ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၆ အမှတ် ၁ စာ. ၁၆
  • ကင်းမွန်ငါးရဲ့ အရောင်ပြောင်းလဲနိုင်စွမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကင်းမွန်ငါးရဲ့ အရောင်ပြောင်းလဲနိုင်စွမ်း
  • နိုးလော့!—၂၀၁၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • မာတိကာ
    နိုးလော့!—၂၀၁၆
  • အရောင်တွေက သင့်အပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • မြွေအရေခွံ
    နိုးလော့!—၂၀၁၄
  • ဝင်းလက်တောက်ပတဲ့ အပြာရောင် ပိုလီယာ ဘယ်ရီသီး
    နိုးလော့!—၂၀၁၇
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၆
န၁၆ အမှတ် ၁ စာ. ၁၆
ကင်းမွန်ငါး

ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

ကင်းမွန်ငါးရဲ့ အရောင်ပြောင်းလဲနိုင်စွမ်း

ကင်းမွန်ငါးတွေက ပတ်ဝန်းကျင်နဲ့ တစ်သားတည်းဖြစ်အောင် ကိုယ်ခန္ဓာအရောင် ပြောင်းလဲနိုင်တယ်။ အဲဒီအခါ ရုတ်တရက် မြင်ဖို့ခက်တယ်။ ကင်းမွန်ငါးတွေဟာ “ကိုယ်ခန္ဓာပုံစံအမျိုးမျိုးကို လျှပ်တစ်ပြက်အတွင်း ပြောင်းလဲနိုင်စွမ်းရှိတဲ့ သတ္တဝါတစ်မျိုး” လို့ သတင်းတစ်ပုဒ်က ဖော်ပြထားတယ်။ ဘယ်လိုလုပ် ပြောင်းနိုင်ကြတာလဲ။

သုံးသပ်ကြည့်ပါ– ကင်းမွန်ငါးတွေက အရေပြားအောက်မှာရှိတဲ့ ရောင်ခြယ်ဆဲလ်တွေသုံးပြီး အရောင်ပြောင်း နိုင်တာဖြစ်တယ်။ အဲဒီဆဲလ်တွေထဲမှာ ရောင်ခြယ်အိတ်ငယ်တွေ အပြည့်ပါတယ်၊ အဲဒီအိတ်ငယ်ရဲ့ ပတ်ပတ်လည်မှာ သေးငယ်တဲ့ကြွက်သားတွေရှိတယ်။ ပတ်ဝန်းကျင်နဲ့တစ်သားတည်းဖြစ်အောင် လုပ်ဖို့လိုလာတဲ့အခါ ကင်းမွန်ငါးရဲ့ဦးနှောက်က ရောင်ခြယ်အိတ်ပတ်ပတ်လည်မှာရှိတဲ့ ကြွက်သားတွေကိုကျုံ့အောင် အချက်ပေးလိုက်တယ်။ ကြွက်သားတွေကျုံ့သွားပြီး ရောင်ခြယ်အိတ်တွေ ပြန့်ကားလာတဲ့အခါ ကင်းမွန်ငါးရဲ့ကိုယ်ခန္ဓာက အရောင်အသွေးပုံစံ ပြောင်းသွားတယ်။ ကင်းမွန်ငါးဟာ ပတ်ဝန်းကျင်နဲ့ တစ်သားတည်းဖြစ်အောင်အတွက်ပဲ အဲဒီနည်းကိုသုံးတာမဟုတ်ဘူး။ မိတ်ဖက်ကိုပိုးပန်းချိန်မှာလည်း အရောင်မျိုးစုံသုံးပြီး သွေးဆောင်တယ်။

အင်္ဂလန်နိုင်ငံ၊ ဘရစ္စတိုတက္ကသိုလ်က အင်ဂျင်နီယာတွေဟာ ကင်းမွန်ငါးအရေပြားအတုတစ်ခု တီထွင်ကြတယ်။ ကင်းမွန်ငါးရဲ့ ကြွက်သားတွေလို လုပ်ဆောင်နိုင်စွမ်းရှိတဲ့ ကိရိယာငယ်လေးတွေကြားမှာ အနက်ရောင်ရော်ဘာပြားလေးတွေ ထားတယ်။ အရေပြားအတုကို လျှပ်စစ်နဲ့တပ်ဆင်လိုက်တဲ့အခါ ကြွက်သားနဲ့တူတဲ့ကိရိယာတွေကကျုံ့သွားပြီး အနက်ရောင်ရော်ဘာပြားတွေ ပြန့်ကားလာတဲ့အတွက် အရေပြားအတုက နက်မှောင်လာတယ်။

ကင်းမွန်ငါးရဲ့ကြွက်သားတွေကို လေ့လာတဲ့အင်ဂျင်နီယာ ဂျော်နသန် ရိုစီတာ ပြောသလိုပဲ “နူးညံ့တဲ့ ဒီသတ္တဝါလေးရဲ့ တည်ဆောက်ပုံက ကောင်းလွန်းတဲ့အတွက်” စက္ကန့်ပိုင်းအတွင်းမှာပဲ အရောင်အသွေး ပုံစံမျိုးစုံပြောင်းနိုင်စွမ်းရှိတယ်။ လူတွေလည်း ပတ်ဝန်းကျင်နဲ့တစ်သားတည်းဖြစ်အောင် ဒါမှမဟုတ် ဖက်ရှင်ကျအောင် ကင်းမွန်ငါးအရေပြားနဲ့တူတဲ့ဝတ်စုံကို ဝတ်ဆင်လာနိုင်မှာပါလို့ သူ ပြောသေးတယ်။

သင်ဘယ်လိုထင်ပါသလဲ။ ကင်းမွန်ငါးရဲ့ အရောင်ပြောင်းလဲနိုင်စွမ်းဟာ သူ့အလိုလို ဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ