော်တဆမှုအတွက် ကားထုတ်လုပ်သူမှာ အပြစ်မရှိသလို ဘုရားသခင်မှာလည်းအပြစ်မရှိဘူး။ လူသားတွေကြုံတွေ့နေရတဲ့ ဆင်းရဲခက်ခဲမှုဖြစ်ရတဲ့အကြောင်းရင်းတွေ အများကြီးရှိတယ်၊ အဲ့ဒီထဲကတစ်ခုက ယုံကြည်ချက်တွေထက် ပိုပြီးအခြေခံကျတယ်။ သမ္မာကျမ်းစာက အဲ့ဒါကို အမွေခံခဲ့ရတဲ့မစုံလင်မှုလို့ ဖော်ပြတယ်။ ‘လူအပေါင်းတို့သည် ပြစ်မှား၍ ဘုရားသခင်၏ ထည်ဝါသောအသရေကို မမီကြ။’ (ရောမ ၃:၂၃) အဲ့ဒီလို အပြစ်ဘက်တိမ်းယိမ်းတတ်မှုက တစ်ကိုယ်ကောင်းဆန်ဖို့၊ တရားလွန်မာနထောင်လွှားဖို့၊ ကိုယ်ကျင့်တရားဘက်မှာ လွတ်လပ်လိုတဲ့စိတ်ဆန္ဒနဲ့ အကြမ်းဖက်ဖို့ လှုံ့ဆော်ပေးတယ်။ (ကမ္ဘာဦး ၈:၂၁) အဲ့ဒီတိမ်းယိမ်းတတ်မှုကြောင့် အမှားကိုလျစ်လျူရှုတဲ့ ဘာသာအယူဝါဒကို သင့်လျော်တယ်လို့ လူတွေ ဆင်ခြင်လာတယ်၊ လက်ခံလာတယ်။ (ရောမ ၁:၂၄-၂၇) ‘မကောင်းသောကြံစည်ခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ မတရားမေထုန်ပြုခြင်း၊ ခိုးခြင်း၊ မှားယွင်းသောသက်သေကိုခံခြင်း၊ မြင့်မြတ်သောအရာကို စော်ကားခြင်းတို့သည် စိတ်နှလုံးထဲက ထွက်လာကြ၏’ လို့ယေရှုက မှန်ကန်စွာပြောခဲ့တယ်။—မဿဲ ၁၅:၁၉။

အရေးပါတဲ့ ကွဲပြားခြားနားချက်

ဒါကြောင့် ဘုရားသခင်လက်ခံတဲ့ စစ်မှန်တဲ့ဝတ်ပြုမှုနဲ့ မှားယွင်းတဲ့ဝတ်ပြုမှုကြား ကွဲပြားခြားနားချက်ကို သိဖို့အရေးကြီးတယ်။ စစ်မှန်တဲ့ဝတ်ပြုကိုးကွယ်မှုက အမွေရထားတဲ့ အမှားဘက်တိမ်းယိမ်းမှုကိုတိုက်လှန်ဖို့ လူတွေကိုကူညီပေးတယ်။ စစ်မှန်တဲ့ဝတ်ပြုကိုးကွယ်မှုက ကိုယ်ကျိုးစွန့်မေတ္တာ၊ ငြိမ်သက်မှု၊ ကြင်နာမှု၊ ကောင်းမြတ်မှု၊ နူးညံ့သိမ်မွေ့မှု၊ ချုပ်တည်းမှု၊ အိမ်ထောင်တွင်းသစ္စာရှိမှုနဲ့ အခြားသူတွေကို လေးစားတတ်မှုကို အားပေးတယ်။ (ဂလာတိ ၅:၂၂၊ ၂၃) တစ်ဖက်မှာတော့ မှားယွင်းတဲ့ဘာသာတရားက ယေရှုပြစ်တင်တဲ့မကောင်းတဲ့အရာတချို့ကို လျစ်လျူရှုခွင့်လွှတ်ခြင်းအားဖြင့် လူအများကြိုက်နှစ်သက်ရာ၊ ကျမ်းစာပြောထားသလို ‘လူတို့ . . . ကြားလိုရာ’ ကို လိုက်လျောပေးလိုကြတယ်။—၂ တိမောသေ ၄:၃။

မှားယွင်းတဲ့ဘာသာတရားလိုပဲ ဘုရားသခင်မဲ့ဝါဒက စာရိတ္တစံနှုန်းတွေကို အလားတူ မကွဲမပြားရှုပ်ထွေးစေပါသလား။ ‘ဘုရားသခင်မရှိဘူး’ ဆိုတာက ကျွန်တော်တို့စာရင်းရှင်းရမယ့် ဘုရားသခင့်အခွင့်အာဏာမရှိသလို “အလေးအနက်ထားလိုက်နာရမယ့် မျှတတဲ့စံနှုန်းလည်းမရှိဘူး” ဆိုတဲ့အဓိပ္ပာယ်ဖြစ်ကြောင်း ဥပဒေပါမောက္ခ ဖိလစ် ဂျွန်ဆန်က ပြောခဲ့တယ်။ ဒီလိုသာဆိုရင် စာရိတ္တစံနှုန်းက လူတစ်ဦးစီရွေးချယ်တဲ့ ကိုယ်ပိုင်စံနှုန်းတွေအပေါ်မူတည်ပြီး ဖြစ်လာလိမ့်မယ်။ ဒီလိုစဉ်းစားတွေးခေါ်ပုံကြောင့် လူတချို့အတွက် ဘုရားသခင်မဲ့ဝါဒဟာ နှစ်သက်ဖွယ်ကောင်းတဲ့ အတွေးအခေါ်ပညာတစ်ခုဖြစ်လာတယ်။—ဆာလံ ၁၄:၁။

ဒါပေမဲ့ အဖြစ်မှန်က ဘုရားသခင်မဲ့ဝါဒ (သို့) မှားယွင်းတဲ့ဘာသာတရားနဲ့ ဒါကိုမြှင့်တင်ပေးတဲ့သူတွေကို ဘုရားသခင် အမြဲသည်းခံခွင့်လွှတ်မှာမဟုတ်ဘူး။a ကိုယ်တော် ဒီလိုကတိပြုထားတယ်– “ဖြောင့်မတ်သောသူ [ကိုယ်ကျင့်တရားနဲ့ ဘာသာရေးဆိုင်ရာအမှန်တရားကို ဆည်းကပ်သူ] တို့သည် ပြည်တော်၌နေ၍ စုံလင်သောသူတို့သည် နေရာကျကြလိမ့်မည်။ အဓမ္မလူတို့မူကား ပြည်တော်မှပယ်ရှင်းခြင်း၊ လွန်ကျူးသောသူတို့သည် နုတ်ပစ်ခြင်းကိုခံရကြလိမ့်မည်။” (သု. ၂:၂၁၊ ၂၂) ရလဒ်အနေနဲ့ ဘယ်လူသား၊ ဘယ်လူ့အတွေးအခေါ်၊ ဘယ်လူ့အဖွဲ့အစည်းကမှ ဆောင်ကြဉ်းမပေးနိုင်ခဲ့တဲ့ ကမ္ဘာချီငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှု ဖြစ်ပေါ်လာပါလိမ့်မယ်။—ဟေရှာယ ၁၁:၉။

[အောက်ခြေမှတ်ချက်]

a ဆိုးသွမ်းမှုနဲ့ ဆင်းရဲခက်ခဲမှုတွေကို ဘုရားသခင် ခဏတာသည်းခံခွင့်လွှတ်ထားတဲ့ ခိုင်လုံတဲ့ကျမ်းစာရှင်းပြချက်ကို ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ ကျမ်းစာလေ့လာမှုအထောက်အကူပြု သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ် အခန်း ၁၁ မှာတွေ့နိုင်တယ်။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

ဘာသာရေးအမည်ခံပြီးကျူးလွန်တဲ့ အလွန်ဆိုးသွမ်းတဲ့လုပ်ရပ်တွေအပေါ် ဘုရားသခင့်အမြင်

ရှေးခေတ်အစ္စရေးလူမျိုးကိုပေးတဲ့နယ်မြေမှာ ခါနာန်လူမျိုးတွေ နေထိုင်ခဲ့ပြီး သူတို့တွေက ကလေးယဇ်ပူဇော်တဲ့ဓလေ့တွေအပြင် သွေးနီးချင်း ကာမဆက်ဆံတဲ့၊ ယောက်ျားချင်းမေထုန်ပြုတဲ့၊ တိရစ္ဆာန်နဲ့ဆက်ဆံတဲ့အကျင့်အပါအဝင် လိင်အကျင့်ပျက်ပြားခဲ့ကြတယ်။ (ဝတ်ပြုရာ ၁၈:၂-၂၇) “အယူမှားဝတ်ပြုသူတွေရဲ့ယဇ်ပလ္လင်တစ်ဝိုက်မှာ အရိုးပြာတွေအများကြီးနဲ့ နို့စို့ကလေးအရွယ် အရိုးစုတွေရှိတဲ့သင်္ချိုင်းကို တူးဖော်တွေ့ရှိခဲ့ပြီး ဒါက [ကလေးယဇ်ပူဇော်] တဲ့အလေ့အထ အလွန်ပျံ့နှံ့နေတာကိုပြကြောင်း” ရှေးဟောင်းသုတေသနဆိုင်ရာ စာအုပ်တစ်အုပ် (Archaeology and the Old Testament) မှာဖော်ပြထားတယ်။ ခါနာန်လူမျိုးတွေက လိင်အကျင့်ယိုယွင်းခြင်းဖြင့် သူတို့ရဲ့ဘုရားသခင်တွေကို ဝတ်ပြုကိုးကွယ်ကြပြီး သားဦးတွေကို အဲ့ဒီဘုရားသခင်တွေကိုပဲ ပူဇော်ပသကြကြောင်း ကျမ်းစာလက်စွဲစာအုပ်တစ်အုပ်ကပြောတယ်။ “ခါနာန်မြို့ရဲ့အပျက်အယွင်းတွေကိုတူးဖော်ကြတဲ့ ရှေးဟောင်းသုတေသနပညာရှင်တွေက သူတို့ကိုဘုရားသခင်ဖျက်ဆီးတာ နောက်တောင်ကျနေသေးတယ်လို့ ယူဆကြကြောင်း” အဲ့ဒီစာအုပ်ကထပ်ဖော်ပြတယ်။

ခါနာန်လူတွေကို ဘုရားသခင်ဖျက်ဆီးခြင်းက ဘုရားသခင်နာမည်နဲ့ပြုလုပ်တဲ့ဆိုးသွမ်းမှုတွေကို ကိုယ်တော်အမြဲသည်းခံနေမှာမဟုတ်ကြောင်း ယနေ့ ကျွန်တော်တို့ကို အလေးအနက်သတိပေးနေတယ်။ “လူနေရာမြေကြီးကို ဖြောင့်မတ်ခြင်းနှင့်အညီ တရားစီရင်မည့်နေ့ရက်ကို [ဘုရားသခင်] သတ်မှတ်တော်မူပြီ” လို့ တမန်တော် ၁၇:၃၁ ကပြောတယ်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဘာသာရေးသမားတွေရော၊ ဘာသာမရှိတဲ့သူတွေပါ အလွန်ဆိုးသွမ်းတဲ့ လုပ်ရပ်တွေကိုကျူးလွန်ကြ

ချာ့ချ်က ဟစ်တလာကိုထောက်ခံအားပေး

ကမ္ဘောဒီးယားနိုင်ငံ၊ ခမာနီတို့လက်ချက်ဖြင့် သေဆုံးခဲ့သူတို့ရဲ့ဦးခေါင်းခွံများ

[Credit Line]

AP Photo

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ